ရွှေမန်း

တရုတ်နိုင်ငံမှဝယ်လိုအားကောင်းနေတာကြောင့် ယခုနှစ်ပဲသစ်ရာသီမှာ ပဲတီစိမ်းရွှေဝါတစ်အိတ်ကျပ် နှစ်သိန်းကျော်ထိ စံချိန်တင်ပေါက်ဈေးဖြစ်လာကြောင်း ပဲကုန်သည်များထံမှသိရသည်။

တရုတ်နယ်စပ်ဂိတ်များပြန်လည်ဖွင့်လှစ်သည့် နောက်ပိုင်း ပြည်တွင်းပဲဈေးကွက်တစ်ခုလုံး ဝယ်လိုအားကောင်း လာပြီး ဈေးကွက်ပေါက်ဈေးအမြင့်ဈေးဖြစ်လာတာနှင့်အတူ ပြည်တွင်းပဲတီစိမ်း အသစ်ထွက်ရှိလာချိန်တွင် မန္တလေးပဲဈေးကွက်တွင် တစ်အိတ်ကျပ် ၂၂၅၀၀၀ အမြင့်ဆုံးဖြစ်သော်လည်းရန်ကုန်ဈေးကွက်တွက် တစ်အိတ်ကျပ် ၂၃၀၀၀၀ ထိပေါက်ဈေးရှိလာသည်။ဈေးကွက်အတွင်းကိုလည်း ပဲတီစိမ်းအဝင်က အလုံးအရင်းဖြင့် ဝင်ရောက်တာမျိုးမဟုတ်ဘဲ ဧပြီလကုန်ထိ တဖြေးတဖြေးဝင်ရောက်နေမည့် အခြေအနေဖြစ်ကြောင်း ပဲကုန်သည်များကသုံးသပ်ထားသည်။

ပို့ကုန်ပဲများအပါဝင် ပဲတီစိမ်းဈေးကွက်မှာ အမြင့်ဆုံးဈေးဖြစ်လာသလို ပဲတီစိမ်းလမ်းပဲ ၊အညာပဲတီစိမ်း များပါလိုက်ပါဈေးကောင်းနေကြောင်း ၊လက်ရှိမှာ နယ်စပ်တင်ပို့မှုထက် ပိုမိုကုန်ကျစရိတ်နည်းသည့် ရန်ကုန်သင်္ဘောတင်လိုင်းက ဈေးကောင်းပိုမိုရရှိနေကြောင်း ပြည်တွင်းမှာ ပဲတီစိမ်းထွ က်ရှိမှုနည်း ပါးနိုင်ခြင်းနှင့် နောက်ကျထွက်ရှိမည့်အနေအနေများကြောင့် လက်ရှိပဲသစ်ရာ သီမှာ ပဲတီစိမ်းဈေးကွက် စံချိန်တင်ဈေးကောင်းရရှိနေခြင်းဖြစ်ကြောင်း ဦးကျော်သွင်( ရွှေစင်သိန်းပွဲရုံက ပြောသည်။

“ ‌မန္တလေးပဲဈေးကွက်မှာ ပဲတီစိမ်းမှ မဟုတ်ဘူးပဲဈေးကွက်တစ်ခုလုံးကောင်းနေတာပါ။ ပဲတီစိမ်းရွှေဝါဆိုရင် တစ်အိတ်ကျပ် နှစ်သိန်းကျော်သွားပါပြီ။ ပဲတီစိမ်းရွှေဝါ ဈေးကောင်းတာနဲ့အတူ လမ်းပဲနဲ့ ပဲတီစိမ်းအညာစတွေတောင် ၁၇၅၀၀၀ ထိပေါက်ဈေးဖြစ်လာပါတယ်။ တရုတ်ဝယ်လက်ကဝယ်လိုအားအရမ်းကောင်းနေတာကြောင့် ဈေးကောင်းရနေတာမျိုးပါ။ လက်ရှိမှာ ပဲတီစိမ်းရွှေဝါကနယ်စပ်ကတင်ပို့မှုထက်ရန်ကုန်သင်္ဘောတင်ဈေးကွက်အတွက်ဝယ်ယူမှုများနေတာပါ။ နယ်စပ်ကတင်ပို့မှုက တင်ပို့စရိတ်သက်သာလို့သင်္ဘောတင်ဈေးကွက်က ပိုမိုဝယ်ယူများနေခြင်းဖြစ်ပါတယ်။ ပြည်တွင်းမှာလည်းပဲထွက်ရှိမှုနည်းပါးလို့ ဈေးမြင့်တက်နေခြင်းဖြစ်လို့ ဝယ်လိုအားကောင်းနေခြင်းဖြစ်ပါတယ် ”ဟု ၎င်းကပြောသည်။

ပဲတီစိမ်းရွှေဝါ(ခရမ်း) မှာ လက်ရှိမှာ စံချိန်တင်ဈေးအမြင့်ဆုံးရရှိနေပြီး လမ်းပဲ၊အညာပဲတီစိမ်းများပါ လိုက်ပါဈေးကောင်းနေခြင်းဖြစ်ကြောင်း၊ နယ်စပ်တင်ပို့မှုထက် ရန်ကုန်သင်္ဘောတင် ဈေးကွက်မှာ ပိုမိုဈေးကောင်းနေပြီး ပဲတီစိမ်းတစ်အိတ် ကျပ် ၂၃၀၀၀၀ ထိ စံချိန်တင်ဈေးကောင်း ရရှိနေခြင်းဖြစ်ကြောင်း၊ပဲတီစိမ်းစိုက်ပျိုးချိန် မိုးရွာသွန်းမှုရှိခဲ့တာကြောင့် စိုက်ခင်းများပျက်စီးကာ အသစ်ပြန်လည်စိုက်ပျိုးမှုရှိခဲ့တာကြောင့်လည်း ပဲပေါ်ချိန် အပိုင်း ၂ပိုင်းကွဲကာပွဲထွက်ရှိလာနိုင်တာကြောင့် လာမည့် မတ်၊ဧပြီထိ ပဲသစ်ထွက်ရှိနိုင်ကြောင်း ဈေးကွက်အတွင်း ပဲသစ်အလုံးအရင်းဖြင့်ဝင်ရောက်မှုမရှိတာကြောင့်လည်း ဈေးကွက်ကောင်းနေခြင်း ဖြစ်ကြောင်း ခေတ်သစ်ဦး ပို့ကုန်ပဲကုမ္ပဏီမှ ဦးသိန်းဇံက သုံးသပ်ပြောကြားသည်။

“ ပဲတီးစိမ်းရွှေဝါ မန္တလေးဈေးကတော့ တစ်အိတ်ငွေကျပ် ၂၁၃၀၀၀-၂၁၅၀၀၀၊ လက်ခူးပဲတီစိမ်းက ၂၀၆၀၀၀-၂၁၀၀၀၀ကြား၊ ရိုးရိုးပုံမှန်စတွေက ၁၉၀၀၀၀-၂၀၀၀၀၀ကြားမှာ ပေါက်ဈေးရှိပါတယ်။ ဈေးကွက်အတွင်းမှာဲအရောင်းအဝယ်ကတော့ခပ်သွက်သွက်ရှိနေပါတယ်။ ရန်ကုန်ပေါက်ဈေးကတော့ တစ်အိတ်ကျပ် ၂၃၀၀၀၀ ပေါက်ဈေးရှိပါတယ်။လက်ရှိဈေးကွက်ကတော့ မန္တလေးဈေးကွက်ကို အဝင်နည်းြ့ပီးရန်ကုန်ဈေးကွက်ကိုသွားတာများပါတယ်။ နယ်စပ်ကုန်သွယ်မှုက သယ်ယူစရိ တ်ပိုကြီးမြင့်နေလို့ ပုံမှန်သင်္ဘောတင်လိုင်းက တင်ပို့မှုပိုများနေလို့ ရန်ကုန်ပဲဈေးကွက်မှာ ပဲတီစိမ်းဈေးကပိုမိုရရှိနေပါတယ်။ အိန္ဒိယ ကုန်သည်တွေက လက်ရှိဈေးအမြင့်မှာဝယ်ယူမရှိဘဲအဓိက တရုတ်ပို့ကုန်သမားတွေကသာဝယ်ယူမှုရှိနေတာပါ။ဒီနှစ်မှာကပဲတီစိမ်း စိုက်ပျိုးချိန် မိုးများတဲ့နေရာတွေက နောက်တစ်ကြိပ်ပြန်စိုက်ပျိုးရတော့ အထွက်နောက်ကျတာရှိပေမယ့် ကုန်းပိုင်းကျတဲ့နေရာက လက်ရှိမှာပဲထွက်နေတာဖြစ်တော့ ပဲပေါ်ချိန် ၂ပိုင်းကွဲသွားတာဆိုတော့ ဧပြီလလောက်ထိပဲတီစိမ်းရွှေဝါကထွက်ရှိနေမှာပါ။ ” ဟု ၎င်းကပြောသည် ။

မြန်မာနိုင်ငံမှ ပို့ကုန် မတ်ပဲ၊ပဲစင်းငုံမှာ အိန္ဒိယနိုင်ငံမှ အဓိကဝယ်ယူနေပြီး ပဲတီစိမ်းမှာ နှစ်နိုင်ငံ ဝယ်လိုအားရှိနေတာကြောင့်လည်း တစ်နှစ်ထက်တစ်နှစ်ဝယ်လိုအားကောင်း ဈေးအမြင့်ရရှိ လာခြင်း ဖြစ်ရာ ယခင်နှစ်ကိုဗစ်ကာလအတွင်းမှာ ပဲတီစိမ်းရွှေဝါတစ်အိတ်ကျပ် ၁၂၃၀၀၀-၁၂၅၀၀၀ ဝန်း ကျင်သာပေါက်ဈေးရှိခဲ့ကြောင်းနှင့် ယခုနှစ်ပဲသစ်ရာသီတွင် ယခင်နှစ်များထက် အထွက် နှုန်းလျော့ကျနိုင်ကြောင်း ပဲကုန်သည်များကသုံးသပ်ထားသည်။

Leave a Reply

Your email address will not be published.