ပို့ကုန်ပဲများဖြစ်သည့် မတ်ပဲနှင့် ပဲစင်းငုံမှာ ဈေးမြင့်တက်လာပြီး အရောင်းအဝယ်သွက်လာရာ ဆက်လက်ဈေးမြင့်တက်လာနိုင်

ရွှေမန်း

ပို့ကုန်ပဲများဖြစ်သည့် မတ်ပဲနှင့် ပဲစင်းငုံမှာ ဈေးမြင့်တက် လာပြီး အရောင်းအဝယ်သွက်လာရာ ဆက်လက်ဈေး မြင့်တက်လာနိုင်ကြောင်း ပဲ၊ နှမ်းကုန်သည်များထံမှ သိရသည်။အသစ်ဝင်ရောက်လာသည့် ပဲစင်းငုံအသစ်များ အဝင်ရှိ သလောက် အရောင်းအဝယ်သွက်လာရာ တစ်ပတ်အတွင်း သုံးတင်းဝင် တစ်အိတ် ကျပ် ၁၁၀၀၀ ခန့် ဈေးမြင့်တက်လာသည်။ အလားတူ မတ်ပဲဈေးမှာလည်း သုံးတင်းဝင် တစ်အိတ် ကျပ် ၁၂၃၀၀၀ ကျော် ဈေးဖြစ်လာရာ တစ်တင်း ကျပ်၄၀၀၀၀ စေ◌ျးအထက်ဖြစ်လာသည်။ ပဲတီစိမ်းမှာ ခရမ်း-သုံးခွ ပဲများ အသစ် မဝင်ရောက်သေးသော်လည်း လမ်းပဲများ စတင်ဝင်ရောက်နေသည်။ နှမ်းနက်မှာ တစ်အိတ် ကျပ် ၁၅၀၀၀၀၊ ၁၆၀၀၀၀၊ ၁၇၀၀၀၀ ပတ်ဝန်းကျင် အလတ်စများသာ အရောင်းအဝယ်ဖြစ်နေသည်။ ပဲသစ်အနေ ဖြင့် မြေ‌ေထာက်ပဲ၊ ပဲလွန်းဖြူ၊ စွန် တာပြာ ပဲများ ဈေးကွက်တွင် စတင်ဝင်ရောက်လာသည်။ ပို့ကုန်လမ်းကြောင်းများ ကောင်းမွန်ရန် လိုအပ်နေပြီး သို့မှသာ ပဲဈေးကွက် အဝယ်ကောင်းမှနျလာမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက် မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

“နှမ်းနက်ထိပ်စ အရည် ကောငျး ကို ပိုမိုဝယ်ယူလိုသော်လည်း ဈေးကွက်အတွင်း အဝင်နည်းလာသည်။ နှမ်းအရည်အသှေး အလိုက် ငွေကျပ် ၁၅၀၀၀၀၊ ၁၇၀၀၀၀ ကြားရှိ အလတ်စ နှမ်းတွေ အရောင်းအဝယ်သွက် နေတာပါ။ အသစ်ဝင်လာတဲ့ ပဲစင်းငုံဈေးက သုံးတင်း တစ်အိတ်ကို ငွေကျပ် ၁၁၆၀၀၀ ပေါက်ဈေးရှိလာတယ်။ ဈေးကွက်အတွင်း ဝင် သလောက် အဝယ်ရှိနေပါတယ်။ မတ်ပဲဈေးမှာ တစ်တင်း ကျပ် ၄၀၀၀၀ ဈေးအထက် မြင့်တက်လာပြီး အဝင်ကောင်းနေပါတယ်။ အခြားပြည်တွင်းသုံး ကုလားပဲ အုပ်စုဈေးမှာ ပြန်အေးသွားပါတယ်။ အသစ်ဝင် ပဲလွန်းဖြူ၊ မြေထောက်ပဲ၊ စွန် တွာပာ၊ ထောပတ်ပဲများ စတင်ဝင်လာပါပြီ ကုလားပဲအုပ်စုကတော့ အသစ်မဝင်သေး‌ေသာ်လည်း အရောင်းအဝယ်အေးစေ◌ျးကျဆင်းနေတယ်”ဟု ၎င်းက ပြောသည်။

မတ်ပဲ၊ ပဲစင်းငုံ

ဇန် နဝါရီလဆန်းပိုင်း ၆ ရက်တွင် မတ်ပဲနှင့် ပဲစင်းငုံမှာ ဈေးကွက်အတွင်း စတင်ဝင်ရောက်လာသည့် အရေအတွက် များလာတာကြောင့် အရောင်းအဝယ်ကောင်းလာကာ ယခင် သီတင်းပတျထကျ အသီးသီး ဈေးမြင့်တက်လာသည်။ ယခုသီတငျးပတျမှာ မတ်ပဲ သုံးတင်းဝင် တစ်အိတ် လြှငျကျပ် ၁၂၂၀၀၀- ၁၂၃၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ ပဲစင်းငုံမှာ ပိသာ ၆၀ ဝင် တစ်အိတျ လြှငျကျပ် ၁၁၆၀၀၀ ပေါက်ဈေးရှိနေသည်။ ပဲသစ်များ ဈေးကွက်အတွင်း ဝင်ရောက်မှု များလာတာကြောင့် မန္တလေးကုန်စည်ဒိုင်ပဲဈေးကွက်တွင် ပဲကုန်သည်များ အ လုပ်ဖြစ်လာသည်။ယခုနှစ် ပဲအသစ်ဈေးကွက်မှာ ယခင်နှစ်ပေါက်ဈေးများထက် ပိုမို ကောင်းမွန်နေပြီး တောင်သူများမှာလည်း စိုက်ပျိုးစရိတ် ပိုမို ကုန်ကျထားကြောင်း သိရသည်။

နှမ်းနက်

ဇန် နဝါရီလဆန်းပိုင်းတွင် အသစ် ဝင်ရောက်မှု နည်းလာသည့် နှမ်း နက်ထိပ်စများမှာ ဈေးကျဆင်းနေပြီးသုံးတင်းဝင် တစ်အိတ် လျှင် ကျပ် ၁၈၅၀၀၀ ပေါက်ရှိပြီး နှမ်းနက်အလတ်စ ငွေကျပ် ၁၄၀၀၀၀ မှ ၁၆၀၀၀၀ ကြား များသာ ဈေးကွက်အတွင်း ရောင်းလိုအား များနေသည်။ ဇန် နဝါရီ ၆ ရက်တွင် နှမ်းဖြူသစ်ရိုးရိုးမှာ တစ်အိတ် ကျပ် ၁၄၂၀၀၀၊ နှမ်းနက် တစ်အိတ် ကျပ် ၁၄၀၀၀၀-၁၈၅၀၀၀ အသီးသီး ပေါက်ဈေးရှိသည်။ပဲသစ်ရာသီမှာ ပို့ကုန်ပဲများ ဖြစ်သည့် ပဲစင်းငုံနှင့် မတ်ပဲမှာ ဈေးကွက်အတွင်း ပမာဏများများ ဝင်ရောက် လာတာနှင့်အတူ ပဲ၊ နှမ်း ဈေးကွက် စတင်လှုပ် ရှားလာသည့် သီတင်းပတ်ဖြစ်သော်လည်း ပြည် တွင်း သုံး ကုလားပဲ အုပ်စုမှာ ဈေးအနည်းငယ် ကျဆင်းသွားကြောင်း ပဲ ကုန်သည်များက သုံးသပ်ထားသည်။

Leave a Reply

Your email address will not be published.