#ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ ကျင်းပ

#မကွေး သြဂုတ် ၂၄#

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမ နေ့ကို သြဂုတ်လ ၂၄ ရက်နေ့ ယနေ့နံနက် ၁၀နာရီအချိန်က မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဉက္ကဋ္ဌ ဦးတာ၊ ဒုတိယဉက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး လွှတ်တော်အစည်းအဝေးသို့ မကွေးမြို့နယ် ကျေးလက်မြေအဖွဲ့မှ(၃)ဦးတို့ လွှတ်တော်အစည်းအဝေးကျင်းပမှုကို တက်ရောက် လေ့လာခဲ့ကြသည်။

#ရှေးဦးစွာ လွှတ်တော်အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးလှိုင်မြင့်ထွန်းက ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ် ရေးထိုးသည်။

#လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၆)ခုကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ်(၅)ဦးတို့က မေးမြန်းခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး(၄)ဦးတို့က ပြန်လည် ဖြေကြားခဲ့ သည်။

#ဆက်လက်၍ မကွေးတိုင်းဒေသကြီးပိုင် ပစ္စည်းများရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် အခြားနည်း ဖြင့် ဆောင်ရွက်ခြင်းဥပဒေမူကြမ်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့(ကိုယ်စား) လူမှုရေးဝန်ကြီးက လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ရာ အဆိုပါ ဉပဒေကြမ်းနှင့်စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂၆)ရက်နေ့(တတိယနေ့) လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည် ဖြစ်သဖြင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဆွေးနွေးလိုသည့် အပိုဒ်၊ အပိုဒ်ခွဲ အကြောင်းအရာတို့ကို အသေးစိတ်ဖော်ပြ၍ လက်မှတ်ရေးထိုးကာ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ(၂၅)ရက်နေ့ ရုံးချိန်အတွင်း လွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံသို့ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

#ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး ဆည်မြောင်းဥပဒေကြမ်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ (ကိုယ်စား)စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးက လွှတ်တော်သို့ ဖတ်ကြားတင်သွင်းရာ အဆိုပါ ဉပဒေကြမ်းနှင့်စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ(၂၆)ရက်နေ့ လွှတ်တော်အစည်းအဝေး (တတိယနေ့)တွင် ဆွေးနွေးမည်ဖြစ်သဖြင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဆွေးနွေးလိုသည့် အပိုဒ်၊ အပိုဒ်ခွဲ အကြောင်းအရာတို့ကို အသေးစိတ်ဖော်ပြ၍ လက်မှတ်ရေးထိုးကာ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ(၂၅)ရက်နေ့ ရုံးချိန်အတွင်း လွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံသို့ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

#ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ရပ်နားကာ ဒုတိယနေ့ အစည်းအဝေးကို ဩဂုတ်လ (၂၅)ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်

#သန်းနိုင်ဦး(ငဖဲ)

2929

Leave a Reply

Your email address will not be published.