တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျောတန်ချိန် ၇သိန်းနီးပါးတင်ပို့ခဲ့

ရွှေမန်း

ကချင်ပြည်နယ် ကန်ပိုင်တည်  နှင့်လွယ်ဂျယ် နယ်စပ်ကုန်သွယ် ရေးစခန်းများမှတစ်ဆင့် တရုတ်  နိုင်ငံသို့ တစ်သျှူးငှက်ပျောတန် ချိန် ၇သိန်းနီးပါး တင်ပို့ထားသည်။

၂၀၂၃-၂၀၂၄ဘဏ္ဍနှစ် အတွင်း တရုတ်နိုင်ငံသို့ တစ်သျှူး ငှက်ပျောတန်ချိန် ၆၉၀၀၀၀ကျော်  တင်ပို့ထားပြီး ယခင်ကာလတူ နှစ်ထက် ပိုမိုတင်ပို့နိုင်ခဲ့သည်။

၂၀၂၄ခုနှစ် ဧပြီလအတွင်း ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေး စခန်းမှတစ်ဆင့်တန်ချိန် ၈၀၀၀၀  ကျော်တင်ပို့ထားပြီး လက်ရှိမှာ စိုက်ပျိုးရေးသီးနှံထွက်ကုန်အမျိုး အစား(၃၀)ကျော် ကုန်သွယ်လျက် ရှိကြောင်း ကချင်ပြည်နယ်စိုက် ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်  ဦးစီးမှူး ဦးအောင်လွင်ဦးက ပြော သည်။

“ ကချင်ပြည်နယ်မှာ တစ် သျှူးငှက်ပျောစိုက်ဧက ၇၀၀၀၀ ကျော်ရှိပါတယ်။(၂၀၂၃-၂၀၂၄) ခုနှစ်မှာ ဧက ၆၈၀၀၀ကျော် ခုတ်သိမ်းနိုင်ခဲ့ပါတယ်။ အဓိက စိုက်ပျိုးတဲ့ မြို့နယ်တွေကတော့ ဝိုင်းမော်၊ မြစ်ကြီးနား၊ မိုးမောက်၊ ဗန်းမော်၊ ရွှေကူမြို့နယ်တွေ ဖြစ်ပါတယ်။ ကချင်ပြည်နယ် ကထွက်ရှိတဲ့ တစ်သျှူးငှက်ပျော တွေကို လွယ်ဂျယ်ကုန်သွယ်ရေး  စခန်းမှတစ်ဆင့် တရုတ်နိုင်ငံကို တင်ပို့လျက်ရှိပါတယ်´´ ဟု ၎င်း က ပြောသည်။

(၂၀၂၂-၂၀၂၃)ခုနှစ်မှာ တန်ချိန် ၄၉၀၀၀၀ကျော်တင်ပို့ နိုင်ခဲ့ပြီး(၂၀၂၃-၂၀၂၄)ခုနှစ်မှာ ၆၃၀၀၀၀ကျော် တင်ပို့နိုင်ခဲ့သည်။  လက်ရှိ ၂၀၂၄ခုနှစ်မှာ ဧပြီလမှာ ကံပိုင်တည် ကုန်သွယ်ရေးစခန်း တစ်ခုတည်းကနေ တန်ချိန်၈၈၀၀၀ ကျော် တင်ပို့ထားခဲ့သည်။

လက်ရှိရောင်းချနေရသည့် ဈေးနှုန်းတွေက အချိန်နှင့်အမျှ ပြောင်းလဲမှုများရှိသော်လည်း ပျမ်းမျှအားဖြင့် တစ်ကီလိုဂရမ် ကို ၂ ဒသမ ၅ယွမ် ပေါက်ဈေး ရှိသည်။ ကံပိုင်တည်နယ်စပ် ကုန်သွယ်ရေး စခန်းကနေ သီးနှံ ထွက်ကုန်(၁၀)မျိုး၊ လွယ်ဂျယ် ကုန်သွယ်ရေး စခန်းကနေ သီးနှံ ထွက်ကုန်(၁၀)မျိုး တင်ပို့ထား ပြီး ကချင်ပြည်နယ် တစ်ခုလုံး အနေဖြင့် နယ်စပ်ကုန်သွယ်ရေး နှစ်ဂိတ်ပေါင်း သီးနှံ(၃၁)မျိုး တင်ပို့လျက်ရှိရာ ကြက်သွန်နီ၊ နှမ်း၊ ရွှေဖရုံ၊ မြေထောက်ပဲ၊ မြေပဲ၊ ဖရဲ၊ သခွား စသည့်သီးနှံ တွေကို တရုတ်နိုင်ငံသို့ တင်ပို့ လျက်ရှိကြောင်းသိရသည်။

Leave a Reply

Your email address will not be published.