တောင်တွင်းကြီးမြို့ အများပြည်သူ အသွားအလာ များသော နေရာများတွင် တပ်မတော်က ပိုးသတ်ဆေး ဖျန်းပေးလျှက်ရှိ

တောင်တွင်းကြီးမြို့၌ Covid 19 ကူးစက်ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို တပ်မတော်ကအရှိန်အဟုန် မြှင့်ဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရပါတယ်။
အများပြည်သူအသွားအလာများသော ဘုန်းကြီးကျောင်း တွေ၊စာသင်ကျောင်းတွေ၊ဘုရားတွေ၊ပြည်ပပြန်လာသူများနေထိုင်ထားရှိခဲ့သည့်နေရာတွေနှင့်အသွားအလာများ
သောလမ်းမကြီးတွေကို တောင်တွင်းကြီးအခြေစိုက် အမှတ်(၇)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ ဗိုလ်မှူးကြီး
ကျော်သန်းဆွေ၏လမ်းညွှန်ချက်နဲ့အညီ ဗိုလ်မှူး ထင်လင်းဦး၊ဗိုလ်ကြီး မျိုးမင်းဦး ဦးစီးသော တပ်မတော်
သား(၈)ဦး၊Myanmar Rescue အရေးပေါ်အသက် ကယ်ဆယ်ရေးအဖွဲ့များ၊ကြက်ခြေနီအဖွဲ့များ၊အရံမီးသတ် တပ်ဖွဲ့များ ပူးပေါင်းအင်အား(၂၅)ဦးတို့ဖြင့် ဧပြီ (၂၄) ရက်နံနက်၈နာရီအချိန်မှ ညနေ၂နာရီအချိန်ထိ တောင်တွင်း ကြီးမြို့နယ် ဇီးတောအုပ်စု၊ဆိတ်ဖူးကျင်းကျေးရွာ၊ သပြေပင်ကျေးရွာ၊ဇီးတောကျေးရွာများတွင် ဂလိုရင်ပိုး
သတ်ဆေးဖျန်းပေးခဲ့ကြောင်း သိရပါတယ်။
အလားတူ ဧပြီ ၂၂ ရက် နံနက်ပိုင်းကလည်း တောင်တွင်း -ပြည် လမ်းမကြီး၊တောင်တွင်း-မကွေးလမ်းမကြီးများ
နှင့်ပြည်ပကပြန်လာသူများနေထိုင်ထားရှိသည့် အ ထ က (၁)ကျောင်းဝင်လမ်းများအား အမှတ်(၇)စစ် အခြေခံ လေ့ကျင့်ရေးတပ်၊တပ်မှူး ဗိုလ်မှူးကြီး ကျော်သန်းဆွေ၊ ဒုဗိုလ်မှူးကြီး တင့်ကျော်ဦးစီး၍ အရာရှိအရာခံအကြပ် တပ်သားများ၊မြို့နယ်မီးသတ်ဦးစီးဌာနမှမီးသတ်တပ်ဖွဲ့ ဝင်များနဲ့အတူ မီးသတ်ယာဉ်တစ်စီးဖြင့် ပိုသတ်ဆေးရည်
ဖျန်းပေးခဲ့ကြောင်းသိရသည်။
မကွေးတပ်နယ်မှူးရုံး၏ ညွှန့်ကြားချက်နဲ့အညီ မြို.ရဲ့ အဓိကလိုအပ်တဲ့နေရာတွေကို ဆက်လက်ဆောင်ရွက် ပေးသွာမှာပါဟု တပ်မတော်တာဝန်ရှိသူ တစ်ဦးက မကွေး သတင်းမီဒီယာသို့ပြောသည်။

စာပေသစ္စာဖြင့်
ဟင်္သာ(တောင်တွင်းကြီး)

Leave a Reply

Your email address will not be published.