ဒုတိယအကြိမ်မြောက် သတင်းထောက်များစုပေါင်း၍ စားဝတ်နေရေးခက်ခဲသူများအားလှူဒါန်း

ကချင်ပြည်နယ်၊မြစ်ကြီးနားခရိုင်၊ဝိုင်းမော်မြို့နယ်၊စန်း ကားကျေးရွာအုပ်စု၊ဂျယ်ကော်(ခ)ဇီးကော်ကျေးရွာတွင် စားဝတ်နေရေးခက်ခဲသော အိမ်ထောင်စု(၄၅)စု အား ဟင်္သာသတင်းအေဂျင်စီ သတင်းထောက်များစုပေါင်း၍ ဂျယ်ကော်(ခ)ဇီးကော်ကျေးရွာ ခရစ်ယာန်ဘုရားရှိခိုး ကျောင်းတွင် ယနေ့ ဧပြီ ၃၀ ရက်နံနက်၁၀နာရီ ၃၀မီနစ် ချိန်က ဆန်(၄)ပြည်အိတ်(၄၅)အိတ်၊ကြက်ဥ(၄၅၀)လုံး၊ ဆီ(၅၀)သား(၄၅)ဗူး၊ကြက်သွန်နီ(၄၅)ပိသာ၊ဆား(၄၅)ပိ သာ၊ကုလားပဲ(၁၇၀)ဗူး၊စားနပ်ရိက္ခာ (၆)မျိုးအား ဒုတိယ အကြိမ်မြောက် လှူဒါန်းခဲ့ကြောင်းသိရသည်။
တကယ့်ကို စားစရာခက်ခဲနေတဲ့မိသားစု(၄၅)စုကို ကိုယ် တိုင်လေ့လာပြီး ဒုတိယအကြိမ်မြောက်အခုလိုစုပေါင်းလှူ ဒါန်းဖြစ်တာပါ။တကယ်တော့ ကျန်တော်တို့လည်း မပြေ လည်ပါဘူး။ယ္ခုလှူဒါန်းတဲ့ငွေက ကျန်တော်တို့ သတင်း သမားတွေ ကျန်းမာရေး၊လူမှုရေးဖြစ်ပေါ်တဲ့အချိန် ကူညီ ဖို့အတွက် သတင်းသမား တစ်ဦးလျှင် (၁)လ (၃၀၀၀) ကျပ်စုဆောင်းထားတဲ့ငွေနဲ့ အမှန်တကယ် စားနပ်ရိက္ခာ လိုအပ်တဲ့နေသူတွေကို တတ်နိုင်သလောက် လှူဒါန်းတာ ပါ။လှူဒါန်းရာမှာလည်း ကျေးရွာအုပ်ချုပ်ရေး ရပ်မိရပ်ဖ တွေကပါဝင်ကူညီဆောင်ရွက်ပေးပါတယ်။
ကျွန်တော်တို့ ယနေ့သွားရောက် လှူဒါန်းတဲ့ဂျယ်ကော် (ခ)ဇီးတောကျေးရွာမှာ ဒေသခံပြည်သူတွေ သောက်ရေ ၊ သုံးရေ ခက်ခဲနေပြီး အရေးတကြီးလိုအပ်နေကြောင်း ဒေသနေပြည်သူများနဲ့ ရွာမိရွာဖများထံကသိရပါတယ်။ အဲ့ဒီကျေးရွာမှာ ရေတွင်းအကြီး(၁)တွင်းနဲ့ဘုရာကျောင်း ဝန်းအတွင်းမှာ တွင်းသေး (၁)တွင်းသာရှိပြီ ရေတွင်း(၂) တွင်းလုံးမှထွက်သော ရေများမှာအဝါရောင်ရေညစ်များ ဖြစ်နေ၍ ဒေသခံများ သောက်ရေ၊သုံးရေ ခက်ခဲနေ ကြောင်း သက်ဆိုင်ရာပြည်နယ် အစိုးရအဖွဲ့အကြီးကဲများ သိရှိကူညီဆောင်ရွက်ပေးနိုင်ပါရန်နှင့်သောက်သုံးရေ အလှူရှင်များလိုအပ်လျှက်ရှိကြောင်း သိရတယ်ဟု H N A ကချင်ပြည်နယ်သတင်းတာဝန်ခံ ဇီးကွက် (မြစ်ကြီးနား)ကပြောသည်။

စာပေသစ္စာဖြင့်
ဟင်္သာ(တောင်တွင်းကြီး)

Leave a Reply

Your email address will not be published.