ပို့ကုန်ရငွေ ဒေါ်လာအပေါ် တစ်ရက်အတွင်း ကျပ်ငွေ ၁၈၅၀ ကျပ် အဖြစ်ပြောင်းလဲရောင်းချရမည်ဖြစ်တာကြောင့် နယ်ပွဲရုံတွေမှာ ပြောင်းဈေးအနည်းငယ်ကျဆင်းသွားနိုင်

ရွှေမန်း

ဗဟိုဘဏ်၏ ပို့ကုန်ရငွေ ဒေါ်လာအပေါ် တစ်ရက်အတွင်း ကျပ်ငွေ ၁၈၅၀ ကျပ် အဖြစ် ပြောင်းလဲရောင်းချရမည်ဟု သက်မှတ်လိုက်တာကြောင့် နယ်ပွဲရုံတွေမှာ ပြောင်း ဈေး အနည်း ငယ်ကျဆင်းသွားနိုင် သိရသည်။

ပို့ကုန်ရငွေအပါ်ပြောင်းလဲသက်မှတ်လိုက်သည့် ဗဟိုဘဏ်၏ သက်မှတ်ချက်ကြောင့် ပို့ကုန်ပြောင်းလုပ်ငန်းရှင်တွေအပေါ်သက်ရောက်မှုနည်းပြီး နယ်ပွဲရုံတွေမှာတော့ ပြောင်း ဝယ်ဈေးအနည်းငယ်ကျဆင်းသွားနိုင်ကြောင်း လက်ရှိမှာ FOB ပြောင်းပေါက်ဈေး တစ်တန် ၃၄၅ ဒေါ်လာ ဖြင့် ဈေးမြင့်တက်လာကြောင်း လက်ရှိအခြေအနေအရ နောက်ပိုင်းမှာ ပြောင်းဈေး အနည်းငယ်ကျဆင်းလာနိုင်ကြောင်း မြန်မာနိုင်ငံပြောင်း စိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများအသင်း အထွေထွေအတွင်းရေးမှူး ဦးတိုးတက်နိုင် ကပြောသည်.။

“ပို့ကုန်ရငွေ ဒေါ်လာအပေါ် တစ်ရက်အတွင်း ကျပ်ငွေ ၁၈၅၀ ကျပ် အဖြစ်ပြောင်း လဲရောင်းချရမည်ဆိုတော့ ပြောင်းဈေး အနည်းငယ်ကျဆင်း သွားမယ်။ တောင်သူတွေကတော့ ပြောင်းဈေးဘာလို့ကျလဲ သိကြမှာမဟုတ်ဘူး။ ဒီလိုပို့ကုန်ရငွေ ပေါ်သက်မှတ်တယ်ဆိုပေမယ့် ငွေလဲ ကောင်တာပေါက်ဈေး ထက်ပိုမိုသက်မှတ် ပေးထား တာပါ။ လက်ရှိမှာ အပြင်ပေါက်ဈေးနဲ့ ချိန်ရောင်းတာမျိုးဆိုတော့ ပို့ကုန်သမား တွေ အတွက် အများကြီးထိခိုက်စရာမရှိပါဘူး။ ဧပြီ ၄ ရက်နေ့မှာတော့ FOB ပြောင်းတစ်တန် အမေရိကန် ဒေါ်လာ ၃၄၅ ပေါက်ဈေးရှိပါတယ်။လောလောဆယ် သင်္ကြန်ပြီးသည်ထိတော့ ပြောင်းဝယ်ဈေးကျဆင်းနိုင်ပါတယ်။ ” ဟု၎င်းကပြောသည်။

ပြောင်းအပါအဝငင်ပဲပြောင်းနှမ်း ပို့ကုန်သမားများအနေဖြင့် ပို့ကုန်များကို ကြိုတင်ဝယ်ယူစုဆောင်း တင်ပို့ရသည့် ပို့ကုန်အမျိုးအစားဖြစ်တာကြောင့်ကုန်ကြမ်းဝယ်ယူစဉ်ကတည်းက ပြင်ပ ဒေါ်လာပေါက်ဈေးကို ချိန်ညှိဝယ် ယူတင်ပို့ကြတာမျိုးဖြစ်တာကြောင့်လက်ရှိမှာ ဗဟိုဘဏ်၏ သက်မှတ် တစ် ဒေါ်လာ ကျပ် ၁၈၅၀ မှာ ပို့ကုန်သမားများအတွက် အခက်အခဲဖြစ်နေကြောင်း ကုန်သည် အများ စုက ဆိုသည်။

“ပြောင်းတင်ပို့သူများအနေဖြင့် ကုန်ကြမ်းကို အမေရိကန်ဒေါ်လာ တန်ဖိုး တစ်ဒေါ်လာ ကျပ် ၂၀၅၀ နှုန်းခန့်ဖြင့် တွက်ချက် ဝယ်ယူတင်ပို့ခဲ့တာပါ။ ပြောင်းတင်ပို့ရောင်ချမှု က ပြသနာမဟုတ်သော်လည်း ပြန်ဝင်လာသည့် ပို့ကုန်ရငွေ အပေါ် တစ်ဒေါ်လာ ၁၈၅၀ ကျပ်သက်မှတ်လိုက်တာက ဆုံးရှုံးမှုဖြစ်စေတာပါ။ နောက် အကြိမ်တွေမှာ တင်ပို့ဖို့ခက်ခဲသွားစေပါတယ်။ဒီပုံစံအတိုင်းဆိုရင်တော့ ပြောင်းမှ မဟုတ်ဘူး ပို့ကုန်သမား အားလုံးအပေါ်ထိခိုက်မှုရှိပါတယ်”ဟု မန္တလေးပြောင်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

လက်ရှိမှာ မြန်မာနိုင်ငံ၏ ပြောင်းစိုက်ပျိုးရိတ်သိမ်းပြီးစီးမှုအနေဖြင့် ၅၀-၆၀ ရာခိုင်နှုန်းကျော် ရိတ်သိမ်းပြီး သင်္ကြန်ကာလ အကျော် ဧပြီ လကုန်ပိုင်းတွင် ၈၀ရာခိုင်နှုန်းလောက်ရိတ်သိမ်းပြီး နောက်ကျစိုက်ပြောင်းစိုက်ခင်းတွေမှာ ၅လပိုင်းကုန် တွင် တောင်သူတွေဆီမှာ အားလုံးရိတ်သိမ်းပြီးဖြစ်ကြောင်း နှင့် ပြောင်းလက်ကျန်မှာ တောင်သူ/ကုန်သည်များထံတွင် ဇူလိုင်၊သြဂုတ်၊စက်တင်ဘာထိ ပြောင်းအရောင်း အဝယ်ရှိနေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံပြောင်းအသင်း အတွင်းရေးမှူး ဦးသန့်စင်ထွန်း ထံမှ သိရသည်။

ဧပြီလ ၆ ရက်နေ့တွင် မန္တလေးကုန်စည်ဒိုင်ပြောင်းပေါက်ဈေးမှာ ၄၅ပိသာသုံးတင်း ဝင်တစ်အိတ် လျှင် ဗမာပြောင်း ၄၉၀၀၀ကျပ် နှင့်ရှမ်းပြောင်း ၅၀၀၀၀ ကျပ်ပေါက် ဈေးရှိရာ ယခင်သီးတင်းပတ်ထက်ပြောင်းဈေးမြင့်တက်လျှက်ရှိသည်။

လက်ရှိအချိန်တွင် ပြောင်းကို ပြည်တွင်းအစာစက်ရုံများမှဝယ်ယူခြင်း ၊မြဝတီနယ်စပ်ဂိတ်မှတင်ပို့ခြင်း ၊ပင်လယ်ရေကြောင်းမှ တင်ပို့ရောင်းချခြင်းများကြောင့် ပြောင်းဝယ်လိုအားကောင်းနေပြီး ဒေသအလိုက် ယခင်နှစ်ကထက်ပြောင်းဈေး ကောင်း ရရှိနေကြောင်း ပြောင်းတောင်သူများ ထံမှသိရသည်။

Leave a Reply

Your email address will not be published.