တရုတ်တင်ပို့ရန်လိုအပ်ချက်များလာတာကြောင့်နှမ်းနက်ဈေးကွက် ဆက်လက် မြင့်တက်လာ

ရွှေမန်း

တရုတ်နိုင်ငံသို့ တင်ပို့ရန် လိုအပ်ချက်များလာတာကြောင့် နှမ်းနက်ဈေး ဆက်လက်မြင့်တက် လာသော်လည်း အခြားပဲမာများ လိုင်းများ ဈေးအးနေကြောင်း ပဲ၊ နှမ်းကုန်သည်များထံက သိရ သည်။

တရုတ်နိုင်ငံသို့တင်ပို့ရန် လိုအပ်ချက်များနေတာကြောင့် နှမ်းနက်တစ်အိတ် ငွေကျပ် ၃၆၅၀၀၀၀ ထိဈေးမြင့်တက် အဝယ်သွက်နေခြင်းဖြစ်သည်။ ယခင်သီတင်းပတ်ထက် နှမ်းနက် တစ်အိတ်ငွေကျပ် ၂၀၀၀၀ ဆက်လက်မြင့်တက်လာခြင်းဖြစ် သည်။  

အညာနှမ်းနက်များ ဈေး ကွက်အတွင်း အဝင်ကောင်းလာ သလို တရုတ်နိုင်ငံသို့တင်ပို့မှု ကောင်းလာတာကြောင့်လည်း ပဲ၊နှမ်းဈေးကွက်အတွင်း ဈေး မြင့်တက်အဝယ်သွက်နေကြောင်း၊  အခြားပို့ကုန်ပဲများနှင့် ပဲမာလိုင်း များမှာ ဈေးအေးနေကြောင်း၊ မြေပဲဆန်မှာ ဈေးကျဆင်းနေ တာကြောင့် ဆီစက်ပိုင်များ ထိမ်း ဝယ်နေတာကြောင်း ရွှေစင်သိန်း ပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြော သည်။
“ နှမ်းတစ်မျိုးပဲဈေးကောင်း အဝယ်သွက်နေပါတယ်။နှမ်း မျိုးစုံက တရုတ်လိုအပ်များနေလို့ အကုန်ဝယ်နေပါတယ်။ဈေးကွက် ထဲမှာလည်း အညာနှမ်းမျိုးစုံက လည်း အဝင်ကောင်းနေပါတယ်။နှမ်းနက်အရည်အသွေးကောင်းရင် သုံးတင်းဝင်တစ်အိတ် ၃၆၅၀၀၀၀ ထိ ပေါက်ဈေးရှိလာပါတယ်။  မြေပဲဆန်ကတော့ ပုံမှန်အတိုင်းအရောင်းအဝယ်ကောင်းနေပါတယ်။ဆီစက်ပိုင်တွေကလည်း ဈေးကျ နေတော့ထိမ်းဝယ်နေပါတယ်။  ပဲမာလိုင်းများလည်း အရောင်း အဝယ်အေးပါတယ်။´´ ဟု ၎င်း က ပြောသည်။

မန္တလေးကုန်စည်ဒိုင် ကထိန် ကာလာဖြစ်တာကြောင့် ပဲ၊နှမ်း ပေါက်ဈေးသတင်း မထုတ်ပြန် နိုင်သော်လည်း နိုဝင်ဘာ ၂၁ ရက် ထိ ပေါက်ဈေးများမှာ သုံးတင်း ဝင် မတ်ပဲပိဿာ  ၆၀ တစ်အိတ် လျှင် ငွေကျပ် ၂၇၅၀၀၀ ပေါက် ဈေးထိ ဆက်လက်ကျဆင်းနေပြီး ပဲစင်းငုံမှာ ပစ္စည်းအသစ်မဝင်လာ ခင်အထိ အရောင်းအဝယ်ဈေး ကွက်ပျောက်နေမည် ဖြစ်သည်၊၊ ပဲတီစိမ်းအညာ  ၅၆ ဒသမ ၂၅ ပိဿာတစ်အိတ်လျှင် ငွေကျပ်  ၁၅၀၀၀၀ ပေါက်ဈေးဖြင့် ဆက်လက်ဈေးကျဆင်းနေသည်။
 ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ပုံမှန်ဈေးသာ ရှိနေပြီး နိုဝင်ဘာ ၂၁ ရက်တွင် ကုလားပဲ ဠ၂  တစ်အိတ်လျှင် ငွေကျပ် ၂၆၅၀၀၀၊ဠ၇ တစ်အိတ်လျှင် ငွေကျပ် ၂၆၈၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၅၀၀၀၊ ၉၂၉  ကုလားပဲ တစ် အိတ်လျှင်  ငွေကျပ်  ၂၄၈၀၀၀  ပေါက်ဈေးဖြစ်ဈေးကျဆင်း နေ သည်။

ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၉၅၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၄၂၀၀၀၀၊ မြေ ထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊ ကျွန်းစားတော်ပဲတစ် အိတ်လျှင် ငွေကျပ် ၃၅၀၀၀၀၊  ကနေဒါစားတော်ပဲတစ်အိတ် လျှင် ငွေကျပ် ၂၇၀၀၀၀၊ မြေပဲ အနီလုံးဆန်(မြင်းမူ)တစ်ပိဿာလျှင် ငွေကျပ် ၅၉၀၀-၆၀၀၀ ပေါက် ဈေးရှိသည်။

နှမ်းမျိုးစုံဈေးကွက်မှာ တရုတ် နိုင်ငံသို့ ပြန်လည်တင်ပို့လာ တာကြောင့် နှမ်းမျိုးစုံကောင်း အဝယ်သွက်နေရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေ ကျပ် ၃၆၀၀၀၀၊ နှမ်းညို(သစ်) တစ်အိတ်လျှင် ငွေကျပ် ၂၈၀၀၀၀၊  နှမ်းနက်စမုန် တစ်အိတ်လျှင် ငွေကျပ် ၃၆၅၀၀၀  ပေါက်ဈေး ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published.