ပို့ကုန်မတ်ပဲဈေးမြင့်တက်လာပြီး နိုင်ငံခြားတင်ပို့ရန်အဝယ်ကောင်းလာတာကြောင့် နှမ်းမျိုးစုံဈေးမြင့်တက်လာ

ရွှေမန်း


ပို့ကုန်မတ်ပဲဈေးကောင်းလာပြီး နှမ်းကုန်သည်များနိုင်ငံခြားတင်ပို့ ရန်အတွက် အဝယ်ကောင်းနေ တာကြောင့် နှမ်းဈေးမြင့်တက် လာကြောင်း ပဲ၊နှမ်းကုန်သည် များထံက သိရသည်။
ရန်ကုန်နှမ်းကုန်သည်များ အဝယ်ကောင်းလာတာကြောင့် မန္တလေး ပဲ၊နှမ်းဈေးကွက်တွင် အရောင်းအဝယ် အသွက်ဆုံးဖြစ် နေသည်။
အောက်တိုဘာ၁၇ ရက် နောက်ပိုင်းမှ စတင်ကာ ဈေးမြင့် တက်လာသည့် မတ်ပဲမှာ ဆက် လက်ဈေးမြင့်တက်လာကြောင်း၊  ပို့ကုန်ပဲဈေး ဈေးကောင်းလာတာ နှင့်အတူ ပြည်တွင်းသုံးကုလား ပဲအုပ်စုမှာလည်းလိုက်ပါ ဈေး ကောင်းလာကြောင်းအသစ်ဝင် ရောက်လာသည့်နှမ်းနက်မှာ ရန်ကုန်ဝယ်လက်များ အဝယ် ကောင်းနေတာကြောင့် ဈေးမြင့် တက် အဝယ်သွက်နေသော်လည်း မြေပဲဆန်ဈေးမှာ အဝင်များ လာပြီး ပြည်တွင်းဆီစက်ပိုင်များ သာ အဝယ်ရှိနေကြောင်း ရွှေစင် သိန်းပွဲရုံမှ ဦးကျော်သွင်က ပြော သည်။
“ ပို့ကုန်မတ်ပဲဈေးကတော့ သိသိသာသာဈေးကောင်းလာ ပါတယ်။ မတ်ပဲသုံးတင်း တစ်အိတ်ကို ငွေကျပ် ၂၆၅၀၀၀ ထိ ဈေးကောင်းနေပါတယ်။ ပဲစင်းငုံကတော့ လက်ကျန်နည်း လို့ ဈေးကွက်ပျောက်နေပါ တယ်။ ပို့ကုန်ပဲဈေးဈေးကောင်း သလို ပြည်တွင်းသုံး ကုလားပဲ အုပ်စုလည်း ဈေးလိုက်ကောင်း လာပါတယ်။ ထိုင်ဝမ်ကုလားပဲ ဆိုရင် တစ်အိတ်ငွေကျပ်၂၇၀၀၀၀ ထိ ပေါက်ဈေးဖြစ်လာပါတယ်။  ပြည်တွင်းသုံး ပဲမာလိုင်းလည်း ဈေးကောင်းလာပါတယ်။ နှမ်း နက်အသစ်ဝင်တွေကတော့ ဈေး ကောင်းအဝယ်သွက်နေပါတယ်။  အက်စစ်လွတ် အရည်အသွေး ကောင်းရင် နှမ်းနက်တစ်အိတ် ကို ငွေကျပ်၃၈၀၀၀၀ ထိ ပေါက် ဈေးဖြစ်လာပါတယ်။ မြေပဲဆန် ကတော့ နယ်စုံက ဝင်လာပေ မယ့် တရုတ်နိုင်ငံကိုတင်ပို့မှု မရှိ တော့ ပြည်တွင်းဆီစက်တွေက အဝယ်ကောင်းပါတယ်။  မြေပဲ ဆန်ပေါက်ဈေးကတော့ အနည်း ငယ် ဆက်လက်ကျဆင်း နေပါ တယ်´´ ဟု ၎င်းကပြောသည်။
အောက်တိုဘာ ၁၉ရက်တွင်  သုံးတင်းဝင် မတ်ပဲပိဿာ  ၆၀ တစ်အိတ်လျှင် ငွေကျပ်၂၆၃၀၀၀   ပေါက်ဈေး၊ ပဲစင်းငုံပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၃၈၀၀၀၀  ပေါက်ဈေး ဖြစ်လာသည်။ ပဲတီစိမ်း အညာ ၅၆ ဒသမ ၂၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၁၇၀၀၀၀  ပေါက်ဈေးဖြစ်လာ သည်။
 ပြည်တွင်းသုံးကုလားပဲ အုပ်စုမှာ ဈေးမြင့်တက်လာပြီး အောက်တိုဘာ ၁၉ရက်တွင် ကုလားပဲ V2  တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀၊V7 တစ်အိတ် လျှင် ငွေကျပ်၂၈၀၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၅၈၀၀၀၊ ၉၂၉ ကုလားပဲ တစ် အိတ်လျှင် ငွေကျပ် ၂၆၅၅၀၀  ပေါက်ဈေးဖြစ်လာသည်။
ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၄၀၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၄၂၀၀၀၀၊ မြေ ထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၅၅၀၀၀၊ ကျွန်းစားတော်ပဲတစ် အိတ်လျှင် ငွေကျပ် ၃၅၀၀၀၀၊  ကနေဒါစားတော်ပဲတစ်အိတ် ငွေကျပ် ၂၂၅၀၀၀၊ မြေပဲအနီလုံး ဆန်(ဝိုင်း)တစ်ပိဿာလျှင် ငွေကျပ် ၇၀၀၀ ပေါက်ဈေးရှိသည်။
နှမ်းမျိုးစုံဈေးကွက်မှာ ယခင်  သီတင်းပတ်ထက် သိသိသာသာ  ဈေးမြင့်တက်လာရာ နှမ်းဖြူ (ဂျပန်)၄၅ပိဿာတစ်အိတ်လျှင် ငွေကျပ် ၃၅၀၀၀၀၊ နှမ်းညို(သစ်) တစ်အိတ်လျှင် ငွေကျပ်၂၈၅၀၀၀၊ နှမ်းနက်စမုံတစ်အိတ်လျှင် ငွေကျပ်  ၃၅၀၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published.