ရွှေမန်း

ပြည်ပနိုင်ငံများသို့ ဒေါ်လာ ဖြင့်သာ ရောင်းချရသည့်မူဝါဒနှင့် ပို့ကုန်ရငွေအပေါ် ငွေလဲလှယ်နှုန်း ပြောင်းလဲလိုက်ပါက ထိုင်းနိုင်ငံ သို့ ပြောင်းတင်ပို့ချိန် ပြောင်းဈေး လက်ရှိဈေးထက်ပိုမိုမြင့်တက်လာ နိုင်ကြောင်း မြန်မာနိုင်ငံ ပြောင်း စိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူ များအသင်းဥက္ကဋ္ဌ ဦးတိုးတက် နိုင်က ပြောသည်။

“လက်ရှိပြောင်းပေါက်ဈေးမှာ မရောင်းချသေးဘဲ ထိန်းထားနိုင် ရင်တော့ ထိုင်းနိုင်ငံတင်ပို့ချိန်မှာ ပြောင်းပေါက်ဈေး ဆက်လက် မြင့်တက်နိုင်ပါတယ်။ နိုင်ငံခြား ပြောင်းတင်ပို့မှု ကုန်သွယ်မှုရငွေ ကို မြန်မာငွေ ပြည်လဲလှယ်ရတဲ့ နှုန်းထား ၃၅-၆၅ ရာခိုင်နှုန်း သတ်မှတ်ချက်ကလည်း မပြောင်း လဲသေးပါဘူး။ ပို့ကုန်ရငွေလဲ လှယ်နှုန်း ပြောင်းလဲခဲ့ရင် ပြောင်း တစ်ပိဿာ ငွေကျပ် ၁၅၀၀ လောက်ထိ ရောက်သွားနိုင်ပါ တယ်´´ဟု ၎င်းက ပြောသည်။

လက်ရှိ ဇန်နဝါရီလကုန်ပိုင်း ရက်များတွင် ပြည်တွင်းပြောင်း ပေါက်ဈေးမှာ ရန်ကုန်ဈေး တစ် ပိဿာ ငွေကျပ် ၁၂၀၀ ပေါက်ဈေး ရှိပြီး မန္တလေး ပြောင်းပေါက်ဈေး တစ်ပိဿာ ငွေကျပ် ၁၁၈၀ ကျော်၊ တောင်ကြီးပြောင်းပေါက် ဈေး တစ်ပိဿာ ငွေကျပ် ၁၁၉၀ ခန့် ပေါက်ဈေးရှိကြောင်း သိရ သည်။

“လက်ရှိ ရန်ကုန်ပြောင်းဈေး က တစ်ပိဿာ ငွေကျပ် ၁၂၀၀ ရှိပါတယ်။ လက်ရှိမှာ မွေးမြူရေး အစာစက်ရုံတစ်ခုက ရှမ်းပြည်နယ် တောင်ပိုင်းမှာ အခြေစိုက်ပြီး အစာစက်တွေ ပိုမိုလည်ပတ်နေပါ တယ်။ အဲဒီတော့ ရန်ကုန်ဈေး ကွက်ကို ပြောင်းအဆင်းနည်းသွား ပါတယ်။ ပေါက်ဈေးကလည်း တစ်ပိဿာ ငွေကျပ် ၅၀ လောက် ပဲ ထွက်တော့ တောင်သူ၊ ပွဲရုံ တွေက ရန်ကုန်လိုင်းကို အရောင်း နည်းသွားတာပါ။ လက်ရှိမှာ ရပ်စောက်၊ တောင်ကြီး၊သီပေါ၊ နမ့်လန်ဘက်က ပြောင်းကျန်နေ ပါသေးတယ်။ ထိုင်းနိုင်ငံ ပြောင်း ရောင်းချမှုမူဝါဒမှာ ဒေါ်လာနဲ့ မရောင်းဘဲ ထိုင်းဘတ်ငွေနဲ့ ရောင်း ချရရင် ပြောင်းပေါက်ဈေးပိုရလာ ပါမယ်´´ဟု ၎င်းက ဆက်လက် ပြောသည်။

လက်ရှိအချိန်တွင် မြန်မာ နိုင်ငံမှာ ပို့ကုန်ပဲ၊ ပြောင်း၊ နှမ်း အပါအဝင် ကုန်ပစ္စည်း အချို့ကို ဒေါ်လာဖြင့်သာ ရောင်းချရန်နှင့် ပို့ကုန်ရငွေကို မြန်မာငွေ ပြည် လဲ လှယ်ရာတွင် ၃၅- ၆၅ ရာခိုင်နှုန်း သတ်မှတ်ထားတာကြောင့် ပို့ကုန် သမားများ အဆင်မပြေ ဖြစ်နေ ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.