တရုတ်-မြန်မာ နှစ်နှစ်ငံကုန်သွယ်မှုတိုးတက်လာကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

ရွှေမန်း

တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုသည် ယခုဘဏ္ဍာနှစ် ဝက်တွင် အမေရိကန်ဒေါ်လာ ၂ ဘီလီယံအထိမြင့်တက်လာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ကြည့်လျှင် နယ်စပ်ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၇၃၃ ဒသမ ၉၅ သန်း တိုးတက်လာသည်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံက အိမ်နီးချင်း နိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ စသည့် နိုင်ငံများနှင့် ကုန်သွယ်မှုများ အပြန်အလှန် ဆောင်ရွက်နေပြီး ထိုအထဲတွင် တရုတ်နိုင်ငံက ထိပ် သီးကုန်သွယ်ဘက် နိုင်ငံအဖြစ် ရပ်တည်နေသည်။

မူဆယ်၊ လွယ်ဂျယ်၊ ချင်း ရွှေဟော်၊ ကံပိုင်တည်နှင့် စသည့်နယ်စပ်ကုန်သွယ်ရေး စခန်းများက တရုတ်-မြန်မာ ကုန်သွယ်မှုအတွက် အချက်အချာ ကျပြီး ထိုအထဲတွင် မူဆယ်စန်းမှ နှစ်ဝက်အတွင်း အမေရိကန်ဒေါ် လာ ၁ ဒသမ ၂၈ ဘီလီယံအထိ နှစ်ဖက်အပြန်အလှန် ကုန်သွယ် ထားသည်။

တရုတ်ဘက်ခြမ်းကို မြန်မာ မှ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ ဖရဲ၊ သခွား၊ ရေထွက်ပစ္စည်း၊ ငရုတ် အစရှိသည့် ကုန်စည်အမယ်များ တင်ပို့နေပြီး တရုတ်ဘက်မှ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန် ပစ္စည်း၊ လူသုံးကုန်ပစ္စည်းနှင့် ဆေးဝါးများ ပြန်လည်တင်သွင်း ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published.