ထိုင်းနိုင်ငံမှ ပြောင်းဝယ်လိုအားကောင်းလာတာနှင့်အတူ ပြည်တွင်းပြောင်းဈေးမြင့်တက်လာ

ရွှေမန်း

ထိုင်းနိုင်ငံမှပြောင်း ဝယ်လို အားကောင်းလာတာနှင့်အတူ ပြည် တွင်းပြောင်းဈေးမြင့်တက်လာ သည်။

မြ၀တီနယ်စပ်ကုန်သွယ်ရေး  ပြန်လည်ကောင်းမွန်လာပြီးနောက် ပြောင်းဈေးမြင့်တက်လာသလို ပယ်လယ်ရေကြောင်းမှ တင်ပို့မှု တွင် ထိုင်းနိုင်ငံရနောင်းဆိပ်ကမ်းအရောက် ဈေးကောင်းရရှိလာ တာကြောင့်  ပြည်တွင်းပြောင်းဈေး တစ်ပိဿာ လျှင်ငွေကျပ် ၁၀၀ ဈေးမြင့်တက် လာခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ရနောင်းဆိပ်ကမ်းအရောက် ပြောင်း တစ်ကီလိုလျှင် ထိုင်းဘတ် ငွေ ၉ ဒသမ ၈ထိ ဈေးမြင့်လာရာ ရန်ကုန်သီလဝါဆိပ်ကမ်း ပြောင်း ပေါက်ဈေး တစ်ပိဿာငွေကျပ်  ၁၁၄၅ထိ ပေါက်ဈေးဖြစ်လာ ကြောင်းမြန်မာနိုင်ငံ ပြောင်းစိုက်  ပျိုး ထုတ်လုပ်ရောင်းဝယ်ယူများ အသင်းဝင် ဦးတိုးတက်နိုင်က  ပြောသည်။

“ ထိုင်းနိုင်ငံက ပြောင်းဝယ် လိုအားများနေတော့ ပြောင်း ဈေးကောင်းလာပါတယ်။အရင် က တစ်ကီလိုဂရမ်ကို ရနောင်း အရောက် ထိုင်းဘတ် ၉ ဘတ် ပေါက်ဈေးနေဝယ်နေ ဆက်တိုက် ဈေးမြင့်ပေးဝယ်တာကနေ ၉ ဒသမ ၈ ဘတ်ထိ ဈေးမြင့်တက် လာပါတယ်။ ထိုင်းမှာ ဈေးမြင့် တက်လာသလို ပြည်တွင်းပြောင်း ဈေးလည်း ဈေးမြင့်တက်လာပါ တယ်။ လက်ရှိမှာ ရနောင်းသို့ သင်္ဘောတင်အလုအယက်တင်နေ ကြတော့ ပြောင်းဈေးကောင်းနေ မှာပါ။ သင်္ဘောတင်ကတော့ မေလကုန်ထိ ကောင်းနေမယ့် အခြေအနေဖြစ်နေပါတယ်။ နိုင်ငံခြားတင်ပို့မှုမှာတော့ ထိုင်း နိုင်ငံကို တင်ပို့တာက ဈေး အကောင်းဆုံးလို့ ပြောလို့ရပါ တယ်´´ ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် ပြောင်း စိုက်ပျိုးရာသီရောက်ရှိလာသော် လည်း ပြည်တွင်းပြောင်းကျန်များ နေသေးကြောင်းနှင့်ရှမ်းပြည်နယ် တွင် စိုက်ပျိုးထွက်ရှိသည့် ပြောင်း လက်ကျန် ၂၅ ရာခိုင်နှုန်းခန့် ကျန်ရှိသေးကြောင်းနှင့်လမ်းပန်း ဆက်သွယ်မှု အခက်အခဲရှိသည့် ဒေသများတွင် ပြောင်းဈေးကျ ဆင်းနေသည်။  

 “ ပြည်တွင်းမှာ ပြောင်း လက်ကျန်က ကျန်သေးပေမယ့် ရှမ်းပြည်နယ်ဒေသအချို့မှာ ပြောင်းသယ်ယူဖို့အခက်အခဲရှိ သေးလို့ဝယ်ယူလို့မရသေးတာ ရှိ တယ်။ လက်ကျန်က ရှမ်းပြည် နယ်ထွက်ရှိတဲ့ပြောင်း ၂၅ ရာခိုင် နှုန်းလောက် ကျန်ရှိနေပါသေး တယ်။ရှမ်းပြည်ဒေသတွင်းမှာ ပြောင်းဈေးက ဈေးတစ်ပိဿာ ဈေးငွေကျပ်၆၀၀ခန့်သာ ပေါက် ဈေးရှိနေပါတယ်´´ ဟု ၎င်းက ပြောသည်။

မေ ၁၅ရက်တွင် ပြည်တွင်း ပြောင်းပေါက်ဈေးမှာ ရန်ကုန် (ဆိပ်ကမ်း) တစ်ပိဿာ ငွေကျပ် ၁၁၄၅ ၊ မန္တလေး ၅၄ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၅၄၅၀၀-၅၅၀၀၀ ပေါက်ဈေးရှိကြောင်း သိ ရသည်။

Leave a Reply

Your email address will not be published.