ရွှေမန်း

ပဲသစ်ရာသီအသစ်ဝင်ပဲများ ရောက်ရှိချိန်တွင် ပို့ကုန်သမား နှင့်ပြည်တွင်း လှောင်လက်သမား အဝယ်ဆုံနေသောကြောင့် မြေ ထောက်ပဲနှင့် ပို့ကုန်ပဲများ ဈေး ကွက် အကောင်းဆုံးဖြစ်နေ ပဲ၊ နှမ်းကုန်သည်များထံမှ သိရသည်။

ပြည်တွင်းဒေါ်လာဈေးတည် ငြိမ်နေတာကြောင့် ပို့ကုန်ပဲများ ဈေးလှုပ်လှုပ်ရှားရှားမရှိသော်လည်း ပဲစင်းငုံမှာ ဈေးကောင်း အဝယ် လိုက်နေသည်။ နှမ်းအုပ်စု ဈေးငြိမ် နေရာမှာ သုံးတင်းတစ်အိတ် ငွေ ကျပ် ၃၀၀၀၀၀ နီးပါးဈေးတက် လာသည်။ ပြည်တွင်းလက်ကျန် ရှိနေသည့် ကုလားပဲအပါအဝင် ပဲမာလိုင်းအချို့ ဈေးကျဆင်းနေ သော်လည်း လက်ကျန်မရှိတော့ သည့် ပဲများ ဈေးကောင်းရရှိ နေကြောင်း သိရသည်။

ပြည်တွင်းသုံးကုလားပဲများ အသစ်ဝင်ရောက်တာကြောင့် ဈေး အနည်းငယ်ကျဆင်းသွားပြီး ပဲမာ လိုင်းအချို့ လက်ကျန်ရှိများနေ သည့်အတွက် ဈေးအမြင့်မရရှိသေး ကြောင်း၊ အသစ်ဝင်ပဲများတွင် မြေထောက်ပဲမှာ ဈေးအကောင်း ဆုံးဖြစ်ပြီး ပဲယင်း၊ ပဲကြီး၊ စွန်တာ ပြာပဲများလည်း ဈေးကောင်းရရှိ လာကြောင်း၊ လက်ကျန်ရှိနေ သည့် ပဲမာလိုင်းများ အသစ်ဈေး အဟောင်းဖြင့် ရောင်းဝယ်နေသော် လည်း အသစ်ဝင်ပဲအများစု ဈေး ကောင်းရရှိနေကြောင်း ဦးကျော် သွင်(ရွှေစင်သိန်းပွဲရုံ)က ပြော သည်။

“ကုလားပဲအုပ်စုကနယ်တွေ မှာ အသစ်ပေါ်နေသလို မကြာခင် မန္တလေးဈေးကွက်ကိုရောက်ရှိလာ ပါမယ်။ကုလားပဲပေါက်ဈေးလည်း အမြင့်ကနေ ပြန်ကျဆင်းလာပါ တယ်။ အသစ်ဝင်ပို့ကုန်ပဲတွေမှာ ပဲစင်းငုံဈေးက ပိုကောင်းနေပါ တယ်။ မတ်ပဲကတော့ လှောင် လက်တွေနဲ့ ပို့ကုန်သမားအဝယ်ဆုံ နေပါတယ်၊၊ ပဲတီစိမ်းလည်း အဝယ် ကောင်းနေပါတယ်။ အသစ်ဝင် ပဲတွေထဲမှာ ဈေးအကောင်းဆုံး ကတော့ မြေထောက်ပဲပါ။သုံး တင်းဝင် တစ်အိတ် ငွေကျပ် ၂၁၀၀၀၀ လောက်က စဝင်တာက နေ ဇန်နဝါရီ ၁၁ ရက်မှာ တစ်အိတ် ငွေကျပ် ၂၄၅၀၀၀ ထိ ပေါက်ဈေး ရှိလာပါတယ်။ နှမ်းဖြူ ဈေး ကတော့ ဒီရက်ပိုင်း တစ်အိတ် ငွေကျပ် ၂၈၀၀၀၀ ထိ ဈေးပြန် မြင့်တက်လာပါတယ်။ပြည်တွင်း သုံး ပဲမာလိုင်းကတော့ အသစ်တွေ ဝင်လာတော့ ဈေးမတက်နိုင်တော့ ပါဘူး။ ပဲ၊ နှမ်းဈေးကွက်တစ်ခု လုံးမှာ ဇန်နဝါရီလကုန်ပိုင်းဆိုင် ရင် အကုန်ဈေးကွက်ဝင်လာပါပြီ။ လက်ရှိမှာတော့ အဟောင်းဈေး၊ အသစ်ဈေး ဖြစ်နေပါတယ်၊၊ပို့ကုန် ပဲတွေကတော့ ဒေါ်လာဈေးငြိမ် နေတော့ လှောင်လက်တွေ အဝယ် ကောင်းနေပါတယ်၊၊ တောင်သူတွေ အနေနဲ့တော့ ဒီနှစ် ပဲပေါက်ဈေး တွေက ဈေးကောင်းရတယ်လို့ ပြောလို့ရပါတယ်။ ပြည်တွင်းသုံး ပဲမာလိုင်းကတော့ အဟောင်းကျန် နေတော့ ဈေးထူးထူးခြားခြား တက်စရာ မရှိသေးပါဘူး´´ ဟု ၎င်းက ပြောသည်။

မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း

ပို့ကုန် မတ်ပဲ၊ပဲစင်းငုံ၊ ပဲတီ စိမ်းဝယ်လိုအားတော့ ပို့ကုန်သမား၊ ပြည်တွင်းလှောင်လက်သမား အဝယ် ဆုံနေတော့ အရောင်းအဝယ်သွက် နေရာ ဇန်နဝါရီ ၁၁ ရက်တွင် မတ်ပဲသုံးတင်းဝင်တစ်အိတ် ငွေ ကျပ် ၁၆၁၀၀၀၊ ပဲစင်းငုံတစ်အိတ် ငွေကျပ် ၁၆၆၀၀၀၊ ပဲတီစိမ်း အညာမှာ ထိပ်စသုံးတင်းဝင်တစ် အိတ်လျှင် ငွေကျပ် ၁၄၅၀၀၀ ပေါက်ဈေးရှိသည်။

နှမ်း၊ မြေပဲ

နှမ်းဈေးကွက်ဈေးကျဆင်းနေ ရာမှ ပြန်လည်ကောင်းမွန်လာရာ နှမ်းဖြူ ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀ ထိ ပေါက်ဈေး ဖြစ်လာပြီး နှမ်းနက်မှာ တစ်အိတ် ငွေကျပ် ၂၇၆၀၀၀ ပေါက်ဈေးရှိ နေသည်။ မြေပဲအနီလုံးဆန် တစ် ပိဿာ ငွေကျပ် ၆၅၀၀-၆၆၀၀၊ ဆီဆန်တစ်ပိဿာ ငွေကျပ် ၅၂၀၀ ပေါက်ဈေးထိ ပြန်လည်မြင့်တက် လာသည်။

ပြည်တွင်းသုံးကုလားပဲအုပ်စု နှင့် ပဲမာလိုင်းများမှာ အသစ်ဝင် ပဲများ နယ်ဈေးကွက်တွင် ထွက်ရှိ လာပြီး မန္တလေးဈေးကွက်တွင် အဟောင်းဈေးအနည်းငယ်ကျဆင်း သွားရာ ကုလားပဲ V2 တစ်အိတ် လျှင် ငွေကျပ် ၁၉၈၀၀၀၊ ပဲယင်း ကြီး(သစ်)တစ်အိတ်လျှင် ငွေကျပ် ၁၃၅၀၀၀၊ ပဲကြီး(သစ်)တစ်အိတ် လျှင် ငွေကျပ် ၂၇၀၀၀၀၊ ပဲထောပတ် တစ်အိတ်လျှင် ငွေကျပ် ၁၇၀၀၀၀၊ စွန်တာပြာ တစ်အိတ်လျှင် ငွေကျပ် ၁၃၀၀၀၀၊ မြေထောက်ပဲတစ်အိတ် လျှင် ငွေကျပ် ၂၄၅၀၀၀၊ ကျွန်းစား တော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀ ပေါက်ဈေးဖြစ်သည်။ အသစ်ဝင် ပဲများတွင် မြေထောက်ပဲ မှာ ပို့ကုန်သမားများ အဝယ်လိုက် နေတာကြောင့် ဈေးအကောင်းဆုံး ပဲဖြစ်လာသည်။

Leave a Reply

Your email address will not be published.