ပို့ကုန်မတ်ပဲကို တရုတ်လိုင်း အဝယ်ရှိလာတာကြောင့် အရောင်းအဝယ်ကောင်းနေ ပြည်တွင်းသုံး ကုလားပဲအုပ်စု ဈေးအနည်းငယ်မြင့်တက်လာ

ရွှေမန်း

ပို့ကုန်မတ်ပဲကို တရုတ် လိုင်း အဝယ်ရှိ လာတာကြောင့် အရောင်းအဝယ်ကောင်းနေပြီး ကုလားပဲအုပ်စုမှာလည်း အနည်း ငယ်ဈေးတက်လာကြောင်း ပဲ၊နှမ်း ကုန်သည်များထံက သိရသည်။

ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး ဈေးအေးနေသော်လည်း ပို့ကုန် မတ်ပဲမှာ တရုတ်နှင့်အိန္ဒိယအဝယ် ဆုံလာတာကြောင့် ဈေးကွက် အတွင်း အရောင်းအဝယ် သွက်နေ ကြောင်း၊ ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာလည်း ဈေးအနည်းငယ် ဆက်လက်မြင့်တက် အရောင်း အဝယ်ကောင်းနေကြောင်း မြေပဲ ဆန်နှင့်နှမ်းမျိုးစုံမှာ အသစ်ဝင် ရောက်မှုများနှင့်အတူ ဈေးအနည်း ငယ်ကျဆင်းလျက်ရှိသည်။ ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ဈေးခပ် အေးအေး ဆက်လက်ရှိနေနိုင် သေးကြောင်း မန္တလေးတိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌဦးကျော်သွင်(ရွှေစင် သိန်း)ပွဲရုံက ပြောသည်။

“ပဲ၊နှမ်းဈေးကွက် တစ်ခု လုံး ဈေးခပ်အေးအေးသာရှိနေ ပါတယ်။ ပို့ကုန်မတ်နဲ့ ကုလားပဲ အုပ်စုကတော့ အဝယ်သွက်နေပါ တယ်။ မတ်ပဲ တစ်အိတ်ငွေကျပ် ၁၇၈၀၀၀ ပြန်ဖြစ်လာပါတယ်။တရုတ်လိုင်းကပါ မတ်ပဲကိုအဝယ် လိုက်လာတော့ အဝယ်သွက်နေ တယ်။ ကုလားပဲလည်း အဝယ် ကောင်းနေလို့ တစ်အိတ် ၁၉၅၀၀၀ထိ ပေါက်ဈေးရှိလာ တယ်။ ပဲစင်းငုံကတော့ ပေါက် ဈေး သိပ်မပြတ်ချင်ဘူး။တစ်အိတ် ၁၇၈၀၀၀ လောက်သာ ပေါက်ဈေးရှိပါတယ်။ နှမ်းမျိုးစုံ ဈေးကွက်မှာ အသစ်ဝင်မှုတွေရှိ လာတော့ ဈေးကွက်ကျဆင်း နေ တယ်၊၊ မြေပဲဆန်ကတော့ ရှမ်းပြည် က အသစ်ဝင်ရောက်မှုတွေ ရှိ တော့ ဈေးငြိမ်နေပြီ အရောင်း အဝယ်ကတော့ သွက်နေပါတယ်။ကျန်တဲ့ပဲမာလိုင်းကတော့ အရောင်း အဝယ် ခပ်ပါးပါးလေး သွားနေ ပါတယ်´´ဟု ၎င်းက ပြောသည်။

မတ်ပဲ၊ပဲစင်းငုံ၊ပဲတီစိမ်း

အိန္ဒိယ FဥB ဈေး တိုးမြှင့် ဝယ်လာသလို တရုတ်လိုင်း အဝယ် လိုက်လာတာကြောင့်လည်း မတ် ပဲ၊ ပဲစင်းငုံ ဈေးကွက်ကျဆင်း နေရာမှ ဈေးအနည်းငယ် ပြန်တက် လာရာ နိုဝင်ဘာ ၁၁ ရက်တွင် မတ်ပဲတစ်အိတ်လျှင် ၁၇၈၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၁၇၈၀၀၀ ပေါက်ဈေး ပြန်ဖြစ်လာသည်။ ပဲတီစိမ်း အညာမှာ ထိပ်စသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၄၀၀၀၀ ပေါက်ဈေးရှိသော်လည်း ပုံမှန် အရောင်းအဝယ် ဖြစ်နေသည်။

မြေပဲ

ရှမ်းပြည်အပါအဝင် ဒေသစုံ မှ မြေပဲဆန်အသစ်များ ဝင်ရောက် လာ မှုရှိတာကြောင့် ဈေးအနည်း ကျဆင်းလျက်ရှိရာ နိုဝင်ဘာ ၁၀ ရက်တွင် ထိပ်စမြေပဲဆန် တစ်ပိဿာ ၅၃၀၀ကျပ် ဝန်းကျင်ဖြင့် အရောင်း အဝယ် သွက်နေပြီး ဆီဆန်မှာ တစ်ပိဿာ၄၉၀၀၊ ၅၀၀၀ ကျပ်ပေါက်ဈေးရှိနေသည်။ မြေပဲဆီ တစ်ပိဿာလျှင် ၁၁၀၀၀၊ နှမ်းဆီတစ်ပိဿာလျှင် ၁၁၀၀၀၊ စားအုန်းဆီတစ်ပိဿာ လျှင် ၆၀၀၀ ပေါက်ဈေး ရှိနေသည်။

ပဲ၊နှမ်းဈေးကွက် တစ်ခုလုံး ဈေးအေးနေရာကနေ မတ်ပဲနှင့် ကုလားပဲအုပ်စုသာ အရောင်းအဝယ် ပြန်သွက်နေရော နိုဝင်ဘာ ၁၁ ရက်တွင် ကုလားပဲ V2တစ်အိတ် လျှင် ကျပ်၁၉၆၀၀၀၊ ပဲယင်း တစ်အိတ်လျှင် ကျပ် ၁၂၅၀၀၀၊ ပဲကြီး တစ်အိတ်လျှင် ကျပ် ၂၃၅၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ကျပ် ၁၆၀၀၀၀၊ စွန်တာ ပြာ တစ်အိတ်လျှင် ကျပ် ၁၄၅၀၀၀၊ မြေထောက်ပဲတစ်အိတ် လျှင် ကျပ် ၂၄၀၀၀၀၊ ကျွန်းစား တော်ပဲ တစ်အိတ်လျှင် ကျပ် ၃၉၀၀၀၀ ပေါက်ဈေး ဖြစ်နေသည်။

Leave a Reply

Your email address will not be published.