ပို့ကုန်ပဲများ ဈေးအနည်းငယ်ကျဆင်းသွားသော်လည်း ဈေးကွက်ပေါက်ဈေးအတိုင်းအရောင်းအဝယ်သွက်နေ

ရွှေမန်း

ပို့ကုန်ပဲများ ဆက်လက်ဈေး ကျဆင်းမှုရှိနေသော်လည်း ဈေး ကွက်ပေါက်ဈေးအတိုင်း အရောင်း အဝယ်သွက်နေကြောင်း ပဲကုန် သည်များထံက သိရသည်။

ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး တွင် အိန္ဒိယ၏ ဝယ်လိုအားကျ ဆင်းမှုမရှိသော်လည်း ဒေါ်လာ ပေါက်ဈေး၊ ကုန်သွယ်ရေးမူဝါဒ များကြောင့် ပို့ကုန်ပဲများ ဈေးကျ ဆင်းလာခြင်း ဖြစ်သည်။

ပဲသစ်ရာသီအစ ပို့ကုန်ပဲများ စံချိန်တင်ဈေးကောင်းခဲ့သော်လည်း ဖေဖော်ဝါရီသီတင်းပတ်တွင် ဈေး အနည်းငယ်ကျဆင်းလာကြောင်း ပြည်တွင်းသုံး ကုလားပဲများလည်း လိုက်ပါဈေးကျဆင်းသွားကြောင်း ပြည်တွင်းသုံး ပဲမာလိုင်းများတွင် အသစ်ဝင်ရောက်မှုနည်းသည့် ပဲထောပတ်နှင့် မြေထောက်ပဲတို့ မှာ အမြင့်ဈေးဖြစ်နေကြောင်း လက်ရှိတွင် နှမ်းမျိုးစုံနှင့် မြေပဲဆန်မှာလည်း ဈေးကျဆင်း နေပြီး ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး လက်ရှိပေါက်ဈေးများအတိုင်း အရောင်းအဝယ်ကောင်းကြောင်း ရွှေစင်သိန်းပွဲရုံ ပိုင်ရှင် ဦးကျော်သွင် က ပြောသည်။

“ ပို့ကုန်ပဲတွေကတော့ ဈေး ကျဆင်းလာပါတယ်။ ပဲစင်းငုံ၊ မတ်ပဲတွေကနေ စတင်ဈေးကျ ဆင်းနေတာ ပြည်တွင်း ကုလားပဲ တွေလည်း လိုက်ပါဈေး ကျဆင်း လာပါတယ်။ မတ်ပဲဆိုရင် တစ် အိတ်လျှင် ငွေကျပ် ၂၈၀၀၀၀ ဝန်းကျင်နဲ့ ပဲစင်းငုံ တစ်အိတ် ၃၇၂၀၀၀ လောက်ထိ ဈေးကျ ဆင်းပါတယ်။ ပြည်တွင်းပဲမာ လိုင်းတွေကတော့ ဈေးသိပ်မကျ ဘဲ ပုံမှန်ဈေးအေးသွားပါတယ်။ ပို့ကုန်ပဲတွေကတော့ ဈေးအကျ ကြမ်းသွားတာပါ။ ဝယ်လိုအား ကတော့ မကျပါဘူး။ ဈေးကျ ဆင်းပေမယ့်ပေါက်ဈေးအတိုင်း အရောင်းအဝယ်ဖြစ်နေပါတယ်။ ယခင်ကြိုရောင်းသမားတွေက တော့ ဈေးကျဆင်းချိန် အဝယ် ကောင်းနေပါတယ်။ လှောင်သမား တွေဆီမှာတော့ ဈေးအမြင့်နဲ့ ဝယ်ထားတာတွေများခဲ့ပါတယ်။ ပဲမာလိုင်းများမှာတော့ အမြင့်ဈေး တွေအတိုင်းရှိနေတာပါ။ တစ် အိတ်လျှင် ငွေကျပ် ၄၀၀၀၀၀ ကျော်ပဲတွေကတော့ ဈေးကောင်း နေတာပါ။ နှမ်းမျိုးစုံလိုင်းနဲ့ မြေပဲလုံဆန်ကတော့ ဈေးအေး နေပါတယ်။ ပဲနှမ်းဈေးကွက် တစ်ခုလုံးမှာ ဈေးကျဆင်းပေမယ့် လက်ရှိပေါက်ဈေးအတိုင်း ပုံမှန် အရောင်းအဝယ်ဖြစ်နေပါတယ် ´´ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၁၅ ရက်တွင် မတ်ပဲတစ် အိတ်လျှင် ငွေကျပ် ၂၈၀၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၃၈၃၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ ပဲတီစိမ်းအညာ တစ်အိတ်လျှင် ငွေကျပ် ၂၀၀၀၀၀ ပေါက်ဈေးဖြင့် ဈေးမြင့်တက် လာသည်။

ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ အနည်းငယ်ဈေးကျဆင်း နေပြီး ဖေဖော်ဝါရီ ၁၅ ရက်တွင် ကုလားပဲ ဠ၂ တစ်အိတ်လျှင် ငွေ ကျပ် ၂၆၅၀၀၀ ကုလားပဲ ဠ၇ တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀၊ ထိုင်ဝမ်ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀၊ ၉၂၉ ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀ ထိဈေးကျဆင်းသွား သည်။
ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၅၀၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၄၈၀၀၀၀၊ မြေ ထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၇၀၀၀၀၊ ကျွန်းစားတော်ပဲ တစ် အိတ်လျှင် ငွေကျပ် ၃၅၀၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၅၀၀၀၀၊ မြေပဲအနီ လုံးဆန်(မြင်းမူ) တစ်ပိဿာလျှင် ငွေကျပ် ၈၅၀၀-၈၇၀၀ ဈေး ကျဆင်းသွားသည်။

ဖေဖော်ဝါရီ ၁၅ ရက်တွင် နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ် အိတ်လျှင် ငွေကျပ် ၄၀၀၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၁၅၀၀၀၊ နှမ်းဝါတစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀၊ နှမ်းနက်စမုန် တစ်အိတ်လျှင် ငွေကျပ် ၃၈၀၀၀၀ အသီးသီး ဈေးကျဆင်းသွား ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.