တစ်ရက်တည်း လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှူကြောင့်​ မကွေးတိုင်းအတွင်း လူ၃ဦးသေဆုံး၊ ၃ဦးထိခိုက်ဒဏ်ရာရ၊ လူနေအိမ် (၂၁) လုံး ပြိုကျခဲ့ပြီး အိမ်ခြေ (၉၈၁) လုံး တစ်စိတ်တစ်ပိုင်းပျက်စီးမှုဖြစ်ပွား

မေလ (၁၁)ရက်နေ့ တစ်ရက်တည်း လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် မကွေးတိုင်းအတွင်း လူ၃ဦးသေးဆုံး၊ ၃ဦးထိခိုက်ဒက်ရာရပြီး လူနေအိမ် (၂၁) လုံး ပြိုကျခဲ့ကာ အိမ်ခြေ (၉၈၁) လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးမှုဖြစ်ပွားခဲ့ကာ ပြည်သူ (၂၄၈၂)ဦး လေဘေးသင့်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီးဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရပါတယ်။
မေလ (၁၁)ရက်နေ့ ညနေ(၅)နာရီအချိန်ခန့်က တိုက်ခက်သည့်လေပြင်းကြောင့် မကွေးမြို့နယ် ယင်းဆိပ်ကျေးရွာအနီးတွင် လူ၂ဦးသစ်ပင်ပိသေဆုံးခဲကာ ၂ဦးခြေထောက်ကျိုးခဲ့ကြောင်း၊ မြို့သစ်မြို့နယ် ရေပြည့်အုပ်စု နတ်ရွာကျေးရွာတွင် မိုးကြိုးပစ်ခံရ၍ အမျိုး၁ဦးသေဆုံးပြီး အမျိုးသမီး၁ဦး ဒဏ်ရာရရှိခဲ့ပြီး တိုင်းအတွင်းက ကံမ ၊ မြို့သစ် ၊ မင်းတုန်း ၊ သရက် ၊ အောင်လံ ၊ နတ်မောက် ၊ မင်းဘူး၊ မကွေးမြို့နယ် (၇)မြို့နယ်မှာ လေပြင်းဒဏ်ခံခဲ့ရပြီး လေပြင်းကြောင့် ထိခိုက်ပျက်စီးမှု အများဆုံးမြို့နယ်များမှာ မကွေး၊ ကံမ၊ မြို့သစ်မြို့နယ်တို့ဖြစ်ကြောင်း သိရပါတယ်။
မကွေးမြို့နယ်မှာ ပြိုကျပျက်စီးအိမ်(၂၁)အိမ်၊ရှိပြီး တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ( ၄၈၀)၊အိမ်၊ ကံမမြို့နယ်မှာတစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ (၄၄၀ )အိမ်၊ မြို့သစ်မြို့နယ်မှာ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၃၄)အိမ် ပျက်စီးခဲ့ပြီး ကျန်မြို့နယ်တွေမှာ လူနေအိမ်ခြေအနည်းအကျဥ်းပျက်စီးမှုတွေရှိခဲ့ကြောင်းမကွေးတိုင်းဒေသကြီးဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမြင့်စိုး ကပြောပါတယ်။
ပြိုကျနေအိမ်တွေအတွက် တစ်အိမ် တစ်သိန်းကျပ် ၊ တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်တွေအတွက် ပျက်စီးမှုပေါ် မူတည်ပြီး ဘေးစီမံဌာနက အမြန်ဆုံးလိုက်လံ ထောက်ပံ့နေပါတယ်လို့ ဦးမြင့်စိုးက ပြောပါတယ်။
လေဘေးသင့်ပြည်သူများကို တစ်ဦးလျင် (၇)ရက်စာ ဆန်ဖိုး ၂၁၀၀ကျပ်စီ ထောက်ပံပေးလျက်ရှိပြီး သေဆုံးသူတစ်ဦးလျင်(၃ )သိန်းကျပ်နှုန်းဖြင့် မိသားစုဝင်များထံ၊ ဒဏ်ရာရသူတစ်ဦးလျင် ၅သောင်းကျပ်နှုန်းဖြင့် လူနာထံသို့ ထောက်ပံပေးသွားမည် ဖြစ်ကြောင်း မကွေးတိုင်း ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာန မှ သိရပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်

Leave a Reply

Your email address will not be published.