တရုတ် နိုင်ငံ တဟုန်ကုန်သည်ကြီးများအသင်းနှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်ကြီးများ အသင်းတို့ နှစ်နိုင်ငံ ကုန်သွယ်ရေးမြင့်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက်မည်

ရွှေမန်း

တရုတ်-မြန်မာကုန်သွယ်ရေးလုပ်ငန်းများ ယခင်ထက်ကျဆင်းလျက်ရှိရာ ကိုဗစ်ရောဂါပိုးထိန်းချုပ်မှု များနှင့် အတူကုန်သွယ်မှုပြုနေခြင်းဖြစ်ရာ လက်ရှိကာလတွင် ကုန်သွယ်မှုပြန်လည်မြင့်တင်နိုင်ရန် နှစ်နိုင်ငံ ကုန်သည်ကြီးများအသင်းများ က အပြန်အလှန်ပူးပေါင်းကူညီဆောင်ရွက်ရန်သဘောတူ ခဲ့ကြောင်း သိရသည်။

ယင်းသဘောညီချက်အရ နှစ်နိုင်ငံကုန်သည်ကြီးများ ဖြစ်ပေါ်နေသည့် အခက်အခဲများ ကုန်သည်အသင်းအသီးသီး သက်ဆိုင်ရာနိုင်ငံ ကုန်သွယ်ရေးရာအပါအဝင်ဌာနဆိုင်တာဝန်ရှိသူများထံ အပြန်အလှန်အကူအညီပေးနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ပြီး မန္တလေးမြို့တွင် ဆက်ဆံရေးရုံး အခြေစိုက်ထားရှိမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဝင်းဌေးက ပြောသည်။

“ နှစ်နီုင်ငံကုန်သည်အသင်းအချင်းချင်း ဆက်သွယ်ဆောင်ရွက်နိုင်မယ့်ကိုယ်စားလှယ်ရုံးထားရှိပါမယ်။ ကုန်သည်ကိစ္စတွေ အပြန်အလှန်ချက်ချင်းဖြေရှင်းဆောင်ရွက် ပေးနိုင်ရန်အတွက် ပါ။ မြန်မာနိုင်ငံ ကုန်သည်တွေ အခက်အခဲဖြစ်တာတွေကို သူ့တို့ဖက်က အစိုးရဆီတင်ပြပြီး အဆင်ပြေအောင် ကူညီပေးမယ်။ တရုတ်ကုန်သည်တွေ အဆင်မပြေဖြစ်နေတာကိုလည်း အပြန်အလှ န်အကူ အညီပေးရေး အတွက်ဆောင်ရွက်ဖြေရှင်းသွားမှာပါ။မြေပြင်အခြေအနေတွေနဲ့ နှစ်နိုင်ငံ ကုန်သွယ် ရေးမူဝါဒတွေနဲ့ ကိုက်ညီမှုတွေကို တင်ပြတောင်းဆိုပေးကြမှာပါ။ လက်ရှိမှာတော့ ကိုဗစ်ကြောင့် ပိတ်သွားတဲ့ ဖရဲ၊သခွားတွေ ဈေးကွက်ပြောင်းရွေ့ရောင်းချရတဲ့အခြေအနေကို ယခင် အတိုင်း မူဆယ် ၁၀၅မိုင်မှာပြန်လည်းရောင်းချနိုင်အောင်တင်ပြတောင်းဆိုထားပါတယ်။ ” ဟု ၎င်း ကပြော သည်။

ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုနှင့်အတူ သစ်သီးကုန်သွယ်ရေးမှာ ပို့ကုန်တင်ပို့ရာမှာ စရိတ်များစွာကုန်ကျခံတင်ပို့ရသလို ကားအချိန်းအပြောင်းအချိန်ကျမြင့်တာတွေကြောင့် အသီးပျက်စီးမှုတွေရှိသလို ဈေးကွက်မှာလည်း ကိုယ်တိုင်ဝင်မရောင်းနိုင်တော့ ပေါက်ဈေးအရလည်းဆုံးရှုံးမှုတွေများခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးက ကုန်သွယ်မှုပိတ်နေတာကမှ တော်အုန်းမယ်။ကုန်သွယ်မှုက သစ်သီးတွေအနေနဲ့ကုန်ကျစရိတ်များနေတာ အကျိုးအမြတ်မရှိပါဘူး။ ၁၀၅မိုင်မှာ ပြန်ရောင်းချဖို့ဆိုတာက နောက်ပိုင်းအဆင့်တောင်းဆိုရမှာဖြစ်တယ်။လက်ရှိမှာ ကိုဗစ်-၁၉အလွန် ပုံမှန်ကုန်သွယ်ရေးပြပန်ဖွင့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။ကိုဗစ်အလွန်မှာ ဖြေလျော့မှုတွေနဲ့ အတူပုံမှန်ကုန်သွယ်ရေး ပြန်မြင့်တင်ဖို့လိုပါတယ်။ လက်ရှိမှာတော့ကိုဗစ်ကန့်သက်ချက်တွေကြောင့် ပြည်ပကြီးက တရုတ်ကုန်သည်တွေ ဝမ်တိန်အသီးကွင်းကိုလာရောက်ဝယ်ယူနိုင်ခြင်းမရှိသေးပါဘူး’’ဟု မူဆယ်-န့မ်ခမ်းနယ်စပ်ကုန်သည်ကြီးများအသင်း အမူဆောင်တစ်ဦးက ပြောသည်။

လက်ရှ်ိကုန်သွယ်မှုမှာ ပဲ၊ပြောင်းနှမ်းကုန်သွယ်မှုက ဒေါ်လာဖြင့် ရောင်းချရန် သက်မှတ်ချက်ကြောင့် လည်း ကုန်သွယ်မှုကျဆင်းနေခြင်းဖြစ်သည်။

ထိုပြင် လက်ဆက်သီးနှံတင်ပို့မှုမှာလည်း တရုတ်နိုင်ငံ၏ ကိုဗစ်စည်းကမ်းသက်မှတ်ချက်တွေကြောင့် ကြံကားများ ဖရဲ၊ သခွာကားများတရုတ်နိုင်ငံအတွင်း သို့တိုက်င်ပို့ရောင်းချရန်အခက်အခဲရှိနေခဲ့သည်။

တရုတ်နယ်စပ်ဂိတ်များဖြစ်သော မူဆယ်၊လွယ်ဂျယ်၊ချင်းရွှေဟော်၊ကန်ပိုင်တီ စခန်းများ မှ ဘဏ္ဍာနှစ်အလိုက် တင်ပို့မှုမှာ ၂၀၁၈-၂၀၁၉ခုနှစ်တွင် အမေရိကန်ဒေါ်လာသန်းပေါင်း ၅၉၀၀ ကျော် ၊ ၂၀၁၉-၂၀၂၀ခုနှစ်တွင် အမေရိကန်ဒေါ်လာသန်းပေါင်း ၅၈၅၄ ကျော် ၊၂၀၂၀-၂၀၂၁ခုနှစ် အမေရိကန်ဒေါ်လာသန်းပေါင်း ၅၀၂၃ ကျော်၊ ၂၀၂၁-၂-၂၀၂၂ မီနီဘက်ဂျက် စက်တင်ဘာလကုန်ထိ အမေရိကန်ဒေါ်လာသန်းပေါင်း ၈၄၇ ကျော် တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့်ကူး သန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များအရသိရသည်။

Leave a Reply

Your email address will not be published.