ထိုင်းဘတ်ငွေဈေးကျဆင်း မတည်ငြိမ်တာကြောင့်ပြည်တွင်းငရုတ် သီးအစိုဈေးကျဆင်းနေ

ရွှေမန်း

ထိုင်းဘတ်ငွေဈေးကျဆင်း မတည်ငြိမ်တာကြောင့်ပြည်တွင်းငရုတ် သီးအစိုဈေးကျဆင်းနေကြောင်း သိရသည်။

ပြည်တွင်းငရုတ်အစိုဈေးကွက် မှာ တစ်ပိဿာကျပ် ၃၅၀၀-၄၀၀၀ထိဈေးကျဆင်းနေပြီး တောင်သူများ အတွက် အဆင်မ ပြေဖြစ်နေကြောင်း၊အစိုဈေးကျဆင်း နေတာကြောင့်လည်း ငရုတ် ခြောက်ပြုလုပ်ရောင်းချနေရကြောင်း မြန်မာနိုင်ငံငရုတ်သီးစိုက်ပျိုးထုတ်လုပ် ရောင်းချသူများအဖွဲ့ ငရုတ်အသင်း ဥက္ကဌဒေါ်ဥမ္မာကျော်ကပြောသည်။

“လက်ရှိမှာငရုတ်ဈေးကွက်က တော်တော်ကျဆင်းနေပါတယ်။ ပြင်ဦးလွင်၊ရမည်းသင်းဝန်းကျင် အနည်းငယ်လက်ကျန်တွေထွက် ရှိနေပါတယ်။အခင်းဈေး တစ်ပိဿာကျပ် ၃၅၀၀ လောက် သာပေါက်ဈေးရှိတော့တယ်။သန့်စင်ပြီးဆိုရင် တစ်ပိဿာကျပ် ၄၀၀၀ခန့်ပေါက်ဈေးရှိပါတယ်။ မြ၀တီဖက်တင်ပို့ရောင်းချဈေးက တစ်ပိဿာကျပ် ၅၀၀၀ လောက်ပဲ ဈေးရတော့ မကိုက်လို့သိပ် မ တင်ဖြစ် ဖြစ်တော့ ဘူး။လက်ရှိမှာ တော့ ဈေးမကောင်းတော့ ၁-၂ စီးလောက်ပဲ သွားတယ်။ အခြောက် ဈေးကွက်အတွက် အဝယ်ကောင်း နေပါတယ်။ ဒီကာလ ကဧရာ၀တီ ငရုတ်စိုက်ဒေသ တွေမှာပျိုးချိန် ပဲရှိ သေးတယ်။ လက်ရှိ ပေါက်ဈေးက တောင်သူတွေ အတွက် အဆင်မ ပြေနိုင်ဘူး. ဘတ်ဈေးက မတည် ငြိမ်ဘူး။ ထိုင်းကိုလည်း တရုတ် ငရုတ်သီး တွေဝင်ချိန်လည်း ဖြစ်a တာ့ ထိုင်းနယ်စပ်မှာ ဈေး ကောင်း မရဖြစ်နေတာပါ။ဈေးကောင်း ချိန် ဆိုရင် ငရုတ်အစို ဈေး တစ်ပိဿာ ကျပ် ၁၀၀၀၀ လောက်ပေါက်a ဈးရှိပါတယ်။လက်ရှိ မှာတော့ ထိုင်းငွေဈေးကျ လို့ဈေး တာဖြစ်သလို ငရုတ်ထွက် ချိန် မှာတူသွားလို့လည်း ဈေးကျ ဆင်း နေတာပါ´´ ဟု၎င်းက ပြောသည်။

ပုံမှန်ဆောင်းစိုက်အဖြစ် စိုက်ပျိုးမှုများသည့် ငရုတ်သီးများ မှာ ဖေဖော်ဝါရီလခန့်တွင် ထွက် ရှိလာမည်ဖြစ်ကြောင်းသိရသည်။

သွင်းအားစုများဈေးမြင့်နေပြီး အချို့ဒေသများတွင် နယ်မြေ မတည်ငြိမ်မှုများကြောင့် စိုက်ပျိုးလျော့ကျတာကြောင့် လာမည့်ငရုတ်သီးထွက်ရှိချိန်တွင် ပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရရှိနိုင်ကြောင်း ငရုတ်ကုန်သည်များက ခန့်မှန်း သုံးသပ် ထားသည်။

Leave a Reply

Your email address will not be published.