ပို့ကုန်ပဲများ ဈေးကျဆင်းမှုနှင့် ပဲ ၊ နှမ်းဈေးကွက်တစ်ခုလုံး အရောင်းအဝယ် ခပ်အေးအေးသာ ရှိနေ

ရွှေမန်း

ပို့ကုန်ပဲများ လက်ကျန်နည်း ဈေးကျဆင်းနေတာကြောင့် ပဲ၊နှမ်း ဈေးကွက်တစ်ခုလုံး အရောင်းအဝယ် ခပ်အေးအေးသာရှိနေကြောင်း ပဲနှမ်းကုန်သည်များထံက သိရ သည်။

ပို့ကုန်ပဲတွေဈေးကွက်အတွင်း ဈေးနှုန်းကျဆင်းမှုနှင့်အတူ ပြည် တွင်းသုံး ကုလားပဲ၊ ပဲမာလိုင်း များပါ လိုက်ပါဈေးအေးနေကြောင်း၊ လက်ရှိအချိန်တွင် ပဲ၊ နှမ်းများ ကို တရုတ်နိုင်ငံသို့ နယ်စပ်မှ တင်ပို့မှု မရှိတာကြောင့် ပဲတီစိမ်း ဈေးမှာ သိသိသာသာ ဈေးကျ ဆင်းနေကြောင်း၊ ပြည်တွင်းသုံး ပဲမာလိုင်းများမှာလည်း အမြင့် ဈေးတန်းမှာ တည်ငြိမ်နေပြီး စား အုန်းဆီဈေး မြင့်တက်လာတာ ကြောင့် မြေပဲဆန်တစ်မျိုးသာ ခပ်သွက်သွက် အရောင်းအဝယ် ရှိနေကြောင်း ဦးကျော်သွင်(ရွှေစင် သိန်း)ပွဲရုံက ပြောသည်။

“ အခုသီတင်းပတ်မှာတော့ ပဲဈေး၊ နှမ်းဈေး အကုန်အေးနေ တယ်။ တရုတ်နိုင်ငံကို မတင်ပို့ နိုင်လို့ ပဲတီစိမ်းဈေးကတော့ ကျ ဆင်းသွားပါတယ်။ ပို့ကုန် မတ်ပဲ ဈေးကတော့ ဆက်လက်ကျဆင်း နေပါတယ်။ ဈေးကျဆင်းနေ တော့ မတ်ပဲလှောင်လက်သမားတွေ အရောင်းမရှိဘူး။ အလားတူ ပဲ စင်းငုံကလည်း လက်ကျန်နည်း လာတော့ အရောင်းသမားတွေ ထုတ်မရောင်းချင်ကြဘူး။ ပြည် တွင်းသုံး ကုလားပဲအုပ်စုနဲ့ ပဲမာ လိုင်းတွေကတော့ ခပ်အေးအေး သာ ရှိနေပါတယ်။ နှမ်းကတော့ ပုံမှန်ဈေးအတိုင်း ရှိနေပါတယ်။ စားအုန်းဆီဈေးမြင့်တက်လာတော့ မြေပဲဆန်က ပုံမှန်သာ အရောင်း အဝယ်ဖြစ်နေပါတယ်။ ပို့ကုန်ပဲ တွေ လက်ကျန်နည်း ဈေးကျဆင်း နေတာလို့ ပဲ၊ နှမ်း ဈေးကွက် တစ်ခုလုံး ခပ်အေးအေးသာ ရှိနေ ပါတယ်´´ ဟု ၎င်းက ပြောသည်။

ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ဈေးကျဆင်းနေသော်လည်း ယခင် နှစ် ကာလတူ ပေါက်ဈေးထက် ဈေးကောင်းရရှိနေသေးကြောင်း ယခုနှစ် ပဲသစ်ရာသီတွင် အထွက် ကျဆင်းခြင်းမှာ ပဲစိုက်ဧကများ လျော့ကျမှုကြောင့် ပြည်တွင်းသုံး ကုလားပဲနှင့် ပဲမာလိုင်းများမှာ စံချိန် တင် ဈေးကောင်းရရှိခဲ့ခြင်း ဖြစ် သည်။

ပို့ကုန် ပဲစင်းငုံမှာလည်း သုံး တင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀ ဝန်းကျင်ထိ ပေါက်ဈေး ရှိလာတာကြောင့် ယခုနှစ် စိုက်ပျိုး ချိန်တွင် တောင်သူများ တိုးချဲ့ပိုမို စိုက်ပျိုးလာကြောင်း သိရသည်။

ဇူလိုင် ၆ ရက်တွင် မတ်ပဲ ဈေးမှာ ယခင်သီတင်းပတ်ထက် တစ်အိတ်လျှင် ငွေကျပ် ၅၀၀၀မှ ကျဆင်းသွားပြီး သုံးတင်းဝင် မတ်ပဲ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၁၅၀၀၀ ပေါက်ဈေး ရှိတော့သည်။ ပဲစင်းငုံမှာ လက် ကျန်နည်းလာတာကြောင့် ယခင် သီတင်းပတ်ထက် တစ်အိတ်လျှင် ငွေကျပ် ၂၅၀၀၀ ခန့် ဈေးမြင့် တက်လာရာ၊ ပိဿာ ၆၀ တစ် အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀ အထိ ပြန်လည်ဈေးမြင့်တက်လာ သည်။ တရုတ်နိုင်ငံသို့ တင်ပို့နိုင် ခြင်း မရှိတာကြောင့် ထိပ်စပဲတီ စိမ်းအညာ ၅၆ ဒသမ ၂၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၁၇၂၀၀၀ ပေါက်ဈေးရှိတော့သည်။

ပြည်တွင်းသုံး ကုလားပဲအုပ်စု မှာ ဇူလိုင် ၆ ရက်တွင် ဆက် လက်ဈေးကျဆင်းနေရာ ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၅၀ç၀၀၀၊ V7 တစ်အိတ်လျှင် ငွေကျပ် ၂၅၀၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၂၀၀၀၊၉၂၉ကုလားပဲတစ်အိတ် လျှင် ငွေကျပ် ၂၅၀၀၀၀ ပေါက် ဈေး ဖြစ်နေသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၃၂၀၀၀၀၊ မြေ ထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊ ကျွန်းစားတော်ပဲ တစ် အိတ်လျှင် ငွေကျပ် ၄၀၀၀၀၀၊ မြေပဲအနီလုံးဆန် တစ်ပိဿာ ငွေကျပ် ၈၈၀၀ ပေါက်ဈေးရှိ ကြောင်း သိရသည်။

နှမ်းမျိုးစုံဈေးကွက်မှာ ဇူလိုင် ၆ ရက်တွင် နှမ်းဖြူ (ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၃၆၈၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၂၈၇၀၀၀၊ နှမ်းနက်စမုံ တစ်အိတ်လျှင် ငွေကျပ် ၃၄၅၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published.