ပို့ကုန် ပဲ၊ နှမ်းများ အမြင့်ဈေးအတိုင်း တည်ငြိမ်နေသော်လည်း ပဲစင်းငုံမှာ ကြိုရောင်းဈေးကွက်တွင် အရောင်းအဝယ်သွက်နေ

ရွှေမန်း

 ပို့ကုန်ပဲ၊နှင့် နှမ်းဈေးကွက် မှာ အမြင့်ဈေးအတိုင်း တည်ငြိမ် နေပြီး ပဲစင်းငုံမှာ ကြိုရောင်းကြို ဝယ်ဈေးကွက်မှာ အရောင်းအဝယ် သွက်နေကြောင်း ပဲ၊ နှမ်း ကုန် သည်များထံက သိရသည်။
ပဲနှမ်းဈေးကွက်အတွင်း အသစ်ဝင်ရောက်မှုမရှိသေးသည့် ဒီဇင်ဘာလအတွင်း ပဲ၊နှမ်းဈေး ကွက် အရောင်းအဝယ်အေးသည့် ကာလဖြစ်သလို ပဲသစ်ရာအတွက် ကြိုရောင်း၊ ကြိုဝယ်ဈေးကွက်ဖြင့် ခပ်အေးအေး အရောင်းအဝယ်ဖြစ် နေခြင်းဖြစ်ပြီး ပို့ကုန်ပဲစင်းငုံမှာ သုံးတင်းဝင် တစ်အိတ်ငွေကျပ်  ၂၉၀၀၀၀ ထိ ဈေးကောင်းနေခြင်း ဖြစ်သည်။

 ပို့ကုန်မူဝါဒအပြောင်းအလဲ ကြောင့် ပို့ကုန်ပဲများ အပါအဝင် ဈေးမြင့်တက်လာသည့် ပဲ၊ နှမ်း ဈေးကွက်မှာ စက်သုံးဆီ အခက် အခဲကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်အေးသွားကြောင်း၊ နိုင်ငံခြားငွေလဲနှုန်းမှာလည်း တည် ငြိမ်နေတာကြောင့် ဈေးကွက် အတွက် ပဲ၊နှမ်းဈေးနှုန်းများလည်း တည်ငြိမ်နေကြောင်း၊ တရုတ် နိုင်ငံသို့ တင်ပို့နေသည့် လမ်း ကြောင်းမှာလည်း သယ်ယူစရိတ် ကြီးမြင့်တာကြောင့် ကုန်သည်များ စောင့်ကြည့် ဝယ်ယူနေခြင်းကြောင့် အရောင်းအဝယ်အေးခြင်း ဖြစ် ကြောင်း   ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။

“`ပို့ကုန်မူဝါဒ အပြောင်း အလဲဖြစ်ပေါ်ပြီးနောက်ပိုင်း ဈေး မြင့်တက်လာသည့် ပဲ၊နှမ်းဈေး ကွက်မှာ ဆက်လက်ဈေးမြင့်နိုင် ခြင်းမရှိ ဈေးတည်ငြိမ်နေပါတယ်။ငွေဈေးလည်းငြိမ်နေသလို ပို့ကုန် ပဲ၊ ပြည်တွင်းပဲတွေလည်း ပုံမှန် သာ အရောင်းအဝယ်ဖြစ်နေပါ တယ်။တရုတ်ကဝင်တဲ့ ကနေဒါ  စားတော်ပဲကတော့ ဈေးအနည်း ငယ်တက်ပါတယ်။ ပဲစင်းငုံနီက တော့ ဈေးကွက်ထဲ ပစ္စည်း မရောက်သေးပေမယ့် ကြိုရောင်း ဈေးကွက်မှာ ဈေးဆက်လက် မြင့်တက်လာပါတယ်။ ယခင် သီတင်းပတ်ထက် သုံးတင်းဝင်  တစ်အိတ်ကို ငွေကျပ် ၂၀၀၀၀ လောက် ဈေးတက် အရောင်း အဝယ်ကောင်းနေပါတယ်။ မြေပဲ ဆန်ကတော့ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခြင်းမရှိသလို ဈေးကွက် အတွင်း အဝင်များလာတော့ ဆီစက်ပိုင်တွေ ထိန်းဝယ်နေပါ တယ်´´´ ဟု  ၎င်းက ပြောသည်။

ဒီဇင်ဘာ ၁၄ ရက် ပေါက် ဈေးများမှာ သုံးတင်းဝင် မတ်ပဲ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေ ကျပ် ၂၇၅၀၀၀ ပေါက်ဈေးသာ ရှိတော့ပြီး  ပဲစင်းငုံမှာ ဈေးကွက် အတွင်း ဝင်ရောက်ခြင်း မရှိသေး သော်လည်း နယ်ကြိုရောင်း၊ ကြိုဝယ် ဈေးကွက်မှာ သုံးတင်း တစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀ ပေါက်ဈေးရှိနေသည်၊၊ ပဲတီစိမ်း အညာ  ၅၆ ဒသမ ၂၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၁၆၈၀၀၀ ပေါက်ဈေးဖြင့် ဈေးမြင့်တက်နေ သည်။

 ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ပုံမှန်ဈေးသာရှိနေပြီး ဒီဇင်ဘာ ၁၄ ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀၊ V7 တစ်အိတ်လျှင် ငွေကျပ် ၂၇၅၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀၊ ၉၂၉  ကုလားပဲ တစ် အိတ်လျှင်  ငွေကျပ်  ၂၆၅၀၀၀ ပေါက်ဈေးဖြင့် ဈေးတည်ငြိမ်နေ သည်။

ပြည်တွင်းသုံး ပဲမာလိုင်း  များမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၄၂၈၅၀၀၊ ပဲထောပတ် တစ်အိတ်လျှင် ငွေကျပ် ၄၅၀၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊ ကျွန်းစား တော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊  ကနေဒါစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၈၅၀၀၀၊ မြေပဲအနီလုံးဆန်(မြင်းမူ) တစ် ပိဿာလျှင် ငွေကျပ် ၆၄၀၀-၆၅၀၀ ပေါက်ဈေးမြင့်တက်လာ သည်။

နှမ်းမျိုးစုံဈေးကွက်မှာ ပို့ကုန် ငွေလဲနှုန်းမြင့်တက်လာတာနှင့် အတူ  နှမ်းမျိုးစုံ ဈေးမြင့်တက် လာရာ ဒီဇင်ဘာ ၁၄ ရက်တွင် နှမ်းဖြူ(ရိုးရိုး) ၄၅ ပိဿာ တစ် အိတ်လျှင် ငွေကျပ် ၃၆၅၀၀၀၊ နှမ်းညို(သစ်)တစ်အိတ်လျှင် ငွေ ကျပ် ၂၇၅၀၀၀၊  နှမ်းနက်စမုန် တစ်အိတ်လျှင် ငွေကျပ် ၃၆၀၀၀၀  ပေါက်ဈေးအထိ ဈေးမြင့်တက် ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.