ရွှေမန်း

တရုတ်နယ်စပ်ဂိတ်များ ပြန် လည်ဖွင့်လှစ်လာခြင်းနှင့်အတူ ပြည်တွင်း ပဲ၊ နှမ်းဈေးကွက် အရောင်းအဝယ်သွက်လာကြောင်း ပဲ၊ နှမ်းကုန်သည်များထံက သိရ သည်။

ပဲသစ်ရာသီမှ ပို့ကုန်ပဲများ အဝင်ရှိသလောက် အရောင်းအဝယ် ကောင်းနေသလို တရုတ်နယ်စပ် ဂိတ်များ ပြန်လည်ဖွင့်လှစ်လိုက် သည့် ဇန်နဝါရီ ၁၅ ရက် ကျော် နောက်ပိုင်း နှမ်းနက်၊ မြေပဲဆန် နှင့်မြေထောက်ပဲ၊ ပဲယင်းတို့ ဈေး ကောင်းရလာကြောင်း သိရသည်။
ပို့ကုန်ပဲသစ်များ ဈေးကွက် အတွင်းအိတ်ရေများများ ဝင် ရောက်မှုရှိလာသလို တရုတ်လိုင်း၊ ရန်ကုန်လိုင်းအဝယ်ဆုံနေတာ ကြောင့် ပဲ၊ နှမ်းဈေးကွက် အရောင်း အဝယ်သွက်နေကြောင်း လာမည့် လကုန်ရက်များတွင် အသစ်ဝင်ပဲ များ အစုံဝင်လာနိုင်လို့ ဈေးကွက် ပိုကောင်းလာမည်ဖြစ်ကြောင်း၊ လက်ရှိကာလတွင် ပဲထွက်ရှိရာ ဒေသအချို့တွင် မတည်ငြိမ်မှု များကြောင့် စိုက်ခင်းထဲက ပဲပေါ် တာနှင့်ချက်ချင်း ဈေးကွက်သို့တင် ပို့ရောင်းချနေလို့ ပဲပေါ်ကာလ တိုတောင်းနိုင်ကြောင်း ဦးကျော် သွင်(ရွှေစင်သိန်းပွဲရုံ)က ပြော သည်။

“ပို့ကုန်ပဲတွေကတော့ အရောင်းအဝယ်သွက်ပေမယ့် ငွေဈေးမငြိမ်တော့ ဈေးအနည်း ငယ် ကျဆင်းသွားပါတယ်။ ပို့ကုန် ပဲအုပ်စု အသစ်ဝင်တော်တော်များ လာတော့ လှောင်လက်သမားတွေ အဝယ်ကောင်းနေပါတယ်။ပဲတီ စိမ်းကတော့ အသစ်မပေါ်လာ သေးဘူး။ အဟောင်းပဲတီစိမ်း အညာတွေပဲ ဈေးကောင်းရနေ တယ်။ ကုလားပဲ အသစ်လေးတွေ ပေါ်လာတော့ အဟောင်းဈေးက အနည်းငယ် ကျဆင်းလာတယ်။လက်ရှိမှာ ကုလားပဲက အဟောင်း ဈေးကွက်၊ အသစ်ဈေးကွက်နဲ့ အဟောင်းက ဈေးမြင့်နေတုန်းပါ။လကုန်သီတင်းပတ်ရက်တွေမှာ ပဲ အသစ်အဝင် ပိုစုံလာမယ်။ တရုတ် နယ်စပ်ဂိတ် ပြန်ဖွင့်တာနဲ့ နှမ်း နက်၊မြေပဲဆန်နဲ့ မြေထောက်ပဲ၊ ပဲယင်းဈေးကောင်းလာတယ်။မြေထောက်ပဲကို တရုတ်လိုင်း၊ ရန်ကုန်လိုင်းအဝယ်ဆုံနေလို့ အဝင် ရှိသလောက် အဝယ်ရှိနေပါတယ်။လက်ရှိမှာ ဒေသတွင်းမတည်ငြိမ် မှုနဲ့ လုံခြုံရေးကြောင့် ပဲအသစ်ပေါ် ဦးပေါ်ဖျား ဈေးကွက်မှာ ချက်ချင်း ရောင်းချနေရလို့ ပဲပေါ်ကာလတို တောင်းမယ်´´ဟု ၎င်းက ပြော သည်။

မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း

ပို့ကုန် မတ်ပဲ ဈေးကွက် ပေါက်ဈေးမှာ ငွေဈေးမတည် ငြိမ်တာကြောင့် ဈေးအနည်းငယ် ကျဆင်းသွားသော်လည်း ပဲစင်း ငုံဈေးမှာ ဆက်လက်မြင့်တက်နေ သလို ပဲတီစိမ်းမှာ အသစ်ဝင် ရောက်မှု မရှိသေးကြောင်း သိရ သည်။ အိန္ဒိယနိုင်ငံ၏ ပဲတင် သွင်းမှုကာလ ၂၀၂၄ခုနှစ် မတ် လထိကို တိုးမြှင့်ထားတာကြောင့် လည်း ပဲသစ်ရာသီအတွက် စောင့် ဆိုင်းဝယ်ယူဖြစ်နေတာကြောင့် လှောင်လက်သမားများ အဝယ် သာရှိနေခြင်းဖြစ်ရာ အရောင်း အဝယ်သွက်နေပြီး ဇန်နဝါရီ ၁၉ ရက်တွင် မတ်ပဲ သုံးတင်းဝင် တစ်အိတ် ငွေကျပ် ၁၆၃၀၀၀၊ ပဲစင်းငုံ တစ်အိတ် ငွေကျပ် ၁၇၀၀၀၀၊ ပဲတီစိမ်းရွှေဝါတစ်အိတ် ၁၈၅၀၀၀၊ အညာမှာ ထိပ်စ သုံး တင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၅၇၀၀၀ ပေါက်ဈေးရှိသည်။

နှမ်း၊ မြေပဲ

တရုတ်နယ်စပ်ဂိတ် ဖွင့်လှစ် လိုက်သည့် နောက်ပိုင်း နှမ်းဈေး ကွက် ပြန်လည်ကောင်းမွန်လာရာ နှမ်းဖြူ ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀ ထိ ပေါက်ဈေး ဖြစ်လာပြီး နှမ်းနက်စမုန်မှာ တစ် အိတ် ငွေကျပ် ၃၀၀၀၀၀ ထိ ပေါက် ဈေးရှိလာသည်။ မြေပဲအနီလုံးဆန် တစ်ပိဿာ ငွေကျပ် ၆၉၀၀၊ ဆီ ဆန်တစ်ပိဿာ ငွေကျပ် ၅၈၀၀ ပေါက်ဈေးထိ ပြန်လည်မြင့်တက် လာသည်။

ပြည်တွင်းသုံးကုလားပဲအုပ်စု နှင့် ပဲမာလိုင်းများမှာ အသစ်ဝင် ပဲများမန္တလေးဈေးကွက်သို့စတင် ဝင်ရောက်လာရာ အဟောင်း ဈေး အနည်းငယ် ကျဆင်းသွားပြီး တရုတ်လိုင်းအဝယ်ရှိသည့် ပဲ အသစ်များ ဈေးကောင်းရရှိလာရာ ဇန်နဝါရီ ၁၉ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၁၉၅၀၀၀၊ ပဲယင်းကြီး(သစ်) တစ်အိတ်လျှင် ငွေကျပ် ၁၃၆၀၀၀၊ ပဲကြီး(ဟောင်း)တစ်အိတ်လျှင် ငွေ ကျပ် ၂၇၉၀၀၀၊ ပဲထောပတ်(သစ်) တစ်အိတ်လျှင် ငွေကျပ် ၁၉၅၀၀၀၊ ပဲဇီးကွက် တစ်အိတ်လျှင် ငွေကျပ် ၁၃၅၀၀၀၊ မြေထောက်ပဲတစ် အိတ်လျှင် ငွေကျပ် ၂၄၀၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၅၀၀၀၀ ပေါက်ဈေး ဖြစ်သည်။

Leave a Reply

Your email address will not be published.