မကွေး သြဂုတ်၁၉ “မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် ကြီးအုံ/ကြီးဝဆည် ရေလွှမ်းဧရိယာနှင့် မလွတ်၍ ယာမြေများသိမ်းခံရပြီး ရွာမြေနေရာချထားပြီးနောက် ပိုလျှံမြေဖြစ်သောယာမြေများအား မူလလုပ်ပိုင်ခွင့်ရ တောင်သူများထံ ပြန်လည်စွန့်လွတ်ခဲ့ရာတွင် မြေနီကုန်းကျေးရွာ တောင်သူ၁၂ဦးကွက်ကျန်နေခဲ့သည်ဟုဆိုကာ အဆိုပါတောင်သူများက ယနေ့ သြဂုတ်လ ၁၉ရက်နေ့က မကွေး ဟိုက်ကလပ်ဂါဒင်းစားသောက်ဆိုင်တွင် သတင်း မီဒီယာများနှင့် တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ “ကြီးအုံ/ကြီးဝဆည်တည်ဆောက်ပြီး စေတုတ္တရာမြို့နယ်၊ အိမ်ခြေ၂၇၀ရှိ မြေနီကုန်းကျေးရွာသည် တမံ၏ရေမြုပ်ဧရိယာအတွင်း သတ်မှတ်ခံခဲ့ရပြီး ၂၀၁၀ခုနှစ်တွင် ရွာနေရာပြောင်းရွေ့ခဲ့ရကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်သော တောင်သူများကပြောပါတယ်။ “ကျွန်တော်တို့ မြေနီကုန်းကျေးရွာ ပြောင်းရွေ့တော့ ရေမြုပ်ဧရိယာနဲ့လွတ်တဲ့ ကုန်းမြင့်ပိုင်းက တောင်သူ၂၉ဦးပိုင် လုပ်ကိုင်စားသောက်နေတဲ့ယာမြေတွေ သိမ်းဆည်းခံခဲ့ရပါတယ်၊ သိမ်းဆည်းခံရတဲ့ယာမြေတွေပေါ်မှာ အိမ်ခြေ၂၇၀အတွက် (၁၀၀×၁၀၀)ပေအကွက်တွေချထားပေးပါတယ်၊ ပြီးတော့ စာသင်ကျောင်း၊ ဆေးပေးခန်း၊ ရပ်ရွာစုရပ်ဆောင်၊ ရပ်ကျေးအုပ်ချုပ်မှူးရုံးနဲ့ ဓမ္မာရုံတွေဆောက်ဖို့ နေရာချထား အသုံးပြုပြီးဖြစ်ပါတယ်၊ အသုံးပြုပြီး ပိုလျှံယာမြေတွေထဲက တောင်သူ၂ဦးကိုတော့ ပြန်ပေးပြီး ကျွန်တော်အပါအဝင်တောင်သူ၁၂ဦးကိုတော့ ကနေ့အထိပြန်မပေးသေးလို့ အခုလိုသတင်းစာရှင်းလင်ပွဲပြုလုပ်ရတာပါလို့ မြေနီကုန်းကျေးရွာနေ ယာမြေအသိမ်းခံရသူ တောင်သူဦးငွေခဲက ပြောပါတယ်။ “ကျွန်တော်တို့ အသိမ်းခံရစဥ်က ယာမြေဧက၃၀ကျော်ပါတယ်၊ ရွာတည်ဆောက်ပြီး တောင်သူ၁၂ဦးရဲ့ ပိုလျှံယာမြေ ၁၃ဧကကျော်ရှိပါတယ်၊ မသက်ဆိုင်သူတွေက ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ နားလည်မှုယူပြီး အိမ်ဆောက်၊ ယာခုတ်လုပ်ကိုင်နေကြပါတယ်၊ ကျွန်တော်တို့မူလယာပိုင်ရှင်တွေအနေနဲ့ စားဝတ်နေရေးကျပ်တည်းလာနေလို့ ပိုလျှံယာမြေတွေ အမြန်ဆုံး ပြန်ပေးစေချင်ပါတယ်လို့ မြေနီးကုန်းကျေးရွာ ယာမြေအသိမ်းခံရသူ တောင်သူ ဦးခင်မောင်ဝင်းက ပြောပါတယ်။ “အဆိုပါတောင်သူ၁၂ဦးက ပိုလျှံယာမြေများ ပြန်လည်ရရှိရေးအတွက် မြို့နယ်၊ ခရိုင်၊ တိုင်းလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုပြန်လည်စီစစ်ရေကော်မတီများအပါအဝင် နိင်ငံတော်သမ္မတထံအထိ တင်ပြတောင်းဆိုထားကြောင်း သိရပါတယ်။ “စေတုတ္တရာမြို့နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စီစစ်ရေးကော်မတီ ဥက္ကဌမြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မင်းနိင်က ဗဟိုလယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စီစစ်ရေးကော်မတီ မနေ့ကပြုလုပ်တဲ့ (၃၆)ကြိမ်မြောက်အစည်းအဝေးမှာ အခုကိစ္စကို စီစစ်ပြီးပြန်လည်တင်ပြဖို့ ခိုင်းထားပါတယ်၊ တစ်ပတ်အတွင်း တိုင်းမှာပါ၊ တိုင်းပြီးရင်တော့ မူလလက်ငုတ်လုပ်မလုပ်၊ ပြေစာရှိမရှိ၊ ပြေစာမရှိရင်လဲ ဘေးပတ်ဝန်ကျင်က တကယ်လုပ်တယ်ဆိုတဲ့သက်သေတွေ ရှိရင် မှန်မှန်ကန်ကန်စီစစ်ပြီး မူလတောင်သူတွေပြန်ပေးဖိုးဆောင်ရွက်နေပါတယ်၊ ပထမအကြိမ်စီစစ်ပြီး တောင်သူ၂ဦးကို ပြန်ပေးပြီးပါပြီလို့ ပြောပါတယ်။ရွာသား(မကွေး)မကွေးဂျာနယ်
FlashNews:
5526
ပြည်ပဝယ်လိုအားကြောင့် ဈေးကောင်းလာနိုင်သည့် ငရုပ်စျေးကွက်
အတက်အကျဈေး မတည်ငြိမ်သော်လည်း အရောင်းအဝယ်ကောင်းနေသည့် နှမ်းနက်ဈေးကွက်
ဘယ်သူတွေ တီဘီရောဂါ ဖြစ်နိုင်ခြေပိုများသလဲ
တီဘီရောဂါလက္ခဏာများ
ကြက်သွန်နီအသစ်များ ပေါ်နေပြီဖြစ်၍ ကြက်သွန်ဈေးကွက် အငြိမ်ပိုင်းတွင် ရှိနေ
တရုတ်တင်ပို့ရန်လိုအပ်ချက်များလာတာကြောင့်နှမ်းနက်ဈေးကွက် ဆက်လက် မြင့်တက်လာ
သစ်တောပြုန်းတီးခြင်းနှင့် ကာဗွန်ဒိုင်အောက်ဆိုက်
ဘယ်အရာတွေက ကာဗွန်ဓာတ်ငွေ့တွေ ထုတ်လွှင့်နေသလဲ
ပိုချိုမြတဲ့ရွှေရောင် ပျားအုံသစ်
မြန်မာ့ပြောင်းဆန် ဖိလစ်ပိုင် အများဆုံးဝယ်ယူ
အိမ်အတွင်းစိုက်ပျိုးမြန်မာတို့အကြိုက်ရွှေဖရုံ
ကောက်စိုက်သမတစ်ဦး ရဲ့ တစ်နေ့တာ
ပိုချိုမြတဲ့ရွှေရောင် ပျားအုံသစ်
အိမ်အတွင်းစိုက်ပျိုးမြန်မာတို့အကြိုက်ရွှေဖရုံ
ဆောင်းဖရဲသီးများ တရုတ်နိုင်ငံသို့လွယ်ဂျယ်နှင့် မိုင်းလားနယ်စပ်ဂိတ်ပေါက်များမှ တင်ပို့နေရ
နယ်စုံမှ အသစ်ဝင်မြေပဲဆန်နှင့် နှမ်းမျိုးစုံဈေးကွက် အနည်းငယ်ကျဆင်းနေ ပို့ကုန်မတ်ပဲဈေးငြိမ်
ကောက်စိုက်သမတစ်ဦး ရဲ့ တစ်နေ့တာ
ဘယ်အရာတွေက ကာဗွန်ဓာတ်ငွေ့တွေ ထုတ်လွှင့်နေသလဲ
သတင်းများ
” ပိုလျှံမြေဖြစ်သောယာမြေများအား မူလလုပ်ပိုင်ခွင့်ရ တောင်သူများထံ ပြန်လည်စွန့်လွတ်ခဲ့ရာတွင် တောင်သူ၁၂ဦးကွက်ကျန်နေခဲ့သည်ဟုဆိုကာ သတင်းစာရှင်းလင်းပွဲပြုလုပ်”

Leave a Reply