နိုင်ငံတကာသကြားစျေး မြင့်တက်လာတာနှင့်အတူပြည်တွင်းသကြားဈေး ရက်ပိုင်းအတွင်း တစ်ပိဿာ ကျပ် ၂၄၅၀ ထိ စံချိန်တင်မြင့်တက်လာ

ရွှေမန်း

နိုင်ငံတကာသကြားစျေး မြင့်တက်လာတာနှင့်အတူပြည်တွင်းသကြားဈေး ရက်ပိုင်းအတွင်း တစ်ပိဿာ ကျပ် ၂၄၅၀ ထိ စံချိန်တင်မြင့်တက်လာကြောင်း သကြားကုန်သည်များထံက သိရသည်။

ပြည်တွင်းသကြားဈေးကွက်၌ ဒေါ်လာဈေးမြင့်တက်လာခြင်းကြောင့် စက်တင်ဘာလအတွင်း၌ ရက်ပိုင်း အတွင်း သကြားတစ်ပိဿာ ကျပ် ၂၀၀ ဈေးမြင့်တက်လာခဲ့ရာ လက်ရှိပေါက်ဈေးတွင် တစ်ပိဿာ ၂၄၅၀ ကျပ်ဖြစ်ကြောင်းသိရသည်။

စက်တင်ဘာ ၉ ရက်ထိ သကြား တစ်ပိဿာ၂၂၅၀ ကျပ်ဖြင့်တည်ငြိမ်နေ သော်လည်း စက်တင်ဘာ ၁၃ ရက်နေ့တွင် နိုင်ငံတကာသကြားစျေးမြင့်တက်လာတာကြောင့် တစ်ပိဿာ ၂၄၅၀ ကျပ်ပေါက်ဈေးရှိသဖြင့် ၄ ရက်အတွင်း ကျပ် ၂၀၀ မြင့်တက်လာခြင်းဖြစ်သည်။

“ကမ္ဘာဈေးပြန်ကြည့်ရင်လည်းFOBဈေးက သကြားတစ်တန်ကိုဒေါ်လာ ၆၀၀ ကျော်သွားပြီ။အဲလို မြင့်လာတော့ ပြည်တွင်းသကြားလက်ကျန်ရှိနေပေမယ့်ကုန်သည်တွေကလည်း သကြားဈေးဆွဲတင်လာတယ်။ပြည်တွင်း သ ကြားဈေးက နိုင်ငံတကာသကြာဈေးတက်တာနဲ့အတူ ပြည်တွင်းငွေလဲနုန်းတွေကြောင့်ဈေးတက်လာပါတယ်” ဟု မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်းဥက္ကဌ ဦးဝင်းဌေးကပြော သည်။

ပြည်တွင်းသကြားဈေးကွက်အရ စက်တင်ဘာလဆန်းရက်က တစ်ပိဿာ ၂၂၅၀ ကျပ်ရှိခဲ့ပြီး တစ်ရက်လျင် ၁၀၀ ကျပ်နုန်းမြင့်တက်လာခဲ့ရာ စက်တင်ဘာ ၁၀ ရက်တွင် ၂၃၀၀ ကျပ်၊၁၂ ရက်တွင်၂၃၅၀ ကျပ်၊၁၃ ရက် တွင် ၂၄၅၀ ကျပ်ဖြစ်ရာ စက်တင်ဘာ ၁၀ ရက်မှ ၁၃ ရက်နေ့အတွင်းသကြားတစ်ပိဿာ ကျပ် ၂၀ဝမြင့်တက်ခဲ့ ခြင်းဖြစ်သည်။

“သကြားစက်ရုံတွေက လေလံပစ်ပြီးသားသကြားများကို နိုဝင်ဘာလထိပဲ ထားခွင့်ပေးထားတာဆိုတော့အဲဒီနောက်ပိုင်းမှာ ဈေးကျ သွားနိုင်တယ်။ခုလိုဈေးတက်လာတာကလည်း ပြည်တွင်းစားသုံးမှုမလုံလောက်လို့မဟုတ်ဘဲ ကမ္ဘာ့ဈေးကွက်နဲ့ ငွေလဲနုန်းတွေကြောင့်ပါ”ဟု ၎င်းကဆက်လက်ပြောကြားသည်။

သကြားစက်များမှ သကြားထုတ်လုပ်မှုအတွက် ကြံတောင်သူများထံမှ သြဂုတ်လက ကြံတစ်တန်လျင် စက်ရုံ အရောက်ကျပ် ၈၀၀၀၀ ဈေးပေးခဲ့ရာ စက်တင်ဘာ ၃ ရက်နေ့တွင် ရှမ်း/မြောက်ဒေသမှ သကြားစက်များက ကျပ် ၉၀၀၀၀ ထိဈေးပေးဝယ်ယူလာကြောင်းသိရသည်။

Leave a Reply

Your email address will not be published.