နယ်စုံမှ အသစ်ဝင်မြေပဲဆန်နှင့် နှမ်းမျိုးစုံဈေးကွက် အနည်းငယ်ကျဆင်းနေ ပို့ကုန်မတ်ပဲဈေးငြိမ်

ရွှေမန်း

အသစ်ဝင်မြေပဲဆန်များနှင့် နှမ်းမျိုးစုံဈေးကွက် အနည်းငယ် ဈေးကျဆင်းနေပြီး ပို့ကုန်မတ်ပဲ ဈေးငြိမ်နေကြောင်း ပဲ၊နှမ်းကုန် သည်များထံက သိရသည်။

တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခြင်း မရှိသေးတာကြောင့် ပြည်တွင်း မြေပဲဆန်နှင့် နှမ်းနက်မှာ ဈေး အနည်းငယ် ပြန်လည်ကျဆင်းနေ ခြင်း ဖြစ်သည်။
အသစ်ဝင်မြေပဲဆန်များနှင့် နှမ်းမျိုးစုံဈေးကွက် အနည်းငယ် ဈေးကျဆင်းနေကြောင်း၊ ပို့ကုန် မတ်ပဲပေါက်ဈေးမှာ စံချိန်ပေါက် ဈေးကနေ တစ်အိတ် ငွေကျပ် ၁၀၀၀၀ ခန့် ဈေးပြန်ကျသွားသော် လည်း ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ဈေးတည်ငြိမ်နေကြောင်း လက်ကျန်အရမ်းနည်းသွားသည့် ပဲကြီး၊ ပဲထောပတ်တို့မှာဈေး အနည်းငယ်မြင့်တက်လာကြောင်း  ရွှေစင်သိန်းပွဲရုံမှ ဦးကျော်သွင်က ပြောသည်။

“ ပို့ကုန်မတ်ပဲ စံချိန်ပေါက်ဈေး ကနေ အနည်းငယ် ဈေးကျဆင်း သွားပါတယ်။ ပြည်တွင်းသုံး ကုလားပဲတွေလည်း ဈေးငြိမ် နေပါတယ်။တရုတ်လိုင်း အဝယ် အေးနေလို့ နှမ်းမျိုးစုံနဲ့ အသစ်ဝင် မြေပဲဆန်တွေကတော့ ဆက်လက် ဈေးကျဆင်းနေပါတယ်။ ယခင် သီတင်းပတ်အတိုင်း ဈေးနှုန်း အပြောင်းအလဲ သိပ်မရှိသလို အရောင်းအဝယ်လည်း အေးနေ ပါတယ်။ လက်ကျန်နည်းသွားတဲ့ ပဲကြီး၊ ပဲထောပတ်တွေကတော့ ဈေးမြင့်တက်လာပေမယ့် ပမာဏ အရမ်းနည်းသွားပါပြီ´´ ဟု ၎င်း က ပြောသည်။

 နိုဝင်ဘာ ၁၁ ရက်တွင်  သုံးတင်းဝင်  မတ်ပဲပိဿာ  ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၇၅၀၀၀ ပေါက်ဈေးဖြင့် စံချိန်တင်ပေါက်ဈေး ကနေ အနည်းငယ် ကျဆင်းသွား ပြီ ဖြစ်သည်။  ပဲစင်းငုံမှာ ပစ္စည်း အသစ်မဝင်လာခင်အထိ အရောင်း အဝယ်ဈေးကွက်ပျောက်နေမည် ဖြစ်သည်၊၊ ပဲတီစိမ်းအညာ  ၅၆ ဒသမ ၂၅ ပိဿာတစ်အိတ် လျှင် ငွေကျပ် ၁၆၀၀၀၀ ပေါက်ဈေး ဖြင့် ဈေးကျဆင်းနေသည်။

 ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ပုံမှန်ဈေးသာ ရှိနေပြီး နိုဝင်ဘာ ၁၁ ရက်တွင် ကုလားပဲ V2  တစ်အိတ်လျှင် ငွေကျပ် ၂၆၇၀၀၀၊ V7 တစ်အိတ်လျှင် ငွေကျပ် ၂၇၅၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၅၃၀၀၀၊ ၉၂၉  ကုလားပဲ တစ် အိတ်လျှင်  ငွေကျပ်  ၂၅၅၀၀၀  ပေါက်ဈေးဖြစ်လာသည်။
ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၉၈၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၄၃၀၀၀၀၊ မြေ ထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၃၂၀၀၀၊ ကျွန်းစားတော်ပဲတစ် အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀၊  ကနေဒါစားတော်ပဲတစ်အိတ် လျှင် ငွေကျပ် ၂၆၀၀၀၀၊ မြေပဲ အနီလုံးဆန်(ဝိုင်း)တစ်ပိဿာလျှင် ငွေကျပ် ၆၁၅၀ ပေါက်ဈေးရှိ သည်။

နှမ်းမျိုးစုံဈေးကွက်မှာ တရုတ် နိုင်ငံသို့ တင်ပို့နိုင်ခြင်းမရှိတာ ကြောင့် ဈေးကျဆင်းလျက်ရှိရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာတစ် အိတ်လျှင် ငွေကျပ် ၃၆၅၀၀၀၊ နှမ်းညို(သစ်)တစ်အိတ်လျှင် ငွေ ကျပ် ၂၇၅၀၀၀၊ နှမ်းနက်စမုန် တစ်အိတ်လျှင် ငွေကျပ် ၃၃၅၀၀၀  ပေါက်ဈေးရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published.