ပို့ကုန်ရငွေဒေါ်လာငွေတန်ဖိုးမြင့်တက်လာနှင့်အတူ အိန္ဒိယပဲလိုအပ်ချက်မြင့်မားနေတာကြောင့် ပို့ကုန်ပဲများ ဈေးမြင့်တက်လာ

ရွှေမန်း

ပို့ကုန်ရငွေဒေါ်လာငွေတန်ဖိုးမြင့်တက်လာနှင့်အတူ အိန္ဒိယပဲလိုအပ်ချက်မြင့်မားနေတာကြောင့် ပို့ကုန်ပဲများ ဈေးမြင့်တက်လာကြောင်း ပဲ၊နှမ်းကုန်သည်များထံက သိရသည်။
နိုင်ငံခြားငွေ လဲလှယ်နှုန်းမြင့်တက်လာသလို အိန္ဒိယပဲဝယ်လိုအား FOB ပဲဈေးနှုန်းမြင့်တက်လာတာကြောင့် ချက်ခြင်းဆိုသလို ပြည်တွင်းပို့ကုန် မတ်ပဲ ၊ပဲစင်းငုံများ တစ်အိတ်ကျပ် ၁၅၀၀၀-၂၀၀၀၀ ဈေးမြင့်တက်လာပြီး ပဲဈေးကွက်အတွင်း အရောင်းအဝယ်သွယ်လာကြောင်း၊ ပြည်တွင်းသုံးကုလားပဲများလည်း လက်ကျန်နည်းလာသလို လိုက်ပါဈေးမြင့်တက်လာကြောင်း ပြည်တွင်းဆီစားသုံးမှုက မြေပဲဆီစားသုံးမှုကို ပိုမိုများပြားလာတာကြောင်းလည်း အသစ်ဝင်မြေပဲတွေရှိမှာ ဈေးကောင်းရရှိနေကြောင်း ပြည်တွင်းသုံးပဲမာလိုင်းများကတော့ အမြင့်ဈေးနဲ့ အရောင်းအဝယ်ပုံမှန်သာ ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု အသင်း ဒုတိယဥက္ကဌ ဦးကျော်သွင်( ရွှေစင်သိန်းပွဲရုံ) က ပြောသည်။
“ ပို့ကုန်ရငွေ ဒေါ်လာငွေလဲလှယ်မှု တန်ဖိုးမြင့်တက်လာတာနှင့်အတူ အိန္ဒိယ ပဲဝယ်လိုအားကောင်းအားက FOB ဈေးမြင့်တက်လာတာခြင်းက လည်း ပြည်တွင်း ပို့ကုန်ပဲ ဈေးတွေ တစ်ပတ်အတွင်း ပဲဈေးတွေ မြင့်တက်လာပါတယ်။ ပဲစင်းငုံ သုံးတင်းတစ်အိတ် ကျပ် ၂၀၀၀၀ လောက်ဈေးတက်လာသလို မတ်ပဲ ဆိုရင်လည်း တစ်အိတ်ကျပ် ၁၅၀၀၀ လောက် ဈေးမြင့်တက်လာပါတယ်။ ပို့ကုန်ပဲတွေ ဈေးတက်သလို ပြည်တွင်းသုံး ကုလားပဲအုပ်စုကလည်း လက်ကျန်နည်းလာတော့ ဈေးလိုက်တက်ပါတယ်။ V2 ကုလားပဲ တစ်အိတ် ၁၇၂၀၀၀ ၊ 929ကုလားပဲက ၁၆၂၀၀၀ ၊ထိုင်ဝမ်ကုလားပဲက ၁၅၅၀၀၀ ထိပေါက်ဈေးဖြစ်လာပါတယ်။ တရုတ်လိုင်းကပဲတီစိမ်းကတော့ အနည်းငယ်သာဈေးမြင့်တက်လာပါတယ်။ မြေပဲဆန် အသစ်လေးတွေ ဝင်ရောက်မှုရှိပေမယ့် ပြည်တွင်း စားဆီစားသုံးမှုထက် မြေပဲဆီစားသုံးမှုများနေတော့ ဈေးကလုံးဝကျဆင်းမှုမရှိပါဘူး။ ဆီကြီတ်ပဲဆန်တွေတောင် တစ်ပိဿာကျပ် ၆၀၀၀ အထက်မှာရှိနေပါတယ်။ နှမ်းမျိုးစုံဈေးကွက်ကလည်း ဈေးကောင်းအဝယ်လိုက်နေပါတယ်။ ပြည်တွင်းသုံး ပဲမာလိုင်းတွေလည်း အမြင့်ဈေးအတိုင်းသာပုံမှန်အရောင်းအဝယ်ရှိနေပါတယ်။ ” ဟု ၎င်းကပြောသည်။

မတ်ပဲ၊ ပဲတီစိမ်း ၊ပဲစင်းငုံ
နိုင်ငံခြား ပို့ကုန်မှုဝါဒ အပြောင်းအလဲကို စောင့်ကြည့်နေသည့် ပို့ကုန်ပဲဈေးကွက်မှာ ချက်ခြင်းအရောင်းအဝယ် ပြန်ကောင်းလာသလို အိန္ဒိယပဲလိုအပ်ချက် မြင့်မားနေတာကြောင့် လက်ကျန်ပို့ကုန်သမားများ ဈေးကောင်းရရှိသည့် ပဲဈေးကွက်ဖြစ်လာရာ သြဂုတ် ၁၀ ရက်နေ့တွက် မတ်ပဲ ပိဿာ၆၀ တစ်အိတ် ၁၈၅၀၀၀ ၊ ပဲစင်းငုံ ပိဿာ ၆၀ တစ်အိတ် ၁၇၈၀၀၀ ၊ပဲတီစိမ်း အညာ ၁၄၅၀၀၀ ထိပေါက်ဈေးဖြစ်လာသည်။ မန္တလေးပဲဈေးကွက် ၊ရန်ကုန်ပဲဈေးကွက်တွေမှာ အရောင်းအဝယ်အသွက်ဆုံး ပဲဈေးကွက်ဖြစ်နေသည်။

မြေပဲ
ပြည်တွင်း ဆီစားသုံးမှုပုံစံမှာ မြေပဲဆီကို ပိုမိုစားသုံးလာသလို ပြည်ပတင်သွင်းသည့် စာဆီဈေးမှာလည်း ဈေးနှုန်းကွာခြားမှု နည်းလာတာကြောင့် လက်ရှိ မကွေး ၊ကျောက်ပန်းတောင်း ဖက်မှာ မြေပဲဆန်အသစ်များမှာ ဈေးကောင်းရရှိနေကြောင်း မြေပဲဆီဆန် အမျိုးအစားပင် အနှိမ့်ဆုံး တစ်ပိဿာကျပ် ၆၀၀၀ ဝန်းကျင် ပေါက်ဈေးရှိနေပြီး ပို့ကုန် မြေပဲလုံးဆန်များမှာ တစ်ပိဿာကျပ် ၆၃၅၀ ထိ ပေါက်ဈေးရှိနေသည်။ စားဆီဈေးကွက် မှာလည်း မြင့်တက်နေတာကြောင့် ပြည်တွင်း မြေပဲဆန်ဈေးကွက်မှာ ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။ မြေပဲဆီတစ်ပိဿာကျပ် ၁၃၀၀၀၊ နှမ်းဆီ တစ်ပိသာ ငွေကျပ် ၉၅၀၀ ၊စားအုန်းဆီ ၉၀၀၀ ေကျော်ပါက်ဈေးဖြစ်လာသည်။
ပြည်တွင်းသုံးပဲမာလိုင်းများမှာ လက်ကျန်နည်းလာတာကြောင့် ပြည်တွင်းအဝယ်သွက်လာသလို ပို့ကုန်ပဲများ ဈေးမြင့်တက်လာနှင့် အတူ ဈေးမြင့်တက်လာရာ ပဲအမျိုးအစားအလိုက် သုံးတင်းဝင်တစ်အိတ် ကျပ် ၅၀၀၀ မှ ကျပ် ၂၀၀၀၀ ထိ ဈေးမြင့်တက်လာရာ သြဂုတ် ၁၀ ရက်နေ့တွင် ကုလားပဲ V2 တစ်အိတ် ၁၇၄၀၀၀၊ ပဲယင်း တစ်အိတ် ၁၄၀၀၀၀ ၊ ပဲကြီးတစ်အိတ် ငွေကျပ် ၂၁၅၀၀၀၊ ပဲထောပတ် တစ်အိတ် ၁၅၂၀၀၀၊ စွန်တာပြာ တစ်အိတ် ၁၃၇၀၀၀၊မြေထောက်ပဲ တစ်အိတ် ၂၀၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ် ၃၂၀၀၀၀ အသီးသီးဈေးမြင့် တက်လာကြောင်းသိရသည်။

Leave a Reply

Your email address will not be published.