နိုင်ငံတကာ က ကုန်ပစ္စည်းတွေကို ရန်ကုန်ဆိပ်ကမ်း မှ တဆင့် တရုတ် ပြည်နယ်များနှင့် ချိတ်ဆက် မည့် ကုန်သွယ်လမ်းကြောင်းသစ် ဖောက်လုပ်ရန် ဆွေးနွေးမှု စတင်

ရွှေမန်း

နိုင်ငံတကာက ကုန်ပစ္စည်းတွေကို ရန်ကုန်ဆိပ်ကမ်းကတစ်ဆင့် နယ်စပ်ကို ဖြတ်သန်ပြီး တရုတ်နိုင်ငံ တောင်ပိုင်းနဲ့ အနောက်ပိုင်း ပြည်နယ်တွေထံ ဆက်လက်ဖြန့်ဖြူးနိုင်ရေးအတွက် ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖောက်လုပ်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်းသိရသည်။ဖေဖော်ဝါရီ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးနဲ့ တောင်အာရှအနာဂတ်ရင်းနှီးမြှုပ်နှံမှုအုပ်စု (SAFIG) တို့ တွေ့ဆုံမှုအတွင်း အထက်ပါအကြောင်းအရာကို ထည့်သွင်းဆွေးနွေးခဲ့ကြခြင်းလည်း ဖြစ်ကြောင်းသိရသည်။ ထိုသို့ဆွေးနွေးမှုများတွင် ရေထွက်ပစ္စည်း၊ အိမ်ခြံမြေ၊ မြို့ပြအခြေခံ အဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားကဏ္ဍဖွံ့ဖြိုးရေး၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး၊ အွန်လိုင်းကတစ်ဆင့် မြန်မာ့ထွက်ကုန်များ ရောင်းချရေးနဲ့ ကျောက် မျက်လုပ်ငန်းတို့မှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆောင်ရွက်သွားဖို့လည်း ဆွေးနွေးခဲ့ကြသည်။၂၀၂၁ခုနှစ် ဩဂုတ်လကုန်ပိုင်းမှာ တရုတ်နိုင်ငံဘက်ခြမ်းမှာ BRI စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ ချိတ်ဆက်ထားတဲ့ ရထားလမ်းကို ဖွင့်လှစ်ခဲ့သည်။ထိုရထားလမ်းကို အသုံးပြုပြီး တရုတ် ယူနန်ပြည်နယ်အတွက် လိုအပ်တဲ့ ကုန်စည်တွေကို မြန်မာဘက်ခြမ်း ရန်ကုန်ဆိပ်ကမ်းကတစ်ဆင့် ချင်းရွှေဟော်နယ်စပ်ကို ပို့ဆောင်ပြီး အဲ့ဒိကနေ တရုတ်နိုင်ငံ၊ ချန်တူးမြို့သို့ သုံးရက်အတွင်း ပို့ဆောင်နိုင်မည်ဖြစ်ကြောင်းသိရသည်။

2727

Leave a Reply

Your email address will not be published.