ရွှေမန်း
တစ်ပြည်လုံးအနှံ့မိုးရွာသွန်း နေမှုများကြောင့် ပဲ၊နှမ်း ဈေးကွက် ဈေးကျဆင်းမှုမရှိသော်လည်း အရောင်းအဝယ်အေးလျက်ရှိ ကြောင်း ပဲကုန်သည်များထံက သိရသည်။
ပြည်တွင်းငွေဈေးပြောင်းလဲ မှုကို စောင့်ကြည့်ဝယ်ယူမှုများ ကြောင့် မန္တလေးကုန်စည်ဒိုင်တွင် မွန်းလွဲပိုင်း နောက်ပိုင်းမှသာ အရောင်းအဝယ် ဈေးပြတ်နေသလို မြေပဲနှင့်နှမ်းမျိုးစုံကသာ အရောင်း အဝယ်သွက်နေခြင်း ဖြစ်သည်။
စက်တင်ဘာ ဒုတိယသီတင်း ပတ်တွင် တစ်ပြည်လုံးမိုးရွာသွန်း မှုများကြောင့် မန္တလေးဈေးကွက် အတွင်း ပဲအသစ်များ ဝင်ရောက်မှု နည်းကာ လက်ကျန်ပဲများလည်း နည်းလာသောကြောင့် ကုန်စည်ဒိုင် တွင် အရောင်းအဝယ်အေးနေ ကြောင်း၊ ပြည်တွင်းငွေဈေး မတည်ငြိမ်ခြင်းကြောင့် ပဲ၊ နှမ်း ဈေးကွက်မှာ စောင့်ကြည့် စောင့် ဝယ်ဖြင့် အနည်းငယ်သာ အရောင်း အဝယ်ဖြစ်နေကြာင်း၊ မန္တလေး တိုင်းဒေသကြီး ကုန်သည်များ နှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင် များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။
“ မိုးရွာသွန်းမှုများ ရက်ဆက် ရွာသွန်းနေတော့ ပဲ၊ နှမ်း ဈေး ကွက်အတွင်း ပစ္စည်းဝင်ရောက်မှု နည်းသလို ပြည်တွင်းငွေဈေး မတည်ငြိမ်တော့ စောင့်ကြည့် ရောင်းဝယ်နေလို့ ဈေးကွက်အတွင်း အရောင်းအဝယ် အေးနေပါတယ်။ ပြည်တွင်းသုံးကုလားပဲအုပ်စုနဲ့ ပဲမာလိုင်းများ ဈေးမငြိမ်ဖြစ်နေ ပါတယ်။ ဒီရက်ပိုင်း ကုန်စည်ဒိုင် မှာ အရောင်းအဝယ် ဈေးပြတ်တာ နောက်ကျမှသာ အရောင်းအဝယ် ဖြစ်နေတာမျိုးပါ။ မိုးရွာတာ ပြတ်သွားမှသာ ပဲ၊ နှမ်းဈေးကွက် အရောင်းအဝယ် ပြန်သွက်လာ နိုင်ပါတယ်။ ဈေးကွက်ထဲမှာ ပဲ လက်ကျန်တွေ အရမ်းနည်းသွား တော့ ပို့ကုန်ပဲတွေလည်း ဈေး သာရှိနေတာ အရောင်းအဝယ် နည်းပါတယ်။ မြေပဲဆန်နဲ့ နှမ်း မျိုးစုံကတော့ အရောင်းအဝယ် သွက်ပါတယ်´´ ဟု ၎င်းက ပြော သည်။
စက်တင်ဘာ ၁၂ ရက်တွင် ပို့ကုန်မတ်ပဲ တစ်အိတ်လျှင် ငွေ ကျပ် ၃၇၀၀၀၀(ဟောင်း)၊ မတ်ပဲ (ရေသွင်းသစ်)ငွေကျပ် ၃၄၀၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၄၅၅၀၀၀ ပေါက်ဈေးဖြစ်လာ သည်။ ပဲတီစိမ်းအညာ တစ်အိတ် လျှင် ငွေကျပ် ၂၅၀၀၀၀ ပေါက် ဈေး ဖြစ်လာသည်။
ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ပို့ကုန်တင်ပို့မှု အဝယ် အေးသွားသောကြောင့် ဈေးနှုန်း အနည်းငယ် ဆက်လက်ဈေးကျ ဆင်းသွားရာ ကုလားပဲ V2 တစ် အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊ ထိုင်ဝမ် ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၇၂၀၀၀၊ ၉၂၉ ကုလားပဲတစ် အိတ်လျှင် ငွေကျပ် ၂၈၀၀၀၀ ပေါက်ဈေး ဖြစ်လာသည်။
မိုးမြေပဲများမှာ မိုးရွာသွန်း မှုများကြောင့် အရည်အသွေး အနည်းငယ် ကျဆင်းသောကြောင့် ဈေးအနည်းငယ် ကျဆင်းလာရာ စက်တင်ဘာ ၁၂ရက်တွင် ပဲကြီး တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀၊ ပဲထောပတ် တစ်အိတ်လျှင် ငွေ ကျပ် ၄၃၀၀၀၀၊ ပဲပုပ်(ရှမ်း) တစ်အိတ်လျှင် ငွေကျပ် ၃၉၅၀၀၀၊ မြေထောက်ပဲ တစ်အိတ်လျှင် ငွေ ကျပ် ၃၆၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၄၀၀၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲအနီလုံး ဆန် တစ်ပိဿာလျှင် ငွေကျပ် ၉၀၀၀-၉၃၀၀ ပေါက်ဈေးရှိနေ ပြီး မြေပဲဆီ တစ်ပိဿာလျှင် ငွေ ကျပ် ၁၈၀၀၀ ပေါက်ဈေး ရှိနေ သည်။
နှမ်းဈေးကွက်တွင် အက်စစ် ပါဝင်မှု အရည်အသွေးအပေါ် မူတည်ရာ စက်တင်ဘာ ၁၂ရက် တွင် နှမ်းမျိုးစုံပေါက်ဈေး အနည်း ငယ် ကျဆင်းလာရာ နှမ်းနက် (စမုန်) တစ်အိတ်လျှင် ငွေကျပ် ၅၂၀၀၀၀၊ (အက်စစ်လွတ်) ၆၁၀၀၀၀၊ နှမ်းဖြူ(ဂျပန်)၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၄၂၀၀၀၀၊ နှမ်းဖြူရိုးရိုး တစ်အိတ် လျှင် ငွေကျပ် ၃၈၀၀၀၀၊ နှမ်းညို တစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀၊ ပန်းနှမ်း တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀ အသီးသီး ပေါက်ဈေးရှိ နေကြောင်း သိရသည်။
Leave a Reply