ရွှေမန်း

 ပို့ကုန် မတ်ပဲနှင့် ပဲစင်းငုံ မှာ ဈေးကွက်တွင် အရောင်းအဝယ်  ကောင်းနေပြီး ပြည်တွင်း ပဲ၊ နှမ်း ဈေးကွက်မှာလည်း အမြင့်ဈေး ဖြင့် အရောင်းအဝယ်သွက်နေ ကြောင်း ပဲ၊ နှမ်း ကုန်သည်များ ထံမှ သိရသည်။

ဒီဇင်ဘာ လကုန်ရက်များ တွင် တရုတ်နိုင်ငံမှ အဝင်ကုန် များ ရှိလာတာနှင့်အတူ ကနေဒါ စားတော်ပဲ ဈေးကျလာပြီး ပို့ကုန် ပဲတီစိမ်းမှာ ဈေးကျဆင်းနေရာမှ ပြန်လည်ဈေးမြင့်တက်လာခြင်း ဖြစ်သည်။ ပဲမျိုးစုံဈေးကွက်မှာ နှစ်ဆန်းပိုင်းမှ ဈေးကွက်စုံလင် အရောင်းအဝယ်ကောင်းလာမည် ဖြစ်ကြောင်း ကုန်သည်များက သုံးသပ်ထားသည်။

လာမည့်နှစ်ဆန်းပိုင်းမှ အသစ်ဝင် ပဲများဖြင့် ပဲနှမ်းဈေး ကွက်မှာ စုံစုံလင်လင် ဈေးကွက် ကောင်းလာမည့်အခြေအနေဖြစ် ကြောင်း၊ လက်ရှိမှာ အသစ်ဝင် ပဲစင်းငုံနှင့် မတ်ပဲ၊ ပဲတီစိမ်း ဈေးကွက်တွင် ခပ်သွက်သွက် အရောင်းအဝယ်ဖြစ်နေသော်လည်း ဈေးနှုန်းတည်ငြိမ်မှုမရှိကြောင်း၊  နှမ်းမျိုးစုံနှင့် ဈေးကွက်မှာ ပြည်ပ တင်ပို့မှုမရှိသေးသဖြင့် ပြည်တွင်း ဈေးကွက်တွင်သာ ပုံမှန်အရောင်း အဝယ်ဖြစ်နေကြောင်း၊ နှစ်ကုန် ပိုင်းရောက်လာတာကြောင့် လက် ကျန်နည်းလာသည့် ပြည်တွင်း ကုလားပဲဈေးကွက် တစ်အိတ် လျှင် ငွေကျပ် ၅၀၀၀ မှ ၇၀၀၀ ခန့်အထိ ဈေးမြင့်တက်လာသော် လည်း အရောင်းအဝယ်ပမာဏ နည်းနည်းသာရှိကြောင်း ရွှေစင် သိန်း ပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။

“ ပြည်တွင်းသုံးကုလားပဲ တွေ နှစ်ကုန်လက်ကျန်နည်းလာ တော့ ဈေးမြင့်တက်လာပါတယ်။ကုလားပဲအမျိုးအစားအလိုက် တစ်အိတ် ငွေကျပ် ၅၀၀၀ ခန့် ဈေးမြင့်တက်လာတာပါ။ ပဲစင်းငုံ တစ်အိတ်ငွေကျပ်  ၃၁၅၀၀၀ ထိ ဈေးမြင့်တက်လာပါပေမယ့် မတ် ပဲဈေးကတော့ ယခင်သီတင်း ပတ်ထက် ဈေးကျဆင်းသွားပါ တယ်။ ဈေးကွက်ကျဆင်းနေတဲ့ ပဲတီစိမ်းကတော့ ဈေးပြန်ကောင်း လာပါတယ်။ ပဲတီစိမ်းဈေးက အနိမ့်ဈေးဆိုတော့ လှောင်လက် သမား ဈေးကြိုက်လို့ အဝယ် ကောင်း ဈေးမြင့်တက်လာတာ တစ်အိတ် ငွေကျပ် ၁၉၀၀၀၀ ဖြစ်လာပါတယ်။ နှမ်းမျိုးစုံနဲ့ မြေပဲဈေးကတော့ ပုံမှန်သာရှိနေ ပါတယ်။ ကနေဒါစားတော်ပဲက တော့ တရုတ်လမ်းကြောင်းတွေ အဝင်ရှိလာလို့ ဈေးကျဆင်းသွား ပါတယ်။ ပဲ၊ နှမ်းဈေးကွက် တစ်ခုလုံးမှာ လာမည့်နှစ်သစ်မှာ သာ အဝင်စုံစုံလင်လင်ဖြင့် ဈေး ကွက်ကောင်းလာနိုင်ပါမယ်´´ ဟု ၎င်းက ပြောသည်။

 ဒီဇင်ဘာ ၂၈ ရက်တွင် မတ်ပဲ ပိဿာ ၆၀ တစ်အိတ်လျှင်  ငွေကျပ် ၂၈၀၀၀၀ ၊ ပဲစင်းငုံ ပိဿာ ၆၀ သုံးတင်း တစ်အိတ် လျှင် ငွေကျပ် ၃၁၅၀၀၀ ပေါက် ဈေးရှိနေသည်၊၊ ပဲတီစိမ်းအညာ  ၅၆ ဒသမ ၂၅ ပိဿာ တစ်အိတ် လျှင်  ငွေကျပ် ၁၈၀၀၀၀ ပေါက် ဈေးဖြင့် ဈေးမြင့်တက်လာသည်။

 ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ပုံမှန်ဈေးသာရှိနေပြီး ဒီဇင်ဘာ ၂၈ ရက်တွင် ကုလားပဲ V2တစ်အိတ်လျှင် ငွေကျပ် ၂၈၇၀၀၀၊ V7  တစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၇၀၀၀၀၊ ၉၂၉  ကုလားပဲ တစ် အိတ်လျှင်  ငွေကျပ်  ၂၇၅၀၀၀ ပေါက်ဈေးဖြင့် ဈေးမြင့်တက် လာသည်။

ပြည်တွင်းသုံး ပဲမာလိုင်း  များမှာ ပဲကြီးတစ်အိတ်လျှင် ငွေ ကျပ် ၄၂၈၅၀၀၊ ပဲထောပတ်တစ် အိတ်လျှင် ငွေကျပ် ၄၄၀၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေ ကျပ် ၃၄၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊  ကနေဒါစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၇၅၀၀၀၊ မြေပဲအနီလုံး ဆန်(မြင်းမူ) တစ်ပိဿာလျှင် ငွေကျပ် ၆၉၀၀-၇၀၀၀ ပေါက် ဈေး မြင့်တက်လာသည်။

ဒီဇင်ဘာ ၂၈ ရက်တွင် နှမ်း ဖြူ(ဂျပန်) ၄၅ ပိဿာ တစ်အိတ် လျှင် ငွေကျပ် ၃၆၀၀၀၀၊ နှမ်းညို (သစ်)တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀၊ နှမ်းနက်စမုန်တစ်အိတ် လျှင် ငွေကျပ် ၃၅၀၀၀၀  ပေါက် ဈေးအထိ ဈေးမြင့်တက်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.