နွေစပါးချေးငွေ ကျပ်၁၅ဘီလီယံ ထပ်ထုတ်ချေး ပေးရန် လျာထား

ရွှေမန်း

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကို နွေစပါးချေးငွေအဖြစ် ကိုဗစ်၁၉ ရန်ပုံငွေကနေ ကျပ်၁၅ဘီလီယံ ထပ်မံထုတ်ချေး ပေးဖို့ လျာထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနကနေ သိရသည်။

ကိုဗစ်ရန်ပုံငွေကနေ နွေစပါးချေးငွေ ထုတ်ချေးပေးဖို့ Covid-19ကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က တင်ပြထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလက ဆန်စပါးအသင်းချုပ်ကို ကိုဗစ်၁၉ ရန်ပုံငွေကနေ မိုးစပါးချေးငွေအဖြစ် အတိုး၃ရာခိုင်နှုန်းဖြင့် ကျပ်၁၅ဘီလီယံကို ကာလတိုချေးငွေ ထုတ်ချေးပေးခဲ့ပြီး လက်ရှိမှာတော့ ဒီချေးငွေအတွက် အတိုးအရင်းအားလုံး ပြန်လည်ပေးချေပြီးဖြစ်တာကြောင့် ထပ်မံထုတ်ချေးရန် လျာထားဆောင်ရွက်နေတာ ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဒေါက်တာဝါဝါမောင်က ပြောသည်။

ချေးငွေရရှိရင် ဆန်စပါးအသင်းချုပ်က တာဝန်ယူပြီး ဆန်စပါးစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူတွေတွေကို ပြန်လည် ထုတ်ချေးပေးသွားမှာ ဖြစ်ကြောင်း သိရသည်။
ထိုပြင် ချင်းတောင်မှာရှိသည့် ဝဉစိုက်ပျိုးထုတ်လုပ်သူတွေ အတွက် ကိုဗစ်ရန်ပုံငွေကနေ ချေးငွေထုတ်ပေးသွားရန် ဆောင်ရွက်နေပြီး ၂၀၂၀ပြည့်နှစ် ဧပြီလကစပြီး ကိုဗစ်ကြောင့် ထိခိုက်မှုရှိခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ကိုဗစ်ရန်ပုံငွေကနေချေးငွေ ထုတ်ချေးပေးခဲ့သည်။ ယ ခုချိန်မှာတော့ ချေးငွေရယူထားသူတွေက အတိုးရောအရင်းပါ ပြန်လည်ပေးဆပ်ပြီးဖြစ်ကြောင်းသိရသည်။
တောင်သူများအနေဖြင့်လည်း စက်သုံးဆီ နှင့် သွင်းအားစုစျေးကြီးမြင့်လာမှုကြောင့် စိုက်ပျိုးစရိတ် ယခင်နှစ်များထက်ပိူမိုကုန်ကျလျက်ရှိကြောင်းသိရသည်။

Leave a Reply

Your email address will not be published.