နိုင်ငံခြားပို့ကုန်ပဲများ ဈေးများမြင့်တက်နေသော်လည်း ပြည်တွင်းသုံးကုလားပဲများအပါအဝင် အားလုံး ဈေးတည်ငြိမ်နေ

ရွှေမန်း

နိုင်ငံခြားပို့ကုန်ပဲများ ဈေးများ မြင့်တက်လာနေသော်လည်း ပြည် တွင်းသုံးကုလားပဲများ အပါအဝင်အား လုံးဈေးတည် ငြိမ်နေကြောင်း ပဲ၊နှမ်းကုန်သည် များထံက သိရသည်။

ပြည်တွင်း ပဲ၊နှမ်းဈေးကွက် မှာ လက်ကျန်ပဲ စောစောကုန် တာကြောင့် အမြင့်ဈေးများဖြစ်နေ သော်လည်း လက်ရှိအချိန် မိုး ရာသီဖြစ်တာကြောင့် အနည်းငယ် ဈေးမြင့်နေခြင်းသာဖြစ်သော်လည်း အရောင်းအဝယ် ခပ်အေးအေးသာ ရှိနေသည်။

နိုင်ငံခြားပို့ကုန်ပဲများ ဈေး များ ပြန်လည်မြင့်တက်လာသော် လည်း ပြည်တွင်းသုံးကုလားပဲနှင့် နှမ်းမျိုးစုံဈေးကွက် ဆက်လက် ကျဆင်းနေကြောင်း၊စားအုန်းဆီ ဈေးကျဆင်းမှုနှင့်အတူ ပြည်တွင်း မြေပဲဆန်ဈေးမှာလည်း လိုက်ပါ ဈေးကျနေကြောင်း လက်ကျန် နည်းလာသည့် ပြည်တွင်းသုံး ကုလားပဲများမှာ အမြင့်ဈေးဖြင့် ဈေးတည်ငြိမ်နေကြောင်း လက်ရှိ အချိန်တွင် နိုင်ငံတော်အဆင့် ကုန်ဈေးနှုန်းကျဆင်းရေး ဆောင် ရွက်နေတာကြောင့် လာမည့် သီတင်းပတ်များတွင် ဈေးနှုန်း များ မြင့်တက်နိုင်စရာမရှိကြောင်း ရွှေစင်သိန်းပွဲရုံမှ ဦးကျော်သွင်က ပြောသည်။

“ ပို့ကုန်မတ်ပဲနဲ့ပဲစင်းငုံက တော့ ဈေးပြန်မြင့် တက်လာပါ တယ်။ ပြည်တွင်းသုံး ကုလားပဲ ဈေးတစ်ခုပဲလက်ကျန်အရမ်းနည်း လာတော့ ဈေးမကျတာပါ။ ကျန် တဲ့ပဲတွေကတော့ ဈေးခပ်အေး အေး ဖြစ်နေပါတယ်။ ပဲတီစိမ်း လည်း ဈေးကျတယ်။ နှမ်းမျိုးစုံက လည်း ဈေးကျတယ်။ မြေပဲဆန် ဈေးကလည်း တရုတ်မသွားနိုင် သေးတာရယ် စားဆီဈေးတွေလည်း ကျတော့ သူလည်း ဈေးလိုက်ကျ နေပါတယ်။ နိုင်ငံတော်ကလည်း ကုန်ဈေးနှုန်းတည်ငြိမ်ရေး ဆောင် ရွက်နေတာဖြစ်လို့ နောက်သီတင်း ပတ်မှာလည်း ပဲ၊နှမ်းဈေးကွက်က ဈေးတွေတက်စရာ မရှိပါဘူး ´´ဟု ၎င်းက ပြောသည်။

စက်တင်ဘာ ၇ရက်တွင် သုံးတင်းဝင် မတ်ပဲ ပိဿာ ၆၀ တစ်အိတ်လျှင်ငွေကျပ် ၂၄၅၀၀၀ ပေါက်ဈေး၊ ပဲစင်းငုံပိဿာ ၆၀ တစ်အိတ်လျှင်ငွေကျပ် ၃၈၅၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ ပဲတီ စိမ်းအညာ ၅၆ဒသမ၂၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ်၁၆၀၀၀၀ ပေါက်ဈေးဖြစ်လာသည်။

ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ဈေးမြင့်တက်နေရာမှ အနည်းငယ်ပြန်လည်ကျဆင်းသွား ရာ စက်တင်ဘာ ၇ ရက်တွင် ကုလားပဲ V2တစ်အိတ်လျှင် ငွေကျပ် ၂၇၂၀၀၀၊V7 တစ်အိတ် လျှင် ငွေကျပ်၂၈၂၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၅၀၀၀၊၉၂၉ကုလားပဲတစ်အိတ် လျှင် ငွေကျပ်၂၇၁၀၀၀ ပေါက် ဈေး ဖြစ်လာသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၃၀ç၀၀၀၊ (မျိုး)၃၄၀၀၀၀၊ ပဲ ထောပတ်တစ်အိတ်လျှင် ငွေကျပ် ၃၇၅၀၀၀၊မြေထောက်ပဲတစ်အိတ် လျှင် ငွေကျပ်၃၇၀၀၀၀၊ ကျွန်း စားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၈၀၀၀၀၊ ကနေဒါစားတော်ပဲ တစ်အိတ် ငွေကျပ် ၂၂၀၀၀၀၊ မြေပဲအနီလုံး ဆန်(ဝိုင်း)တစ် ပိဿာငွေကျပ် ၉၁၀၀ ပေါက် ဈေးရှိသည်။

နှမ်းမျိုးစုံဈေးကွက်မှာ ယခင် သီတင်းပတ်ထက် သိသိသာသာ ဈေးကျဆင်းသွားရာ နှမ်းဖြူ (ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ်၃၉၀၀၀၀၊နှမ်းညို တစ် အိတ်လျှင် ငွေကျပ် ၃၁၅၀၀၀၊ နှမ်းနက်စမုံ တစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀ ပေါက်ဈေး ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published.