ရွှေမန်း
မန္တလေးတိုင်းဒေသကြီးအတွင်း တောင်သူများလက်ဝယ်၌ စပါးမရှိသလောက်နည်းပါးနေပြီး လှောင်လက်များထံ ရောက်ရှိနေသော်လည်း ဝယ်လက်များက ဈေးပေးဝယ်ယူမှုမရှိသောကြောင့် စပါးဈေးငြိမ်းနေကြောင်း စပါး ပွဲစားအချို့ထံမှ သိရသည်။

“စပါးက တောင်သူတွေလက်ထဲမရှိသလောက်ဖြစ်နေတယ်။စပါးကို အစောပိုင်းက ဝယ်လှောင်ကြတဲ့ ဆန်စက် နဲ့ လှောင်လက်တွေထဲရောက်ကုန်ပြီ။ဝယ်သူတွေပေးတဲ့ဈေးကို မရောင်းတော့ပဲ ဈေးပိုတောင်းနေကြတယ်။ အဝယ်က ဈေးမလိုက်တော့ ဈေးငြိမ်နေတဲ့ သဘောပါ” ဟု စပါးပွဲစားတစ်ဦးကပြောသည်။

လက်ရှိစပါးပေါက်ဈေးမှာ ရွှေဘိုဘေးကျားတင်းတစ်ရာလျင် ငွေကျပ် ၂၁ သိန်းဝန်းကျင်ဖြင့် ဈေးဖွင့် ဝယ်ယူ နေ သော်လည်း စပါးလက်ကျန်ရှိသော တောင်သူများက ငွေကျပ် ၅၀၀၀၀ ပိုပေးရန် ဈေးတောင်းနေရာ ဝယ်လက် များကလည်း ဈေးပေးဝယ်ယူမှုမရှိသောကြောင့် ဈေးငြိမ်နေ ကြောင်း သိရသည်။

“လက်ရှိစပါးတွေ မရှိတော့ပေမယ့် နောက်ထပ် စပါးအသစ်တွေ လာတော့မှာဖြစ်လို့ ဈေးငြိမ်သွားတာလည်း ဖြစ်နိုင်တယ်။စပါးလှောင်ချိန်မှာ ဝယ်ထိန်းထားသူတွေလက်ထဲ အတော်များများရောက်ချိန်မှာ စပါးက တောင်သူလက်ထဲမရှိဖြစ်သွားတယ်။အဲဒီမှာ ဈေးကစားလာကြတယ်”ဟု ဆန်ပွဲစားတစ်ဦးက ပြောသည်။

စပါးအမျိုးအစားအလိုက် တင်းတစ်ရာ ဈေးနုန်းများမှာ ငွေကျပ် ၁၈၀၀၀၀၀ မှ ၂၄၀၀၀၀၀ ဝန်းကျင်ရှိပြီး ပေါ်ဆန်းဘေးကျား(အဟောင်း)မှာ တစ်တင်းလျင် ငွေကျပ် ၁၁၀၀၀၀ ၊အသစ်မှာ ငွေကျပ် ၉၀၀၀၀ ဝန်းကျင် ရှိကြောင်း၊ ဇန်နဝါရီလမှ စ၍ဆန်အမျိုးအစားအလိုက် ဆန်တစ်ပိုင်းလျင် ငွေကျပ် ၅၀၀၀ မှ ၂၀၀၀၀ ဝန်းကျင် ဈေးတက်ခဲ့ ကြောင်း ဆန်ဈေးကွက်မှ သိရသည်။

Leave a Reply

Your email address will not be published.