ပို့ကုန်ပဲများနှင့် ပြည်တွင်းသုံးပဲမျိုးစုံ အမြင့်ဈေးအတိုင်း အရောင်းအဝယ်သွက်နေရာမှ မတ်လကုန်ရက်များတွင် ဈေးကျဆင်းလာ

ရွှေမန်း

ပြည်တွင်းသုံးကုလားပဲအုပ်စု ဈေးကျဆင်းသွားပြီး ပို့ကုန်မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းတို့လည်း လိုက်ပါ ဈေးကျဆင်းနေကြောင်း ပဲကုန်သည် များထံက သိရသည်။

မတ်တစ်လလုံး ပို့ကုန်ပဲများ အပါအဝင် ပြည်တွင်းသုံးကုလားပဲ အုပ်စု ဈေးမြင့်တက်နေရာမှ လကုန် ရက်ပိုင်းတွင် ဈေးကျဆင်းသွားရာ ပြည်တွင်းသုံးကုလားပဲ တစ်အိတ် ငွေကျပ် တစ်သောင်းခန့် ကျဆင်း သွားကြောင်း၊ ယင်းဈေးကျဆင်းမှု ကြောင့် ကုန်သည်များအနေဖြင့် ငွေလက်ဝယ်မထားဘဲ ပစ္စည်းရ သလောက် ဝယ်ယူမှုရှိနေကြောင်း သင်္ကြန်ကာလမတိုင်မီ ဈေးကျဆင်း ရခြင်းမှာ ငွေပေးငွေယူ မြန်ဆန်မှု နှင့် သယ်ယူပို့ဆောင်မှုစရိတ်တို့ မြင့်မားခြင်းကြောင့် ပဲဈေးကွက် တစ်ခုလုံး ဆက်လက်အရောင်း အဝယ်အေးသွားမည်ဖြစ်ကြောင်း ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

“ပဲဈေးကွက်တစ်ခုလုံး ဈေးကျဆင်းနေရာကနေ မတ် ၃၀ ရက်မှာ ဈေးကျဆင်းမှုရပ်သွားပါ တယ်။ V2 ကုလားပဲတစ်အိတ် ငွေကျပ် ၂၀၈၀၀၀၊ ပြည်တွင်းသုံး ကုလားပဲဈေးကို အခြေခံပြီး ကျန်ပဲတွေ ဈေးအတက်၊ အကျ ဖြစ်နေတာပါ။ ပြည်တွင်းသုံး ကုလားပဲဈေးက တစ်ပတ်အတွင်း ငွေကျပ် ၁၀၀၀၀ ခန့် ဈေးကျဆင်း သွားရာကနေ ဈေးပြန်လည်မြင့် တက်လာတာပါ။ ပြည်တွင်းပဲဈေး အတက်အကျက မြန်ဆန်လွန်းပြီး ကုန်သည်အများစုက ငွေလက်ထဲ မထားဘဲ ပစ္စည်းဝယ်ယူမှုသာ များ နေပါတယ်။ ပို့ကုန်ပဲတွေမှာ ပဲစင်း ငုံ သုံးတင်းဝင်တစ်အိတ် ငွေကျပ် ၂၂၆၀၀၀ အထိ ပေါက်ဈေးရှိနေ ပေမယ့် မတ်ပဲကတော့ တစ်အိတ် ငွေကျပ် နှစ်သိန်းနှင့်အောက် ကျ ဆင်းသွားပါတယ်။ ပို့ကုန်ပဲတွေ ကျဆင်းသလို သင်္ကြန်ကာလနီးတာ ကြောင့် သယ်ယူပို့ဆောင်မှုများ၊ ငွေပေးချေမှုများ၊ မကြာမီ ပိတ်ရက် ဖြစ်တော့မှာကြောင့် ပြည်တွင်းသုံး ပဲမျိုးစုံမှာလည်း လိုက်ပါဈေးကျ ဆင်းနေပါတယ်။ သင်္ကြန်ကာလ မတိုင်မီအထိ ပစ္စည်းအဝင်ရှိနေ သော်လည်း အရောင်းအဝယ် ခပ်အေးအေးသာ ဆက်လက်ရှိနေ ပါမယ်။ တရုတ်ပြည်မှ ကနေဒါ စားတော်ပဲများ ဝင်ရောက်လာတာ ကြောင့်လည်း ပြည်တွင်းသုံး ကု လားပဲအုပ်စု ဈေးကျဆင်းရခြင်း အကြောင်းအရင်းတစ်ခုဖြစ်ပါ တယ်´´ဟု ၎င်းက ပြောသည်။

မတ်လကုန်ရက်များတွင် ဈေးကျဆင်းလာသည့် ပို့ကုန် မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်းတို့မှာ သုံးတင်းဝင်တစ်အိတ် ငွေကျပ် နှစ် သိန်းနှင့် နှစ်သိန်းအောက်အထိ ဈေး ကျဆင်းသွားရာ မတ် ၃၀ ရက်တွင် မတ်ပဲ(သစ်)၆၀ ပိဿာ တစ်အိတ် ငွေကျပ် ၂၀၀၀၀၀၊ ပဲစင်းငုံ (သစ်) ၆၀ပိဿာတစ်အိတ် ငွေကျပ် ၂၂၆ ၀၀၀(ရောင်း)၊ ငွေကျပ် ၂၂၅၀၀၀ (ဝယ်)၊ ပဲတီစိမ်းရွှေဝါ (သစ်) ၅၆ ဒသမ ၂၅ ပိဿာ တစ်အိတ် ငွေကျပ် ၂၂၂၀၀၀ ပေါက်ဈေးသာ ရှိပြီး တစ်အိတ် ငွေကျပ် ၁၀၀၀၀ ခန့်ဈေးကျဆင်းသွားကြောင်း မန္တလေးကုန်စည် ဒိုင်ပေါက်ဈေး များအရသိရသည်။

ပြည်တွင်း ပဲ၊ နှမ်းဈေးကွက် တစ်ခုလုံး အမြင့်ဈေးဖြစ်နေရာမှ ပြည်တွင်းငွေဈေးနှင့်ရွှေဈေး ပြောင်း လဲမှုမရှိတာကြောင့်လည်း ဈေး အနည်းငယ်ကျဆင်းခြင်းဖြစ်ပြီး သင်္ကြန်ကာလမတိုင်မီ ငွေပေးချေမှု နှင့် ကုန်ပစ္စည်းပို့ဆောင်မှု ကြန့်ကြာ မှုများကြောင့်နှစ်စဉ်သင်္ကြန်ကာလ နီးတိုင်း ဈေးကျဆင်းလေ့ရှိကြောင်း ပဲကုန်သည်များထံက သိရသည်။

ယခုသီတင်းပတ် မတ် ၃၀ ရက်တွင် ကုလားပဲ V2 တစ်အိတ် မှာ ငွေကျပ် ၂၀၈၀၀၀၊ ပဲကြီး တစ် အိတ်ငွေကျပ် ၂၄၀၀၀၀၊ ပဲထော ပတ် တစ်အိတ် ငွေကျပ် ၂၄၂၀၀၀၊ မြေထောက်ပဲ တစ်အိတ် ငွေကျပ် ၂၈၅၀၀၀၊ မြေပဲအနီလုံးဆန် တစ် ပိဿာငွေကျပ် ၇၂၀၀-၇၅၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published.