ပို့ကုန်ပဲများ ဈေးကျဆင်းသွားသော်လည်း နှမ်းမျိုးစုံနှင့် ပဲမာလိုင်းများမှာ ဆက်လက်ဈေးအနည်းငယ်မြင့်တက်နေ

ရွှေမန်း

ပို့ကုန်ပဲများ ဈေးကျဆင်း သွားသော်လည်း နှမ်းမျိုးစုံနှင့် ပဲမာလိုင်းများမှာ ဆက်လက်ဈေး အနည်းငယ်မြင့်တက်နေကြောင်း ပဲကုန်သည်များထံက သိရသည်။

ပို့ကုန်ပဲများဖြစ်သည့် မတ်ပဲ နှင့် ပဲစင်းငုံမှာ သိသိသာသာ ဈေးကျဆင်းသွားပြီး ပြည်တွင်း သုံး ကုလားပဲအုပ်စုလည်း လိုက်ပါ ဈေးကျဆင်းသွားကြောင်း၊ ပစ္စည်း အသစ်ဝင် နည်းပါးပြီး လက်ကျန် နည်းသည့် မြေပဲဆန်နှင့် နှမ်းမျိုး စုံမှာ ယခင်သီတင်းပတ်ထက် ဆက်လက် ဈေးမြင့်တက်နေ ကြောင်း၊ ပြည်တွင်းသုံး ပဲမာလိုင်း များလည်း တစ်အိတ်လျှင် ငွေကျပ် ၁၀၀၀၀ ခန့် ဆက်လက်ဈေးမြင့် တက်နေကြောင်း၊ ပို့ကုန်ပဲများ ဈေး ကျဆင်းမှုမှာ ဆက်လက်စောင့် ကြည့်ရမည်ဖြစ်ကြောင်း၊ အခြား ဒေါ်လာဈေး၊ ရွှေဈေးများမှာ ဈေး မြင့်တက်လာကြောင်း ဦးကျော် သွင်(ရွှေစင်သိန်း)ပွဲရုံက ပြော သည်။

“ဇွန်တတိယပတ်အတွင်း ပို့ကုန်ပဲများနဲ့ ပြည်တွင်းသုံး ကုလားပဲအုပ်စု ဈေးကျဆင်းနေတာ ကနေ ဇွန် ၂၂ ရက်တွင် မတ်ပဲ၊ ပဲစင်းငုံတို့ တစ်အိတ်လျှင် ငွေကျပ် တစ်သောင်းခန့် ဆက်လက်ဈေး ကျဆင်းသွားပါတယ်။ ပြည်တွင်း သုံး ကုလားပဲများလည်း အလားတူ လိုက်ပါဈေးကျဆင်းသွားပါတယ်။ တရုတ်လိုင်းတင်ပို့နေတဲ့ နှမ်းမျိုးစုံ ကတော့ ပစ္စည်းအဝင်နည်းတာ ကြောင့် တစ်အိတ်လျှင်ငွေကျပ် သုံးသိန်းကျော် ပေါက်ဈေးဖြစ်နေ ပါတယ်။ပြည်တွင်းသုံး ပဲမာလိုင်း များမှာ ပုံမှန်သာအရောင်းအဝယ် ဖြစ်နေပါတယ်´´ဟု ၎င်းက ပြော သည်။

ဇွန် ၂၂ ရက်တွင် ပို့ကုန်ပဲ များမှာ ငွေကျပ် ၁၀ç၀၀၀မှ ၂၀ç၀၀၀ အထိ ဈေးကျဆင်းသွား ရာ သုံးတင်းဝင် မတ်ပဲ ၆၀ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၂၃၅၀၀၀၊ ပဲစင်းငုံ ၆၀ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀ ကျဆင်းသွား သော်လည်း ပဲတီစိမ်းအညာ ၅၆ ဒသမ ၂၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၁၇၃၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ပြည်တွင်းသုံး ပဲမာ လိုင်းများဖြစ်သည့် ပဲကြီး၊ ပဲထော ပတ်၊မြေထောက်ပဲ၊ကျွန်းစားတော် ပဲတို့မှာ ယခင်သီတင်းပတ်ထက် ဆက်လက် ဈေးမြင့်တက်လာရာ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၀၀၀၀ ခန့် ထပ်မံဈေးမြင့်တက် လာကြောင်း မန္တလေးကုန်စည်ဒိုင် ပေါက်ဈေးများအရ သိရသည်။

ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ဇွန် ၂၂ ရက်တွင် တစ်အိတ်လျှင် ငွေကျပ် ၁၀၀၀၀ ခန့် ဈေးကျဆင်းသွားရာ ကုလား ပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၅၅၀၀၀၊ V7တစ်အိတ်လျှင် ငွေကျပ် ၂၅၅၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၈၀၀၀၊၉၂၉ကုလားပဲတစ်အိတ် လျှင် ငွေကျပ် ၂၅၂၀၀၀ ပေါက် ဈေးဖြစ်လာသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၃၀၀၀၀၀၊ မြေ ထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀၊ ကျွန်းစားတော်ပဲ တစ် အိတ်လျှင် ငွေကျပ် ၄၂၀၀၀၀၊ မြေပဲအနီလုံးဆန် တစ်ပိဿာ ငွေကျပ် ၉၀၀၀ ပေါက်ဈေးရှိ ကြောင်း သိရသည်။

တရုတ်လိုင်းသို့ တင်ပို့နေ သည့် ပဲတီစိမ်း၊ နှမ်း၊ မြေပဲဆန် နှင့် ပဲမာလိုင်းအချို့မှာ နယ်စပ် ကုန်သွယ်မှုမှတဆင့် တင်ပို့မှု နည်းပါးပြီး ပင်လယ်ရေကြောင်းမှ တဆင့် တင်ပို့မှု ရှိနေတာကြောင့် အသစ်အဝင် နှမ်းမျိုးစုံဈေးကွက်မှာ ဝယ်လိုအားကောင်းပြီးတောင်သူ များ ဈေးကောင်းရရှိနေကြောင်း သိရသည်။
မြေပဲဆန်မှာ လက်ကျန်နည်း လာတာကြောင့် အမျိုးအစား အလိုက် အနည်းငယ်ဆက်လက် ဈေးမြင့်တက်လာသည်။

အသစ်ဝင် နှမ်းမျိုးစုံဈေးကွက် မှာ အမြင့်ဈေးဖြင့် ဆက်လက် အရောင်းအဝယ်သွက်နေရာ နှမ်းဖြူ ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၃၇၀၀၀၀၊နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၀၅၀၀၀၊ နှမ်းနက်စမုံ တစ်အိတ်လျှင် ငွေကျပ် ၃၄၅၀၀၀၊ နှမ်းဝါ(အသစ်) တစ်အိတ်လျှင် ငွေကျပ် ၃၀၅၀၀၀ ပေါက်ဈေး ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published.