ရွှေမန်း
ပို့ကုန်မတ်ပဲစံချိန်တင်ပေါက်ဈေး ဖြစ်လာသော်လည်း ပဲ၊နှမ်းဈေး ကွက် တစ်ခုလုံး ဈေးကျခပ်အေး အေးသာရှိနေ ကြောင်း ပဲ၊နှမ်း ကုန်သည်များ ထံက သိရသည်။
အထက်အညာနှမ်းများ၀င fရောက် မှုများနေနှင့်တရုတ်ဝယ် လက်အဝယ်နည်းနေတာ ကြောင့် နှမ်း ဈေးကွက်ကျ ဆင်း နေခြင်း ဖြစ်သည်။
အောက်တိုဘာ ၂၄ ရက် နေ့က မတ်ပဲတစ်အိတ် ငွေကျပ် ၂၇၀၀၀၀ကျော်ထိ စံချိန်တင် ပေါက်ဈေးဖြစ်ခဲ့ကြောင်း အထက်အညာဒေသကနှမ်း အသစ် များ ဝင်ရောက်မှုလာ သော်လည်း တရုတ်လိုင်းအဝယ် နည်းနေတာကြောင့် ဈေးကျဆင်း နေကြောင်းဈေးကွက်ကို စောင့်ကြည့်ဝယ်ယူနေတာမျိုး ဖြစ်ကြောင်း၊မြေပဲဆန်ဈေး ကွက်မှာလည်း ဈေးကျဆင်းမှု ရပ်တန့်သွားကြောင်းရွှေစင်သိန်း ပွဲရုံမှဦးကျော်သွင်ကပြောသည်။
“ပို့ကုန်မတ်ပဲဈေးကတော့ စံချိန်တင်ပေါက်ဈေးတစ်အိတ် ငွေကျပ် ၂၇၃၀၀၀ဖြစ် လာ ပါ တယ်။နှမ်းဈေးတွေကတော့ အညာနှမ်းနယ်စုံဝင်လာလို့ ဈေးကျဆင်းနေပါတယ်။ မြေပဲဆန်လည်း ဈေးကျနေတာ ကနေရပ်သွားပါတယ်။ တရုတ်လိုင်းအဝယ်မရှိတာရယ်၊ အသစ်ဝင်ရောက်မှုများလာတာရယ် တွေရှိလို့ လက်ရှိမှာ ဈေးကျဆင်း နေပါတယ်။ပဲ၊နှမ်းဈေးကွက် တစ်ခုလုံးသုံးသပ်ရရင်ဈေး ခပ် အေးအေးသာရှိနေပါတယ်´´ ဟု ၎င်း ကပြောသည်။
အောက်တိုဘာ ၂၆ရက်တွင် သုံးတင်းဝင်မတ်ပဲပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ်၂၇၃၀၀၀ ပေါက်ဈေးဖြင့် စံချိန်တင်ပေါက် ဈေးဖြစ်လာသော်လည်း ပဲစင်းငုံ ပိဿာ၆၀တစ်အိတ်လျှင် ငွေကျပ် ၃၄၀၀၀၀ ထိ ဈေးကျ ဆင်းသွားသည်။ပဲတီစိမ်း အညာ ၅၆ဒသမ ၂၅ ပိဿာ တစ်အိတ် လျှင်ငွေကျပ် ၁၆၅၀၀၀ ပေါက် ဈေးဖြစ်လာသည်။
ပြည်တွင်းသုံးကုလားပဲ အုပ်စုမှာ ဈေးမြင့်တက်လာပြီး အောက်တိုဘာ ၁၉ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀၊V7 တစ်အိတ် လျှင် ငွေကျပ်၂၈၀၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀၊ ၉၂၉ ကုလားပဲ တစ် အိတ်လျှင် ငွေကျပ် ၂၆၄၀၀၀ ပေါက်ဈေးဖြစ်လာသည်။
ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၆၀၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၄၂၀၀၀၀၊ မြေ ထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၅၅၀၀၀၊ ကျွန်းစားတော်ပဲတစ် အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ် ငွေကျပ် ၂၁၅၀၀၀၊ မြေပဲအနီလုံး ဆန်(ဝိုင်း)တစ်ပိဿာလျှင် ငွေကျပ် ၆၁၀၀ ပေါက်ဈေးရှိသည်။
နှမ်းမျိုးစုံဈေးကွက်မှာ ယခင် သီတင်းပတ်ထက် သိသိသာသာ ဈေးမြင့်တက်လာရာ နှမ်းဖြူ (ဂျပန်)၄၅ပိဿာတစ်အိတ်လျှင် ငွေကျပ် ၃၇၀၀၀၀၊ နှမ်းညို(သစ်) တစ်အိတ်လျှင် ငွေကျပ်၂၈၅၀၀၀၊ နှမ်းနက်စမုံတစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။
FlashNews:
5526
ပြည်ပဝယ်လိုအားကြောင့် ဈေးကောင်းလာနိုင်သည့် ငရုပ်စျေးကွက်
အတက်အကျဈေး မတည်ငြိမ်သော်လည်း အရောင်းအဝယ်ကောင်းနေသည့် နှမ်းနက်ဈေးကွက်
ဘယ်သူတွေ တီဘီရောဂါ ဖြစ်နိုင်ခြေပိုများသလဲ
တီဘီရောဂါလက္ခဏာများ
ကြက်သွန်နီအသစ်များ ပေါ်နေပြီဖြစ်၍ ကြက်သွန်ဈေးကွက် အငြိမ်ပိုင်းတွင် ရှိနေ
တရုတ်တင်ပို့ရန်လိုအပ်ချက်များလာတာကြောင့်နှမ်းနက်ဈေးကွက် ဆက်လက် မြင့်တက်လာ
သစ်တောပြုန်းတီးခြင်းနှင့် ကာဗွန်ဒိုင်အောက်ဆိုက်
ဘယ်အရာတွေက ကာဗွန်ဓာတ်ငွေ့တွေ ထုတ်လွှင့်နေသလဲ
ပိုချိုမြတဲ့ရွှေရောင် ပျားအုံသစ်
မြန်မာ့ပြောင်းဆန် ဖိလစ်ပိုင် အများဆုံးဝယ်ယူ
အိမ်အတွင်းစိုက်ပျိုးမြန်မာတို့အကြိုက်ရွှေဖရုံ
ကောက်စိုက်သမတစ်ဦး ရဲ့ တစ်နေ့တာ
ပိုချိုမြတဲ့ရွှေရောင် ပျားအုံသစ်
အိမ်အတွင်းစိုက်ပျိုးမြန်မာတို့အကြိုက်ရွှေဖရုံ
ဆောင်းဖရဲသီးများ တရုတ်နိုင်ငံသို့လွယ်ဂျယ်နှင့် မိုင်းလားနယ်စပ်ဂိတ်ပေါက်များမှ တင်ပို့နေရ
နယ်စုံမှ အသစ်ဝင်မြေပဲဆန်နှင့် နှမ်းမျိုးစုံဈေးကွက် အနည်းငယ်ကျဆင်းနေ ပို့ကုန်မတ်ပဲဈေးငြိမ်
ကောက်စိုက်သမတစ်ဦး ရဲ့ တစ်နေ့တာ
ဘယ်အရာတွေက ကာဗွန်ဓာတ်ငွေ့တွေ ထုတ်လွှင့်နေသလဲ
သတင်းများ
ပို့ကုန်မတ်ပဲစံချိန်တင်ဈေးမြင့်တက်လာသော်လည်း ပဲ၊နှမ်းဈေးကွက် တစ်ခုလုံးဈေးအေးနေ

Leave a Reply