ဒေါ်လာစျေး မြင့်တက်လာမှုနှင့် အတူ ပြည်တွင်းစက်သုံးဆီစျေးမှာ  ရှစ်လ အတွင်း ဂါလံ ၅၀ တစ်ပေပါလျှင်ကျပ် တစ်သိန်းကျော် စျေးမြင့်တက်လာ

ရွှေမန်း

နိုင်ငံခြားငွေဒေါ်လာစျေး မြင့်တက်လာမှုနှင့် အတူ ပြည်တွင်းစက်သုံးဆီစျေးမှာ ဖေဖော်ဝါရီ လ မှ စက်တင်ဘာ လ လယ် ထိ ရှစ်လ တာကာလ အတွင်း ဂါလံ ၅၀ တစ်ပေပါလျှင်ကျပ် တစ်သိန်းကျော် စျေးမြင့်တက်လာ ကြောင်း သိရသည်။ပြည်တွင်း၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ၊နိုင်ငံရေး အပြောင်းအလဲများနှင့် နိုင်ငံခြားငွေ လဲလှယ်နှုန်း မြင့်တက်လာ တာနှင့် အတူ နိုင်ငံခြားမှ တင်သွင်းသုံးစွဲရသည့် စက်သုံးဆီ ဓါတ်ဆီ ၊ဒီဇယ်စျေးနှုန်းများမှာ ဖေဖော်ဝါရီလကုန်ပိုင်းမှ လက်ရှိအချိန်ထိ ရှစ်လတာ ကာလအတွင်း တဖြေးဖြေး မြင့်တက်လာရာ စက်တင်ဘာ ၁၄ ရက်နေ့ စက်သုံးဆီပေါက်စျေးများ အရ ဂါလံ(၅၀) တစ်ပေပါလျှင် ကျပ် တစ်သိန်းကျော် စျေးနှုန်းမြင့်တက်လာ ကြောင်း မန္တလေးမြို့ စက်သုံးဆီ အရောင်းဆိုင် မန်နေဂျာ ဦးနေ၀င်းအောင်က ပြောသည်။“ကိုဗစ်-၁၉ ရောဂါကြောင့် လုပ်ငန်းတွေ ပြန် မလည်ပတ်သေးတာရယ် ။။ခရီးသွားလာမှုတွေလျော့ကျနေတာက ၂နှစ်နီးပါးဆိုတော့ စက်သုံးဆီသုံးစွဲမှုလည်း လျော့ကျနေပါတယ်။ ဆီအရောင်းအ၀ယ် လက်ကားစျေးကွက်မှာလည်း တင်သွင်းမှု အခက်အခဲကြောင့် စက်သုံးဆီ ၀ယ်ယူမှုက အကန့်အသတ်ရှိလာပါတယ်” ၄င်းက ပြောသည်။နိုင်ငံငွေ အမေရိကန်ဒေါ်လာ ပေါက်စျေးမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ အတွင် မှာ တစ်ဒေါ်လာလျှင် ကျပ် ၁၃၀၀ ခန့်သာပေါက်စျေးရှိခဲ့ပြီ ဖေဖော်ဝါရီ လဆန်းမှာ ကျပ် ၁၄၀၀ကျော်ထိမြင့်တက်လာသော်လည်း ဧပြီလ ကုန်ထိ ယင်းစျေးမြင့်ငြိမ်နေရာမှ မေ၊ဇွန်၊ဇူလိုင် ထိ ၁၅၀၀ ၀န်းကျင်ဖြစ်လာခဲ့သည်။ ပြည်တွင်း တကျော့ပြန် ကိုဗစ်-၁၉ ကူးစက်မှုတွေ မြင့်မားလာပြီးနောက် သြဂုတ်လတွင် သိသိသာသာ စျေးမြင့်တက်လာရာ စက်တင်ဘာ ၁၄ ရက်နေ့အထိ တစ်ဒေါ်လာပေါက်စျေးမှာ ကျပ် ၂၀၀၀ ၀န်းကျင်ထိ စံချိန်တင်မြင့်တက်လာကြောင်း သိရသည်။ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စက်သုံးဆီ တစ်ဂါလံ စျေးများမှာ ရိုးရိုးဒီဇယ် တစ်ဂါလံ လျှင် ကျပ် ၃၂၄၀ ၊ အောက်တိန်းဓါတ်ဆီ တစ်ဂါလံ ကျပ် ၃၇၈၀ ၊ ဓါတ်ဆီ တစ်ဂါလံကျပ် ၃၁၉၅၊ပရီမီယံဒီဇယ် ကျပ် ၃၃၀၈ သာ ပေါက်စျေးရှိခဲ့ပြီး စက်တင်ဘာ ၁၄ ရက်နေ့တွင် ရိုးရိုးဒီဇယ် တစ်ဂါလံ လျှင် ကျပ် ၅၃၇၈ ၊ အောက်တိန်းဓါတ်ဆီ တစ်ဂါလံ ကျပ် ၅၉၁၈ ၊ ဓါတ်ဆီ တစ်ဂါလံကျပ် ၅၅၁၃ ၊ပရီမီယံဒီဇယ် တစ်ဂါလံ ကျပ် ၅၄၄၅ အသီးသီးပေါက်စျေးရှိလာရာ ဂါလံ ၅၀လျှင် ကျပ် ၁သိန်းကျော် စျေးမြင့်တက်လာခြင်းဖြစ်ကြောင်းသိရသည်။ထိုသို့ ပြည်တွင်းစက်သုံးဆီစျေးများမြင့်တက်လာသော်လည်း ပြည်တွင်းထုတ်ကုန်လုပ်ငန်းများ ရပ်ဆိုင်းနေခြင်း ၊ကုန်သွယ်မှုများရပ်ဆိုင်းနေခြင်းများကြောင့် စက်သုံးဆီသုံးစွဲမှုများ ယခင်ထက် ၆၀ ရာခိုင်နှုန်းခန့် သုံးစွဲမှု လျော့ကျနေကြောင်းသိရသည်။

Leave a Reply

Your email address will not be published.