ဒေါ်လာဈေးပြန်လည်မြင့်တက်လာမှုနှင့်အတူ ပို့ကုန်ပဲများ အပါအဝင် ပြည်တွင်းသုံးကုလားပဲများ ဈေးအနည်းငယ်ပြန်တက်လာ

ရွှေမန်း

အောက်တိုဘာ လဆန်းပိုင်း ရက်များတွင် ဒေါ်လာ ဈေးပြန် လည် မြင့်တက်လာတာနှင့်အတူ ပို့ကုန်ပဲများ အပါအဝင် ပြည် တွင်းသုံး ကုလားပဲများ ဈေး အနည်းငယ်ပြန်တက်လာကြောင်း ပဲ၊နှမ်း ကုန်သည်များထံက သိရ သည်။

စက်တင်ဘာလကုန်ပိုင်းရက် များတွင် ရွှေဈေးငွေဈေး အကျ များခဲ့ရာကနေ အောက်တိုဘာ လဆန်းပိုင်းရက်များတွင် ငွေဈေး ပြန်လည်မြင့်တက်လာတာကြောင့် ဈေးကျဆင်းနေသည့် ပဲနှမ်းဈေး ကွက်မှာ ပြန်လည်ဈေးကောင်း လာခဲ့ရာ ပို့ကုန်မတ်ပဲတစ်အိတ် ငွေကျပ်၁၈၂၀၀၀၊ ကုလားပဲ ဗွီ တူးတစ်အိတ် ငွေကျပ် ၁၉၀၀၀၀ ပြန်လည်ဈေးမြင့်တက်လာကြောင်း၊ မြေပဲဆန် အသစ်ဝင်ရောက်မှု များသလို စားဆီဈေးကျဆင်း လာတာကြောင့် မြေပဲဆန်ဈေး တစ်ပိဿာ ငွေကျပ် ၅၄၀၀ ထိ ဈေး ကျဆင်းသွားကြောင်း ပဲနှမ်း ဈေးကွက်တစ်ခုလုံးကို ကုန်သွယ် မှုအနေဖြင့် ဒေါ်လာဖြင့်သာ ရောင်းဝယ်ခွင့်မူဝါဒကို လုပ်သာ ကိုင်သာရှိသည့် အခြေအနေထိ ပြောင်းလဲကျင့်သုံးမှသာ ပဲ၊ နှမ်း ဈေးကွက် ကောင်းလာမည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသ ကြီး ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

“ပို့ကုန်ပဲတွေဈေးကျဆင်း နေရာကနေအနည်းငယ်ပြန်တက် မယ့်အခြေအနေတွေ ရှိနေပါ တယ်။ ပြည်တွင်းသုံး ဗွီးတူး ကုလားပဲဆိုရင် တစ်အိတ်ငွေကျပ် ၁၈၀၀၀၀ ထိကျဆင်းနေရာကနေ အောက်တိုဘာ ၆ ရက်မှာတော့ တစ်အိတ်ငွေကျပ် ၁၉၀၀၀၀ ကို ပြန်ရောက်လာပါတယ်။ ငွေချေမှု ပုံစံ တစ်လဆိုင်းဆိုရင် တစ်အိတ် ငွေကျပ် ၁၉၅၀၀၀ ပေါက်ဈေးရှိ နေ ပါတယ်၊ ဒေါ်လာဈေးပြန် တက်လာချိန်မှာ ပဲဈေးကွက်ပြန် ကောင်းလာပါတယ်။ မြေပဲဆန် တွေက အသစ်ဝင် များလာသလို စားဆီဈေးတွေ ကျဆင်းတော့ မြေပဲဆန်ဈေးလည်း အနည်းငယ် ကျဆင်းပါတယ်။ ပို့ကုန်မြေပဲ ဆန်ကောင်းကတော့ တစ်ပိဿာ ငွေကျပ် ၅၄၀၀ ပေါက်ဈေးရှိ ပါတယ်။ ဆီဆန်တွေကတော့ တစ်ပိဿာငွေကျပ်၄၇၀၀ခန့်သာ ပေါက်ဈေးရှိတော့တယ်။ ပို့ကုန် ပဲတွေက ရွှေဈေးတွေကျဆင်း လာမှုထက် ဒေါ်လာဈေးတက် လာရင် အရောင်းအဝယ်သွက် လာတာပါ။ အဓိကတော့ နှမ်း ဈေးကွက်က ပေါက်တဲ့ဈေးနဲ့ ခပ်သွက်သွက် အရောင်းအဝယ် ဖြစ်နေရင် အဆင်ပြေကြတာ ပါ။ ဒီအချိန်က ပဲနှမ်းကုန်သည် တွေ ငွေပိုချိန်ဖြစ်တော့ အများစု ရွှေဝယ်ထားကြတာ များတယ်။ ငွေဖော်ရလွယ်ကူလို့ ဝယ်ထား ကြတာပါ။ ပဲဈေးကွက် တစ်ခု လုံးက ကုန်သွယ်မူဝါဒပြောင်းလဲ မှုလုပ်မှသာ အဆင်ပြေမယ်။ ယခုထက်ပို လုပ်သာကိုင်သာရှိ အောင် ပြောင်းလဲဖို့လို ပါတယ်။ ပို့ကုန်သဘာ၀အရ ပို့ကုန်ပဲတွေ ဆိုတာကတော့ ဒေါ်လာဈေး ကောင်းရင်အရောင်းအဝယ်ကောင်း လာတဲ့သဘောပါ။ ဒေါ်လာဈေး ကျရင် ဈေးဆင်းသွားတာပါ။´´ ဟု ၎င်းက ပြောသည်။

မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ

ပြည်တွင်းဒေါ်လာဈေး ပြန်ကောင်းလာတာနှင့်အတူ အောက်တိုဘာ ၆ ရက်နေ့တွင် မတ်ပဲတစ်အိတ် ငွေကျပ် ၁၈၂၀၀၀၊ ပဲစင်းငုံတစ်အိတ် ငွေ ကျပ် ၁၈၇၀၀၀ သာ ပေါက်ဈေး ရှိနေသည်။ ပဲတီစိမ်း အညာမှာ သုံးတင်းဝင်တစ်အိတ် ငွေကျပ် ၁၄၃၀၀၀ ပေါက်ဈေးရှိ အရောင်း အဝယ် ပြန်သွက်နေသည်။

မြေပဲ

ပြည်တွင်း စားဆီဈေးကျ ဆင်းလာမှုနှင့် ဈေးကွက်အတွင်း အသစ်ဝင် မြေပဲဆန်များ ဈေး ကွက်တွင်း လှိုင်လှိုင် ဝင်ရောက် လာတာကြောင့် မြေပဲဆန်ဈေး အနည်းငယ်ကျဆင်းသွားရာ ပို့ကုန် မြေပဲ S၁ လုံးဆန်များမှာ တစ်ပိ ဿာလျှင် ငွေကျပ် ၅၄၀၀ ၊ အနီလုံးဆန် တစ်ပိဿာလျှင် ငွေကျပ် ၅၄၀၀ အထိ တစ်ပိ ဿာ ငွေကျပ် ၂၀၀ ခန့် ဆက် လက်ကျဆင်းသွားသည်။ မြေပဲ ဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀၀၊ နှမ်းဆီ တစ်ပိဿာ လျှင် ငွေကျပ် ၁၁၀၀၀၊ စား အုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၇၀၀၀ ထိ ကျဆင်းသွားကြောင်း သိရသည်။

ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး ဈေးကျ၊အဝယ်အေးနေပြီး ပြည်တွင်း သုံးပဲများမှာ ဈေးကျဆင်းအရောင်း အဝယ်အေးနေရာ အောက်တိုဘာ ၆ ရက်တွင် ကုလားပဲ V2တစ် အိတ်လျှင် ငွေကျပ် ၁၉၀၀၀၀၊ ပဲကြီး တစ်အိတ်လျှင် ငွေကျပ် ၂၅၀၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင်ငွေကျပ်၁၆၈၀၀၀၊ စွန်တာ ပြာ တစ်အိတ်လျှင် ငွေကျပ် ၁၆၅၀၀၀၊ မြေထောက်ပဲတစ်အိတ် လျှင် ငွေကျပ် ၂၄၀၀၀၀၊ ကျွန်း စားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၆၀၀၀၀ ပေါက်ဈေး ဖြစ်နေ သည်။

Leave a Reply

Your email address will not be published.