ပို့ကုန်ပဲကုန်သည်များ အဝယ်အေးနေတာကြောင့် ပဲ၊ နှမ်း ဈေးကွက်တစ်ခုလုံးဆက်လက်ဈေးကျဆင်းနေ

ရွှေမန်း

ပို့ကုန်ပဲကုန်သည်များ အဝယ် အေးနေတာကြောင့် ပဲ၊ နှမ်း ဈေးကွက်တစ်ခုလုံး ဆက်လက်ဈေး ကျဆင်းနေကြောင်းပဲနှမ်းကုန် သည်များထံက သိရသည်။

ပြည်ပ ပို့ကုန်သမား အဝယ် လက်တွေ အဝယ်ရပ်နေပြီး တရုတ် လိုင်း ကုန်သည်တွေလည်း အဝယ် ရပ်နှစ်ခုဆုံနေတာကြောင့်လည်း ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး အရောင်း အဝယ် အေးခြင်းဖြစ်ကြောင်း နှမ်း မျိုးစုံ တစ်အိတ် ငွေကျပ် ၂၀၀၀၀-၃၀၀၀၀ ထိ ကျဆင်းသွားကြောင်း ဦးကျော်သွင်(ရွှေစင်သိန်း)ပွဲရုံက ပြောသည်။

“ ပဲ၊နှမ်းဈေးကွက်ကတော့ ဘက်စုံအေးနေပါတယ်။ တရုတ် လိုင်းသမားတွေကလည်း ကောင်း ကောင်း မဝယ်တော့ဘူး။ ပို့ကုန် သမားတွေကလည်း အဝယ်အေး နေတယ်။ မတ်ပဲတွေ လည်းဈေး ကျ ၊ ပဲစင်းငုံတွေလည်း တစ်အိတ် ကို ငွေကျပ် သုံးသိန်းအောက် ထိရောက်သွားတယ်။ နှမ်း၊ ပဲတီ စိမ်းတွေလည်း ဈေးကျသွားတယ်။ နှမ်းတွေကတော့ တစ်အိတ် ငွေ ကျပ် ၂၀၀၀၀-၃၀၀၀၀ ထိ ဈေးကျ ဆင်းသွားတယ်။ နိုင်ငံခြားပို့ ကုန်ပဲ တွေဈေးအေးတော့ ကျန်တဲ့ပဲတွေ လည်း အကုန်လိုက်အေး ကုန်တာ ပေါ့။ရှေ့ဈေးကွက် အလားအလာ ကလည်း ခန့်မှန်းရခက်တယ်´´ ဟု ၎င်းက ပြောသည်။

ဇူလိုင် ၁၃ သုံးတင်းဝင် မတ်ပဲ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေ ကျပ် ၂၁၅၀၀၀ ပေါက်ဈေး၊ ပဲစင်း ငုံ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေ ကျပ် ၂၉၃၀၀၀ သာ ပေါက်ဈေး ရှိတော့သည်။ တရုတ်ကုန်သည် များ အဝယ်ရပ်သွားသောကြောင့် ပဲတီစိမ်းအညာ ၅၆ ဒသမ ၂၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၁၇၁၀၀၀ပေါက်ဈေးရှိတော့သည်။

ပြည်တွင်းသုံး ကုလားပဲအုပ်စု မှာ ဇူလိုင် ၁၃ရက်တွင် ဆက် လက်ဈေးကျဆင်းနေရာ ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၄၈၀၀၀၊ V7တစ်အိတ်လျှင် ငွေကျပ် ၂၅၀၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၀၀၀၀၊ ၉၂၉ ကုလားပဲတစ် အိတ်လျှင် ငွေကျပ် ၂၄၉၀၀၀ ပေါက်ဈေး ဖြစ်နေသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၃၂၀၀၀၀၊ မြေ ထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၂၅၀၀၀၊ ကျွန်းစားတော်ပဲ တစ် အိတ်လျှင် ငွေကျပ် ၄၀၀၀၀၀၊ မြေပဲအနီလုံးဆန် တစ်ပိဿာ ငွေကျပ် ၈၇၀၀ ပေါက်ဈေးရှိ ကြောင်း သိရသည်။

နှမ်းမျိုးစုံဈေးကွက်မှာ ဇူလိုင် ၁၃ရက်တွင် သိသိသာဈေးကျ ဆင်းသွားရာ နှမ်းဖြူ (ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၃၆၅၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀၊ နှမ်းနက်စမုံ တစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published.