တရုတ်နိုင်ငံသို့ မြန်မာ့ပြောင်းဆံ တရားဝင် တင်ပို့ခွင့်ရပြီ ၊ စစ်ဆေးခြင်းနှင့် ပိုးမွှားကင်းစင်ရေး (SPS Protocol) သဘောတူညီချက်ကို နှစ်ဖက်အစိုးရ သဘောတူလက် မှတ်ထိုး

ရွှေမန်း

တရုတ်နိုင်ငံကို ပြောင်းဆံ တရားဝင်တင်ပို့နိုင်ဖို့ စစ်ဆေးခြင်းနှင့် ပိုးမွှားကင်းစင်ရေး သဘောတူညီချက်(SPS Protocol)ကို ပြီးခဲ့သည့်ဇန်နဝါရီ ၃၁ ရက် မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန(မြန်မာ)နဲ့ အရည်အသွေးစစ်ဆေးရေးနှင့် ကွပ်ကဲရေးအာဏာပိုင်အဖွဲ့-AQSIQ(တရုတ်)တို့ လက် မှတ်ရေးထိုးခဲ့ကြပါတယ်။ ယခုသဘောတူညီချက်အရ မြန်မာ့ပြောင်းဆံကို ပင်လယ်ရေကြောင်းနဲ့ နယ်စပ်လမ်းကြောင်းတို့မှ တရားဝင် တင်ပို့ရောင်းချနိုင်မှာဖြစ်ပြီး တရုတ်-မြန်မာနှစ်နိုင်ငံအကြား တရားဝင် စိုက်ပျိုးရေးကုန်သွယ်မှုကို မြှင့်တင်ပေးကာ ပြောင်းစိုက်တောင်သူတွေရဲ့ အကျိုးစီးပွားပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်းသိရသည်။။ SPS Protocol က မြန်မာနိုင်ငံက စိုက်ပျိုးရေးထွက်ကုန်တွေကို အဓိက ကုန်သွယ်ဖက်ဖြစ်တဲ့ တရုတ်နိုင်ငံကို တရားဝင် တင်ပို့နိုင်ရေးအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုလည်း ဖြစ်သည်။ MoALI နဲ့ GACC တာဝန်ရှိသူတို့က ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်အတွင်း ဆန်နဲ့ ဆန်ကွဲတင်ပို့မှုဆိုင်ရာ SPS Protocol အတွက် လိုအပ်တဲ့ သဘောတူညီချက်တွေကို လက် မှတ်ရေးထိုးထားသည်။ လက်ရှိမှာ ကျွဲ၊ နွားအရှင်တွေ တရားဝင်ရောင်းဝယ်မှုတွေ ဆက်လက်ပြုလုပ်နိုင်ဖို့ သက်ဆိုင်ရာ နယ်စပ်ကုန်သွယ်ရေးစခန်းတွေမှာ တိရစ္ဆာန်တွေရဲ့ ကျန်းမာရေးစစ်ဆေးရေးအဖွဲ့တွေကို ဖွဲစည်းဆောင်ရွက်နေပြီး ကွတ်ခိုင်မြို့နယ်မှာ စစ်ဆေးရေးစခန်းတစ်ခု တည်ဆောက်ထားကြောင်းသိရသည်။ လက်ရှိမှာ ပဲပုပ်၊ ပီလောပီနံနဲ့ ကန်စွန်းဥအတွက် MoALI နဲ့ တရုတ်လုပ်ဖော်ကိုင်ဖက်တို့အကြား ညှိနှိုင်းမှုတွေ ဆက်တိုက်ပြုလုပ်နေပြီး နာနတ်သီး၊ ထောပတ်သီး၊ ကျွဲကော၊ သံပုရာသီးနဲ့ ကွမ်းသီစေ့တွေ တရားဝင် တင်ပို့နိုင်ရေး SPS Protocol အစီအမံတွေကို ညှိနှိုင်းနေဆဲဖြစ်ကြောင်းသိသည်။ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံက လယ်ယာထွတ်ကုန်များ၊ မွေးမြူရေးနဲ့ ရေထွက်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ ၅.၄၂၇ ဘီလီယံကို တရုတ်နိုင်ငံကို တင်ပို့ရောင်းချနိုင်ခဲ့တယ်လို့ စီးပွား/ကူးသန်းဝန်ကြီးဌာနရဲ့ စာရင်းတွေထုတ်ပြန်ထားကြောင်းသိရသည်။

Leave a Reply

Your email address will not be published.