ပို့ကုန်မူဝါဒအပြောင်းအလဲကြောင့် ပို့ကုန် ပဲ၊ နှမ်းများ ဈေးအနည်းငယ်မြင့်တက်လာ 


ရွှေမန်း

ပို့ကုန်မူဝါဒအပြောင်းအလဲ ကြောင့် ဒေါ်လာဈေး မြင့်တက် လာတာနှင့်အတူ ပို့ကုန် ပဲများ ဈေးအနည်းငယ်မြင့်တက်လာ ကြောင်း  ပဲ၊ နှမ်း ကုန်သည်များ ထံက သိရသည်။

ဒီဇင်ဘာ ၅ ရက်က ပြောင်း လဲလိုက်သည့် ပို့ကုန်မူဝါဒကြောင့် နိုင်ငံငွေဈေး မြင့်တက်လာရာ ပို့ကုန်ပဲများဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံနှင့် နှမ်းနက်များမှာ ဈေးမြင့်တက်လာသော်လည်း ပြည်တွင်းသုံး ပဲများမှာ ပုံမှန် ပေါက်ဈေးသာ ရှိနေသည်။
ပို့ကုန်မူဝါဒအပြောင်းအလဲ ကြောင့် ၃၅-၆၅ ရာခိုင်နှုန်း သတ်မှတ်လိုက်တာကြောင့် ဒေါ်လာပေါက်ဈေး မြင့်တက် လာတာနှင့်အတူ ပို့ကုန်ပဲများ၊ နှမ်းများ ဈေးမြင့်တက်လာ ကြောင်း လက်ရှိအချိန်တွင် ပဲ အသစ်များ အဝင်မရှိသေးသော် လည်း ပဲစင်းငုံမှာ နယ်ဈေး ကြိုရောင်း၊ ကြိုဝယ် သုံးတင်း တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀ ခန့် ပေါက်ဈေးရှိနေပြီး အဝယ် သမားများ ယင်းပေါက်ဈေးကို အဝယ်လိုက်နေကြောင်း၊ ပြည် တွင်းသုံး ပဲမာလိုင်းများမှာ အသစ် ဝင်မရှိသေးသလို အရောင်းအဝယ် အေးနေကြောင်း၊ သွင်းကုန် ကနေဒါစားတော်ပဲမှာလည်း ဈေး မြင့်တက်လာကြောင်း ရွှေစင် သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။
“ ပြည်တွင်းငွေလဲနှုန်း မြင့် တက်လာတာနဲ့အတူ ပဲ၊ နှမ်း ဈေးကွက်တစ်ခုလုံး ဈေးမြင့်တက် လာပါတယ်။ ပို့ကုန်ပဲ၊ နှမ်းတွေ အဓိကဈေးမြင့်တက်လာတာပါ။ ဒီဇင်ဘာ ၆ ရက်က ပြောင်းလဲ လိုက်တဲ့ ကုန်သွယ်ရေးမူဝါဒက ၃၅-၆၅ ရာခိုင်နှုန်း အပြောင်း ကြောင့် စက်သုံးဆီဈေးတွေ ဈေး မြင့်တက်လာတာပါ။ နှမ်းနက် တစ်အိတ်ကို ငွေကျပ် ၁၅၀၀၀၀ ခန့် ဈေးမြင့်တက်သွားပါတယ်။ပဲစင်းငုံမှာ ဈေးကွက်အတွင်း အသစ်ဝင်ရောက်မှု မရှိသေး ပေမယ့် ကြိုရောင်း၊ ကြိုဝယ် ဈေးကွက်မှာ သုံးတင်းဝင် တစ် အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀ ခန့် ပေါက်ဈေးရှိနေပါတယ်။´´ ဟု ၎င်းက ပြောသည်။
ဒီဇင်ဘာ ၇ ရက် ပေါက် ဈေးများမှာ သုံးတင်းဝင် မတ်ပဲ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေ ကျပ် ၂၈၅၀၀၀-၂၉၀၀၀၀ ပေါက် ဈေးအထိ ဈေးမြင့်တက်နေပြီး  ပဲစင်းငုံမှာ ဈေးကွက်အတွင်း ဝင်ရောက်ခြင်း မရှိသေးသော် လည်း နယ်ကြိုရောင်း၊ ကြိုဝယ် ဈေးကွက်မှာ သုံးတင်းတစ်အိတ် လျှင် ငွေကျပ် ၂၇၀၀၀၀ ပေါက် ဈေးရှိနေသည်၊၊ ပဲတီစိမ်းအညာ  ၅၆ ဒသမ ၂၅ ပိဿာ တစ်အိတ် လျှင် ငွေကျပ်  ၁၆၀၀၀၀ ပေါက် ဈေးဖြင့် ဈေးမြင့်တက်နေသည်။
 ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ပုံမှန်ဈေးသာ ရှိနေပြီး ဒီဇင်ဘာ ၇ ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀၊ V7 တစ်အိတ်လျှင် ငွေကျပ် ၂၇၅၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၅၈၀၀၀၊ ၉၂၉  ကုလားပဲ တစ် အိတ်လျှင်  ငွေကျပ်  ၂၆၂၀၀၀ ပေါက်ဈေးဖြစ် ဈေးကျဆင်းနေ သည်။
ပြည်တွင်းသုံး ပဲမာလိုင်း  များမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၄၁၀၀၀၀၊ ပဲထောပတ် တစ်အိတ်လျှင် ငွေကျပ် ၄၅၀၀၀၀၊ မြေထောက်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊ ကျွန်းစား တော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊  ကနေဒါစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၈၀၀၀၀၊ မြေပဲအနီလုံးဆန်(မြင်းမူ) တစ် ပိဿာလျှင် ငွေကျပ် ၆၀၀၀-၆၃၀၀ ပေါက်ဈေးမြင့်တက်လာ သည်။
နှမ်းမျိုးစုံဈေးကွက်မှာ ပို့ကုန် ငွေလဲနှုန်းမြင့်တက်လာတာနှင့် အတူ  နှမ်းမျိုးစုံ ဈေးမြင့်တက် လာရာ ဒီဇင်ဘာ ၇ ရက်တွင် နှမ်းဖြူ(ရိုးရိုး) ၄၅ ပိဿာ တစ် အိတ်လျှင် ငွေကျပ် ၃၅၅၀၀၀၊ နှမ်းညို(သစ်)တစ်အိတ်လျှင် ငွေ ကျပ် ၂၈၀၀၀၀၊  နှမ်းနက်စမုန် တစ်အိတ်လျှင် ငွေကျပ် ၃၄၅၀၀၀  ပေါက်ဈေးအထိ ဈေးမြင့်တက် ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.