ပို့ကုန်ပဲများနှင့်အတူ ပြည်တွင်းသုံးပဲများ ဈေးဆက်လက်ကျဆင်းနေ

ရွှေမန်း

ပို့ကုန်များနှင့်အတူ ပြည် တွင်းသုံးပဲများ ဈေးဆက်လက် ကျဆင်းနေကြောင်း ပဲကုန်သည် များထံက သိရသည်။

ပို့ကုန်ပဲများမှာ ဈေး ဆက် လက်ကျဆင်းနေခြင်းနှင့်အတူ ပြည်တွင်းသုံးပဲများလည်း လိုက် ပါ ဈေး ကျဆင်းနေခြင်းဖြစ်သည်။

ပဲနှမ်းဈေးကွက် တစ်ခုလုံး ဈေးကျဆင်းနေတာကြောင့် ပို့ ကုန်ဈေးတွေအပြင် ပြည်တွင်း သုံးပဲတွေအားလုံး ဈေးကျဆင်း နေကြောင်း တရုတ်လိုင်း အဝယ် ကောင်းသည့် ပဲမာလိုင်းများမှာ ဈေးကျဆင်းနေကြောင်း ပြည် တွင်းနယ်စုံမှ ပဲအသစ်တွေက အဝင်ရှိသလောက် အဝယ်မလိုက် ဖြစ်နေကြောင်း၊ ပဲဈေး ကျဆင်း လျှင် လှောင်လက်သမားတွေ အဝယ်ကောင်းသော်လည်း ယခု နှစ်မှာ ပဲလှောင်လက်သမားလည်း အဝယ် လျော့ကျနေကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော် သွင်က ပြောသည်။

“ ပြည်တွင်းပဲ ဈေးကွက် တစ်လုံး ဈေးကျဆင်းနေပါ တယ်။ ပြည်တွင်းသုံးကုလားပဲ များလည်း ဈေးကျဆင်းနေတာ ဒီနေ့တော့ ဈေးတန်းပြန်တက် လာပါတယ်။ ပဲမာလိုင်းများမှာ တစ်အိတ် ငွေကျပ် ၄သိန်းကျော် ပေါက်ဈေးရှိတဲ့ ပဲကြီးတွေဆို ရင် တစ်အိတ် ငွေကျပ် ၂ သိန်း ကျော်ပဲ ပေါက်ဈေးရှိတော့တယ်။ နယ်စုံက ပဲတွေ အရင်သိမ်းထား တာမရှိတော့ဘဲ ဈေးကွက်အတွက် ချက်ချင်းတင်ပို့နေတော့ ပဲတွေ အဝင်များနေတာပါ။ ပဲဈေးကျချိန် လှောင်လက်သမားတွေ အဝယ် လေ့ရှိပေမယ့်။ ဒီနှစ်မှာ လှောင် လက်သမားတွေ ဝယ်လိုအား ကျဆင်းနေတာပါ။ ယခင်က အိတ် ၁၀၀၀ လောက်ဝယ်တဲ့ လှောင်လက်သမားတွေက ဒီနှစ် အိတ် ၁၀၀ လောက်သာဝယ်တော့ ပဲဈေးတွေကျဆင်းနေတာပါ။ အဝင်ပဲတွေကို အထွက်အခြေ အနေပေါ်မူတည်ပြီး ဈေးက တက်တာပါ။ လက်ရှိမှာ တရုတ် နိုင်ငံသို့ တင်ပို့တဲ့ ကားခတွေက ဈေးမြင့်နေတော့ ပဲကုန်သည်တွေ ပဲအဝယ်လျော့ကျနေတာပါ။ လက်ရှိမှာ ပဲကုန်သည်တွေ အမှာ စာရှိသလောက်သာ ဝယ်ယူပေး တာမျိုးဖြစ်နေတာမို့ ပဲဈေးတန်း က ကျနေခြင်းဖြစ်တယ်´´ ဟု ၎င်းက ပြောသည်။

မတ် ၂၁ ရက်တွင် ပို့ကုန်ပဲ များ ဈေးကျဆင်းနေရာ မတ်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၇၅၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၃၅၂၀၀၀ ပေါက်ဈေး ဖြစ်လာ သည်။ ပဲတီစိမ်းအညာ တစ်အိတ် လျှင် ငွေကျပ် ၁၅၀၀၀၀ ပေါက် ဈေးဖြင့် ဈေးမြင့်တက်လာ သည်။

ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ အနည်းငယ်ဈေးကျဆင်း နေရာ မတ် ၂၁ ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၄၀၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၂၄၅၀၀၀၊ ထိုင်ဝမ် ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၂၈၀၀၀၊ ၉၂၉ ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၃၆၀၀၀ အသီးသီး ဈေးကျဆင်းလာသည်။
ပြည်တွင်းသုံး ပဲမာလိုင်း များမှာ နယ်စုံမှ အသစ်ဝင်ရောက် မှုများနေတာကြောင့် ဈေးကျဆင်း နေရာ ပဲကြီးတစ်အိတ်လျှင် ငွေ ကျပ် ၂၅၅၀၀၀၊ ပဲထောပတ် တစ်အိတ်လျှင် ငွေကျပ် ၃၆၅၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေ ကျပ် ၃၁၀၀၀၀၊ ကျွန်းစားတော် ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀၊ ကနေဒါစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၄၁၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲအနီ လုံးဆန်(မြင်းမူ) တစ်ပိဿာ လျှင် ငွေကျပ် ၇၈၀၀-၈၀၀၀ ဈေး ကျဆင်းနေသည်။

မတ် ၂၁ ရက်တွင် နှမ်းမျိုးစုံ အနည်းငယ် ဈေးကျဆင်းသွားရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ် အိတ်လျှင် ငွေကျပ် ၄၀၅၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀၊ နှမ်းဝါတစ်အိတ်လျှင် ငွေကျပ် ၃၂၅၀၀၀၊ နှမ်းနက်စမုန် တစ်အိတ်လျှင် ငွေကျပ် ၄၀၅၀၀၀ အသီးသီးပေါက်ဈေးရှိနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published.