ရွှေမန်း

မြန်မာ့ကော်ဖီကို ထိုင်းနိုင်ငံကဝယ်လိုအားရှိနေတဲ့အတွက် ထိုင်းကုန်သည်တွေ ကွင်းဆင်း ဝယ်ယူမှု ကြောင့် ပြည်တွင်းကော်ဖီဈေးကွက်မှာ မနှစ်ကထက် ဈေးနှုန်းသုံးဆလောက်တက်သွားကြောင်းသိရသည်။

“မနှစ်က ကော်ဖီရာသီမှာ ကော်ဖီစေ့တစ်ပိဿာကို ကျပ် ၈၀၀ သာ ရှိတာပါ။အခုနှစ်မှာတော့ တစ်ပိဿာ ကျပ် ၂,၅၀၀ ဝန်းကျင်အထိ ဈေးရနေပါတယ်။ ကုန်ကြမ်းအနေနဲ့ အဝယ်များလာတာပါ။ ´´ ဟု ကော်ဖိစိုက်ခြံရှင်တစ်ဦးကပြောသည်။

ပြည်တွင်းမှာ ကော်ဖီစိုက်ဧက နှစ်သိန်းကျော် အကောင်အထည်ဖော်စိုက်ပျိုးခဲ့သော်လည်း ဧက ၅၀,၀၀၀ ကျော်သာ အောင်မြင်ဖြစ်ထွန်းပြီး နှစ်စဉ်ကော်ဖီစေ့တန်ချိန် ၈,၀၀၀ မှ ၉,၀၀၀ ကြား ထွက်ရှိတကြောင်းသိရသည်။

မြန်မာနိုင်ငံကကော်ဖီတွေကို ပြည်ပက ကုန်ကြမ်းအဖြစ်ဝယ်ယူပြီးပြည်တွင်းမှာသောက်သုံးမှုများသည့် ကော်ဖီမှုန့် Instant ကော်ဖီတွေကို တရုတ် နှင့် ဗီယက်နမ်နိုင်ငံတွေက တင်သွင်းခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှာ ကော်ဖီကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်နဲ့ ရှမ်းပြည်နယ်မှာ အများဆုံးစိုက်ပျိုးပြီး မကွေး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးတွေနဲ့ ချင်းပြည်နယ်၊ ကရင်ပြည်နယ်တွေမှာလည်း အနည်းငယ် စိုက်ပျိုးကြကြောင်းသိရသည်။

Leave a Reply

Your email address will not be published.