တရုတ်၊ထိုင်းနယ် စပ် ဂိတ်များမှ ကုန်သွယ်မှု မပြု လုပ်နိုင်ခြင်းကြောင့် ပြောင်းဈေးကွက် ကျဆင်းနေ

ရွှေမန်း

တရုတ်နယ်စပ်၊ ထိုင်းနယ် စပ် ဂိတ်များမှာ ကုန်သွယ်မှု မပြု လုပ်နိုင်ခြင်းကြောင့် ပြည်တွင်း ပြောင်းဈေးကွက် ကျဆင်းနေ ကြောင်း ပြောင်းကုန်သည်များထံ က သိရသည်။

“ ပြောင်းဈေးက တဖြည်း ဖြည်းကျဆင်းလာပါတယ်။ ရေ ရှည်မှာ ဆက်လက်ပြီး ဈေးကျ ဆင်းလိမ့်ဦးမယ်။ လက်ရှိ တရုတ် တင်ပို့မှုလည်း မရှိသလို ထိုင်း နိုင်ငံသို့လည်း တင်ပို့နိုင်မှုအခြေ အနေက ကြာမြင့်နိုင်တယ်။ ပင်လယ်ရေကြောင်းကလည်း တင်ပို့မှုလျော့နည်းလို့ လက်ရှိမှာ ပြောင်းဈေးကွက်ကျဆင်းနေပါ တယ်´´ဟု ပြောင်းကုန်သည်တစ် ဦးက ပြောသည်။

တရုတ်နယ်စပ်ဂိတ်မှာလည်း တာလော့ဂိတ် တစ်ဂိတ်သာ တင် ပို့နိုင်ပြီး ကျန်နယ်စပ်ဂိတ်များမှာ တင်ပို့နိုင်ခြင်း မရှိတော့တာကြောင့် ပို့ကုန်အများစု ဈေးကျဆင်းနေ ခြင်း ဖြစ်သည်။

လက်ရှိရန်ကုန်ပြောင်းဈေး ကွက်မှာ ပြောင်းတစ်ပိဿာလျှင် ငွေကျပ် ၁၀၄၀-၁၀၆၀ ကြား ပေါက်ဈေးရှိနေပြီး မန္တလေးနှင့် နယ်ပြောင်းဈေးကွက်မှာ ယင်း ဈေးအောက် ကျဆင်းနေခြင်း ဖြစ်သည်။

ပြည်တွင်းတောင်သူများအနေ ဖြင့် စိုက်ပျိုးစရိတ်၊ သွင်းအားစု၊ လုပ်အားခ၊ စက်သုံးဆီဈေးများ မြင့်တက်နေတာကြောင့် စိုက်ပျိုး စရိတ်မြင့်မားနေပြီး ပြောင်းတစ် ပိဿာလျှင် ငွေကျပ် ၁၀၀၀ အထက် ရရှိမှသာ စိုက်ပျိုးစရိတ် ကြေရုံသာရှိပြီး ယင်းပေါက်ဈေး ထက်လျော့ကျပါက တောင်သူ များ ဆုံးရှုံးနိုင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.