နယ်စပ်ကုန်သွယ်မှုတွင် ဒေါ်လာဖြင့် ရောင်းဝယ်ခွင့် ပြန်လည်သတ်မှတ်ချက်ကြောင့် ပြည်တွင်း ပဲ၊နှမ်းဈေးကွက် အရောင်းအဝယ်သွက်လာ

ရွှေမန်း

နယ်စပ်ကုန်သွယ်မှုတွင် ဒေါ်လာဖြင့်ရောင်းဝယ်ခွင့် ပြန်လည် သက်မှတ်ချက်ကြောင့် ပြည်တွင်း ပဲ၊နှမ်းဈေးကွက် အရောင်းအဝယ် သွက်လာကြောင်း ပဲကုန်သည် များထံက သိရသည်။
နယ်စပ်ကုန်သွယ်မှုတွင် ယွမ်-ဘတ်တိုက်ရိုက်ရောင်းဝယ်မှု မှ ဒေါ်လာဖြင့် ပြန်လည် ရောင်းချ ရန် သက်မှတ်ချက်ကြောင့် ပြည် တွင်း ပဲဈေးကွက်တွင် အရောင်း အဝယ် သွက်လာခဲ့ကြောင်း၊ စား ဆီဈေး မြင့်တက်လာတာကြောင့် မြေပဲဆံဈေးမှာ စံချိန်တင်ဈေး ဖြစ်လာကြောင်း တရုတ်ဝယ်လက် အဝယ် ကောင်းလာတာကြောင့် ပဲတီစိမ်း အညာတစ်အိတ် ငွေကျပ် ၁၅၀၀၀လောက် ဈေးတက်လာ ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ) က ပြောသည်။
]စားဆီဈေးတွေမြင့်တက် လာတော့ မြေပဲဆံဈေးက ပြန်မြင့် တက်လာတာစံချိန်တင်ဈေးပဲ တစ်ပိဿာငွေကျပ် ၄၆၀၀၊၄၇၀၀ ကျော်ထိဖြစ်လာတယ်။ ပဲတီစိမ်း အညာဈေးက တရုတ်အဝယ်ကောင်း လာတော့ တစ်အိတ်ငွေကျပ် ၁၅၂၀၀၀၊ ၁၅၃၀၀၀ပေါက်ဈေး ဖြစ်လာပါတယ်။ မတ်ပဲဈေး ကတော့ အတက်အကျမရှိ ဈေး ငြိမ်နေပါတယ်။ ပဲစင်းငုံဈေး လည်း ဈေးတက်လာပါတယ်။အသစ်ပေါ် နှမ်းဈေးတွေလည်း ဈေးတက်နေပါတယ်။ ပြည် တွင်းသုံး ပဲမာလိုင်းတွေကတော့ ဈေးတည်ငြိမ်နေပါတယ်။နယ်စပ် ကုန်သွယ်မှုမှာ ဒေါ်လာနဲ့အရောင်း အဝယ် ပြုလုပ်ရမယ် ဆိုတာနဲ့ အရောင်းအဝယ်က ပိုသွက်လာ တယ်}ဟု ၎င်းက ပြောသည်။
ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်း
ပဲတီစိမ်းဈေးကွက်မှာ တရုတ်ဝယ်လိုအားကောင်းလာ ကြောင့် တစ်ပတ်အတွင်း သုံးတင်း ဝင်တစ်အိတ် ငွေကျပ် ၁၅၀၀၀ခန့် ဈေးမြင့်တက်လာရာ အညာ ပဲတီစိမ်းတစ်အိတ် ငွေကျပ် ၁၅၂၀၀၀၊၁၅၃၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ မတ်ပဲဈေးမှာ လက်ကျန်ပစ္စည်းနည်းလာတာ နှင့်အတူ အမြင့်ဈေးမှာငြိမ်နေပြီး ပဲစင်းငုံဈေးမှာ လိုက်ပါမြင့် တက်လာရာ သုံးတင်းဝင်တစ်အိတ် ငွေကျပ် ၁၄၀၀၀၀ ထိပေါက်ဈေး ဖြစ်လာသည်။ နယ်စပ်ကုန်သွယ်မှု အပြောင်းအလဲက ပြည်တွင်း ပဲ ဈေးကွက်မှာ အရောင်းအဝယ် ပြန်လည်သွက်နေခြင်းဖြစ်ကြောင်း သိရသည်။
မြေပဲ
ပြည်တွင်းစားအုန်းဆီဈေး မြင့်တက်လာရာ မြေပဲဆံဈေး မှာ စံချိန်တင်ဈေး ပြန်လည် မြင့်တက်လာရာ ဇွန် ၇ ရက်နေ့ တွင် S၁ မြေပဲဆံ တစ်ပိဿာ ငွေကျပ် ၄၆၀၀၊ ၄၇၀၀ ပေါက် ဈေးထိ ဖြစ်လာသည်။ မြေပဲဆီ ပေါက်ဈေးမှာ တစ်ပိဿာငွေကျပ် ၉၀၀၀၊ ၉၅၀၀၊ နှမ်းဆီတစ်ပိဿာ ငွေကျပ် ၈၀၀၀၊ စားအုန်းဆီမှာ တစ်ပိဿာ ငွေကျပ် ၈၇၀၀ခန့် ပေါက်ဈေးဖြင့် ဈေးကွက်အတွင်း ပြန်လည် ဝင်ရောက်လာသည်။
ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ ကုလားပဲဠ၂ တစ်အိတ် ငွေ ကျပ် ၁၅၅၀၀၀၊ ကုလားပဲ အမျိုး အစားအလိုက် တစ်အိတ်ငွေကျပ် ၄၀၀၀ခန့် ဈေးပြန်တက်လာသည်။ ပဲယင်းတစ်အိတ် ငွေကျပ်၁၃၅၀၀၀၊ ပဲကြီးတစ်အိတ် ငွေကျပ် ၂၁၅၀၀၀၊ ပဲထောပတ် တစ်အိတ် ငွေကျပ် ၁၅၀၀၀၀၊ စွန်တာ ပြာတစ်အိတ် ငွေကျပ် ၁၃၃၀၀၀၊ မြေထောက်ပဲ တစ်အိတ်ငွေကျပ် ၁၇၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ် ငွေကျပ် ၂၉၅၀၀၀ အသီးသီး ပေါက်ဈေးရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published.