ပို့ကုန် ပဲ၊ နှမ်းများအား ကုန်သွယ်ရေးမူဝါဒကို အပြောင်းအလဲမပြုလုပ်ဘဲ ဆက်လက်ထားရှိပါက ဈေးကွက်ကောင်းလာမည်မဟုတ်ဟု ဆို

ရွှေမန်း

ပို့ကုန်ပဲ၊ နှမ်းများအား ကုန် သွယ်ရေးမူဝါဒကို အပြောင်းအလဲ မပြုလုပ်ဘဲ ဆက်လက်ထားရှိပါ က ဈေးကွက်ကောင်းလာစရာမရှိ ကြောင်း ပဲ၊ နှမ်း ကုန်သည်များ ထံက သိရသည်။

ပဲ၊ နှမ်းဈေးကွက်မှာ ဒေါ်လာ ဖြင့်သာ တင်ပို့ရောင်းချရန် သတ် မှတ်ထားရှိခဲ့ပြီးနောက် ပဲ၊ နှမ်းဈေး ကွက်မှာ ဒေါ်လာဈေး အတက် အကျပေါ်မှီတည်ပြီး အရောင်းအဝယ် ပြုလုပ်လာခဲ့တာကြောင့် ပဲ၊ နှမ်း ဈေးကွက်မှာ အရောင်းအဝယ်အေး သွားခဲ့ပြီး ကုန်ပို့ ပဲ၊ နှမ်းများ ဈေးကျဆင်းနေခြင်းသည်။ သို့ဖြစ် ၍ ပို့ကုန်မူဝါဒ ပြောင်းလဲရန် လိုအပ်ကြောင်း ပဲကုန်သည်များက သုံးသပ်ထားသည်။

ယခင်သီတင်းပတ်က ဈေး အေးနေသည့် ပို့ကုန်ပဲနှင့် ကုလား ပဲအုပ်စုမှာ ဈေးအနည်း ပြန်လည် မြင့်တက်လာသလို အသစ်ဝင် မြေပဲ ဆန်များမှာလည်း ဈေးမြင့်တက်နေ ကြောင်း၊ တရုတ်လိုင်းတင်ပို့မှု အဆင်မပြေတာကြောင့် နှမ်းမျိုးစုံ ဈေးကွက်ကျဆင်းနေကြောင်း ဒေါ်လာငွေ ဈေးတည်ငြိမ်နေတာ ကြောင့်လည်း ပဲ၊ နှမ်းဈေးကွက် တစ်ခုလုံး အရောင်းအဝယ်အေးဆဲ ဖြစ်ကြောင်း၊ ကုလားပဲ အုပ်စုတစ်ခု သာ လှောင်လက်သမားများ ထုတ် ရောင်းလာတာကြောင့် ဈေးမာမာ နှင့် အရောင်းအဝယ်ကောင်းနေ ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်း ပွဲရုံ)က ပြောသည်။

“ ပဲဈေးကွက်မှာတော့ ကုလား ပဲအုပ်စုတစ်ခုပဲ ဈေးမာမာနဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။ ဗွီတူးကုလားပဲတစ်အိတ် ငွေကျပ် ၁၉၀၀၀၀၊ ထိုင်ဝမ်ကုလား ပဲက တစ်အိတ် ငွေကျပ် ၁၇၅၀၀၀ လောက်နဲ့ လှောင်လက်သမား အရောင်းလေးတွေရှိနေတာပါ။ မြေပဲဆန်ဈေးကမတက်ဘဲ အသစ် ဝင်တွေရှိသလောက် အဝယ်သွက် နေပေမယ့် နှမ်းဈေးကတော့ တစ် အိတ်ငွေကျပ် သုံးသိန်းအောက် ကျဆင်းသွားပါတယ်။ ပို့ကုန်ပဲတွေ ကလည်း ခပ်အေးအေးနဲ့ ဈေးတက် မလာသေးဘူး။ ငွေဈေးတည်ငြိမ်နေ တော့ အရောင်းအဝယ်အေးနေတဲ့ သဘောပါ။ ကထိန်ရာသီရောက် လာတော့ ကုန်စည်ဒိုင်မှာလည်း လူပါးနေတယ်။ ပို့ကုန်ပဲတွေအပေါ် ထားရှိတဲ့ ကုန်သွယ်မှု မူဝါဒ မပြောင်းလဲရင် ဈေးကွက်က ထူးခြား စရာမရှိပါဘူး´´ ဟု ၎င်းက ပြော သည်။

မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ

ပို့ကုန်မတ်ပဲ၊ ပဲစင်းငုံပေါက် ဈေးမှာ ဒေါ်လာဈေး တည်ငြိမ်နေ တာကြောင့် ခပ်အေးအေးရှိနေ သော်လည်း ယခင်သီတင်းပတ် ထက် တစ်အိတ်ငွေကျပ် ၂၀၀၀-၅၀၀၀ ကြား ဈေးမြင့်တက်လာရာ အောက်တိုဘာ ၂၀ ရက်တွင် မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၁၈၅၀၀၀၊ ပဲစင်းငုံ တစ်အိတ်လျှင် ငွေကျပ် ၁၈၇၀၀၀ သာ ပေါက် ဈေးရှိနေသည်။ ပဲတီစိမ်း အညာမှာ ထိပ်စ သုံးတင်းဝင်တစ်အိတ် ငွေ ကျပ် ၁၄၅၀၀၀ ပေါက်ဈေးရှိပြီး အရောင်းအဝယ် ပြန်အေးဆဲဖြစ် သည်။

မြေပဲ

ယခုသီတင်းပတ်မှာ မြေပဲ ဆန်ဈေးအနည်းငယ် မြင့်တက်လာ ပြီး အသစ်ဝင်သလောက် အရောင်း အဝယ်သွက်နေရာ S1 လုံးဆန် များမှာ တစ်ပိဿာလျှင် ငွေကျပ် ၅၈၀၀ ၊ အနီလုံးဆန် တစ်ပိဿာ လျှင် ငွေကျပ် ၆၂၀၀ အထိ တစ် ပိဿာ ငွေကျပ် ၅၀၀ ခန့် ပြန်လည် မြင့်တက်လာသည်။ မြေပဲဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀၀၊ နှမ်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၁၀၀၀၊ စားအုန်းဆီ တစ်ပိဿာ လျှင် ငွေကျပ် ၆၅၀၀ အထိ ကျ ဆင်းသွားကြောင်း သိရသည်။

ပြည်တွင်း ဒေါ်လာဈေးတည် ငြိမ်မှုနှင့်အတူ ပို့ကုန်ပဲများ အဝယ် အေးနေပြီး ကုလားပဲအုပ်စုသာ အရောင်းအဝယ်ကောင်းနေရာ အောက်တိုဘာ ၂၀ ရက်တွင် ကုလားပဲ V2တစ်အိတ်လျှင် ငွေကျပ် ၁၉၀၀၀၀၊ ပဲယင်း တစ်အိတ်လျှင် ငွေကျပ် ၁၃၈၀၀၀၊ ပဲကြီး တစ်အိတ်လျှင် ငွေကျပ် ၂၃၅၀၀၀၊ ပဲထော ပတ်တစ်အိတ် လျှင် ငွေကျပ် ၁၆၅၀၀၀၊ စွန်တာ ပြာ တစ်အိတ်လျှင် ငွေကျပ် ၁၅၀၀၀၀၊ မြေထောက်ပဲတစ် အိတ်လျှင် ငွေကျပ် ၂၄၀၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၈၀၀၀၀ ပေါက်ဈေး ဖြစ်နေသည်။

Leave a Reply

Your email address will not be published.