တရုတ်နယ်စပ်ကုန်သွယ်မှု ပြန်ဖွင့်မည့်ရက် မသေချာသေးတာ ကြောင့် နှမ်းနက် အ၀ယ် အနည်းငယ်လျော့ကျ သော်လည်း ပဲတီစိမ်း၀ယ်လိုအားကောင်းနေ

ရွှေမန်း

ပို့ကုန်ပဲ များဖြစ်သည့် ပဲစဉ်းငုံ ၊မတ်ပဲ ပဲတီးစိမ်း စျေးနှုန်းများ ဆက်လက် စျေး မြင့်တက်လာနေပြီး တရုတ်နယ်စပ်ကုန်သွယ်မှု ပြန်ဖွင့်မည့်ရက် မသေချာသေးတာ ကြောင့် နှမ်းနက် အ၀ယ် အနည်းငယ်လျော့ကျသော်လည်း ပဲတီစိမ်း၀ယ်လိုအားကောင်းနေ ကြောင်းသိရသည်။စက်တင်ဘာ ဒုတိယ သီတင်းပတ် တွင် ဗဟိုဘဏ်မှာ ၁၅ သန်း တစ်ကြိမ် ၊၈ သန်း တစ်ကြိမ် ထုတ်ရောင်း လာမှုကြောင့် နိုင်ငံခြားငွေ ဒေါ်လာပေါက်စျေး ကျပ် ၂၀၀၀ ကျော်နေရာမှ ကျပ် ၁၉၀၀ခန့့် ကျဆင်းလာခြင်းနှင့် အတူ ပဲမျိုစုံ အ၀ယ်မှာ အနည်းငယ် အေးသွားသည်။သို့သော်လည်း ပဲစဉ်းငုံစျေး ၊ပဲတီစိမ်း စျေးများဆက်လက် မြင့်တက်လာပြီး၊မတ်ပဲ နှင့် နက်စျေး မှာ ရပ်တန့်နေကြောင်း ပြည်တွင်းသုံး ကုလားပဲနှင့် ပဲမာများလိုင်းများမှာ အသစ်ပေါ်ချိန် ကာလ ၅ လခန့်လိုသေးချိန် တွင် ပြည်တွင်းသုံးစွဲမှု မြင့်မားတာကြောင့် ပစ္စည်း ပြတ်လပ်များ ရှိလာနိုင်ကြောင်း ရွှေစင်သိန်းပွဲရုံ ပိုင်ရှင် ဦးကျော်သွင်က ပြောသည်။

“ တရုတ်နယ်စပ်ဂိတ် ဖွင့်လှစ်မည့်သတင်းတွေ ကြောင့် နှမ်းနက် စျေးတွေ ကောင်းလာရာကနေ အ၀ယ်အေးသွားပါတယ်။ နှမ်းနက်ပေါက်စျေးကတော့ ကျပ် ၁၉၅၀၀၀ ကို ရှယ်ထိပ်စ အက်စစ်လွတ်မှာသာ ၀ယ်ယူမှု ရှိနေတယ်။ ပဲတီးစိမ်းကတော့ ပစ္စည်းနည်းပါးလာတော့ စျေးဆက်လက် မြင့်တက်လာတယ်။ ပဲစဉ်းငုံလည်း သုံးတင်၀င်တစ်အိတ်ကို ကျပ် ၆၀၀၀ ဆက်တက်လာတယ်။ မတ်ပဲ ကတော့ စျေးကွက်မှာ တစ်အိတ်ကျပ် ၂၀၀၀ လောက်စျေးကျသွားတယ်။ ပြည်တွင်းသုံးကုလားပဲတွေကတော့ လက်ကျန် နည်းလာသလို စျေးကတော့ တန့်နေပါတယ်။ ပဲအသစ် ပေါ်ချိန် က ၅ လလောက်လိုသေးတော့ ပြည်တွင်းမှာ ကုလားပဲအုပ်စုပဲတွေ ပစ္စည်းပြတ်လပ်သွားနိုင်တယ်။ ကုန်စည်ဒိုင်မှာတော့ ကိုဗစ်-၁၉ လျော့ကျလာတော့ အရင်လို ပြန် အရောင်းအ၀ယ်ကောင်းလာပါပြီ” ဟု ၄င်းက ပြောသည်။

ပဲစင်းငုံ ၊မတ်ပဲ

အိန္ဒိယ ပို့ကုန် ပဲစဉ်းငုံ စျေးမှာ စက်တင်ဘာ ဒုတိယ သီးတင်းပတ် ၁၆ ရက်နေ့မှာ သုံးတင်း၀င် အိတ် တစ်အိတ်လျှင် ကျပ် ၁၃၆၀၀၀ ထိဆက်လက်မြင့်တက်လာရာ ယခင် ထက် ကျပ် ၆၀၀၀ စျေးတက်လာ ပြီး မတ်ပဲစျေးမှာ ကျပ် ၂၀၀၀ ခန့် အနည်းငယ် လျော့ကျ သွား တာကြောင့် တစ်အိတ်လျှင် ကျပ် ၁၄၈၀၀၀ ပေါက်စျေးဖြစ်သွားကြောင်းသိရသည်။ပဲတီစိမ်း ၊နှမ်းနက်တရုတ်နယ်စပ်ကုန်သွယ်မှု ဖွင့်လှစ်ရက် မသေချာမှုများကြောင့် ပဲတီစိမ်း မှာ လက်ကျန်ပစ္စည်းနည်းလာတာကြောင့် ၀ယ်လိုအားကောင်းနြေ့ပီး သုံးတင်း၀င်တအိတ်ကျပ် ၂၀၀၀ ခန့် ဆက်လက် စျေးမြင့်တက်လာရာ တစ်အိတ်ကျပ် ၁၁၅၀၀၀ ထိ ပေါက်စျေးရှိလာသည်။ ပြည်တွင်းလက်ကျန် များနေသည့် နှမ်းနက်မှာ နယ်စပ်ဂိတ်ဖွင့်ရက် မသေချာသေးတာကြောင့် အ၀ယ် အနည်းငယ်အေးသွားပြီး အိက်စစ်လွှတ် အရည်အသွေးကောင်းမှသာ အ၀ယ်ရှိတော့ကြောင့် သိရသည်။ နှမ်းနက်စျေးမှာ စက်တင်ဘာ ၁၆ ရက်နေ့တွင် သုံးတင်း၀င်တစ်အိတ် ကျပ် ၁၉၅၀၀၀ သာ ပေါက်စျေးရှိတော့သည်။ပြည်တွင်းသုံးကုလားပဲအုပ်စုမှာ အမြင့်စျေးဖြင့် ရပ်တန့်နေပြီး ပြည်တွင်းသုံးစွဲမှု မြင့်မားလာတာကြောင့် ပစ္စည်း ပြတ်လပ်မှုများ ဖြစ်လာနိုင်ကြောင်း၊ ယခင်က ပြည်ပမှ စားတော်ပဲများ ၀င်ရောက်မှုကြောင့် စျေးကွက် ကျဆင်းခဲ့သော်လည်း ယခုအချိန်တွင် အခြားပဲမာလိုင်းများပါ စျေးမြင့်တက်လာကြောင်းသိရသည်။ စက်တင်ဘာ ၁၆ ရက်နေ့ တွင် ဗွီးတူးကုလားပဲ တစ်အိတ် ကျပ် ၁၂၉၀၀၀၊ နိုင်းတူးနိုင်းကုလားပဲ တစ်အိတ်ကျပ် ၁၂၂၀၀၀ ၊ထိုင်၀မ်ကုလားပဲ တစ်အိတ် ကျပ် ၁၁၇၀၀၀ အသီးသီးပေါက်စျေးရှိကြောင်း မန္တလေးကုန်စည်ဒိုင် မှ ထုတ်ပြန်ထားကြောင်း သိရသည်။အိန္ဒိယ ပို့ကုန်ပဲများ ဒေါ်လာစျေးမြင့်တက်မှုနှင့် အတူ အ၀ယ်လိုက်နေပြီး တရုတ်နယ်စပ်ဂိတ်များ ပြန်ဖွင့်မည့်ရက် မသေချာသေးသော်လည်း ပြည်တွင်းငွေလဲလှယ်နှုန်း မတည်ငြိမ်မှုကြောင့် စျေးကွက် အတွင်း စျေးနှုန်း အတက် အကျ အပြောင်းအလဲ မြန်ဆန်နေကြောင်းနှင့် မန္တလေးပဲနှမ်းစျေးကွက်တွင် အရောင်းအ၀ယ် ပြန်လည်စည်ကား နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published.