နှစ်ဆန်း၁ရက်နေ့ သရက် အကျဉ်းထောင်မှ အကျဉ်းသား ၂၂၇ ဦး လွတ်မြောက်

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြစ်ဒဏ်ကျခံလျက်ရှိသူများ အနက်မှ ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်းတစ်ရက်နေက သရက်အကျဉ်းထောင်မှ အကျဉ်းသူ၊ အကျဉ်းသား ၂၂၇ ဦးလွတ်မြောက်ခဲ့ကြောင်း၊ တစ်နိင်ငံလုံးရှိအကျဥ်းထောင်များမှ အကျဉ်းသား ၂၄၈၉၆ဦးကို လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း သိရပါတယ်။
ယနေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် သရက် အကျဉ်းထောင် အကျဉ်းသားများထဲမှ အမျိုးသား ၁၉၉ ဦး၊ အမျိုးသမီး အကျဉ်းသူ ၂၈ ဦးဖြစ်ကြောင်း၊ ဆင်ပေါင်ဝဲ ဘဝသစ်အကျဉ်းစခန်းမှ ၁၅၈ ဦး လွတ်လာခဲ့ကြောင်း သိရပါတယ်။
လွတ်လာသော အကျဥ်းသူ အကျဥ်သားများ မိမိနေရပ်ပြန်ရန်အတွက် ရေလမ်း
ကားလမ်းများကို သက်ဆိုင်ရာတာ
ဝန်ရှ်ိသူများက ကူညီဆောင်ရွက်ပေး
ခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၁၇ ရက်နေ့ သမ္မတဦးဝင့်မြင့်၏ လွတ်ငြိမ်း သက်သာခွင့်တွင် သေဒဏ်ကျခံရသူများကို ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်သို့ ပြောင်းလဲပေးခြင်းနှင့် ထောင်ဒဏ် နှစ် (၄၀) အထက် ကျခံနေရသူများကို ထောင်ဒဏ် နှစ် ၄၀ သို့ ပြစ်ဒဏ်များ လျှော့ပေးခဲ့ကြောင်း သိရပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်
သတင်းဓါတ်ပုံ ပေါက်ကလေး(သရက်)

Leave a Reply

Your email address will not be published.