ပြည်တွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ နှင့် စွန့်ဦးတီထွင်လုပ်ငန်းများကို လက်တွဲမြှင့်တင်ရန်၊ ထောက်ပံ့ကူညီပေးရန်နှင့် စီးပွားရေးအခန်းကဏ္ဍကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုဖို့အတွက် ရည်ရွယ်သည့် “Grow Together BizPitch” အစီအစဥ်ကို ရိုးမဘဏ်၏ နှစ် (၃၀) ပြည့် ပုလဲရတု အထိမ်းအမှတ်အဖြစ် အောက်တိုဘာလ (၅) နေ့က စတင်မိတ်ဆက်ခဲ့သည်။
ထိုအစီအစဥ်တွင် စွန့်ဦးတီထွင်ကဏ္ဍနှင့် နယ်ပယ်အသီးသီးတွင် အောင်မြင်နေသော ပညာရှင်များမှ ပါဝင်ထားပြီး လိုအပ်သော ပညာရပ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများကို သင်တန်းများပို့ချပေးမည်ဖြစ်သည့်အတွက် တစ်ပိုင်တစ်နိုင် အိမ်တွင်းစီးပွားရေးလုပ်ငန်းငယ်များ ပါဝင်လျောက်ထားသင့်သော အစီအစဥ်တစ်ခုလည်းဖြစ်သည်။ ရိုးမဘဏ်၏ သက်မှတ်ချက်နှင့် ပြည့်မီသော MSME များနှင့် Start-up လုပ်ငန်းများအနေဖြင့် အခမဲ့ ပါဝင်လျှောက်ထားနိုင်ပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ (၅) ရက်နေ့မှ နိုဝင်ဘာလ (၁၈) ရက်အတွင်း လျှောက်ထားနိုင်ပါသည်။“Grow Together BizPitch” အစီအစဥ်၏ ပရိုဂရမ်ဒါရိုက်တာဖြစ်သူ ဦးစိုးဟိန်းက “ကျွန်တော့်အနေနဲ့လည်း အစီအစဉ်တစ်လျှောက်မှာ လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့အကြံဉာဏ်တွေကို ပေးသွားမှာဖြစ်ပါတယ်။ ပါဝင်တဲ့ လုပ်ငန်းတွေအနေနဲ့လည်း ဆုမရရှိခဲ့ရင်တောင် ရရှိခဲ့တဲ့ ဗဟုသုတတွေအပေါ် မူတည်ပြီး မိမိတို့လုပ်ငန်းအတွက် အကျိုးရှိရှိအသုံးချကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ပြောကြားခဲ့ပါသည်။
“Grow Together BizPitch” အစီအစဥ်၏ သတ်မှတ်ကာလပြည့်ပြီးနောက် လက်ခံရရှိသည့် လျှောက်လွှာများကို ပရိုဂရမ်ဒါရိုက်တာနှင့် စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက စိစစ်သုံးသပ်မည်ဖြစ်ပြီး အရည်အချင်းပြည့်မီသော လုပ်ငန်းစုစုပေါင်း (၂၀၀) ကို ရွေးချယ်သွားမည်ဖြစ်ပါသည်။ ယင်း လုပ်ငန်းစုစုပေါင်း (၂၀၀) ထဲမှ ပရိုဂရမ်ဒါရိုက်တာနှင့် စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက ဆန်ခါတင် လုပ်ငန်း (၃၀) ကို ထပ်မံရွေးချယ်သွားမည်ဖြစ်ပါသည်။ ယင်းဆန်ခါတင် လုပ်ငန်း (၃၀) ၏ တင်ပြချက်များနှင့် လုပ်ငန်းအဆိုပြုချက်များအပေါ် အခြေခံ၍ ပရိုဂရမ်ဒါရိုက်တာနှင့် စိစစ်ရွေးချယ်ရေးကော်မတီအဖွဲ့ဝင်များက နောက်ဆုံးဆုရရှိမည့် လုပ်ငန်း (၄) ခုကို ထပ်မံရွေးချယ်သွားမည်ဖြစ်ပါသည်။ နောက်ဆုံးရွေးချယ်ခံရသူ လုပ်ငန်း (၄) ခုကို ရိုးမဘဏ်က လုပ်ငန်းတစ်ခုစီအတွက် လုပ်ငန်းရင်းနှီးမြှပ်နှံရန် ဆုကြေးငွေ ကျပ် သိန်း (၅၀၀) စီ ပေးအပ်သွားမည်ဖြစ်ပါသည်။ ရိုးမဘဏ်က လုပ်ငန်းအမျိုးအစားပေါ်မှုတည်၍ ဆုကြေးငွေသုံးစွဲမှုကို သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း ပေးအပ်သွားမည်ဖြစ်သည်။
ယခု အစီအစဉ်တွင် လုပ်ငန်းများ ပိုမိုပါဝင်နိုင်ရန်၊ လုပ်ငန်းများအချင်းချင်း ချိတ်ဆက်နိုင်ရန်၊ စီးပွားရေး အခွင့်အလမ်းများ ပိုမိုအားကောင်းစေရန်၊ “Grow Together BizPitch” အစီအစဥ်အကြောင်း ပိုမိုသိရှိစေရန်၊ စီးပွားရေးအကြံဉာဏ်နှင့် အသိပညာပေးလုပ်ငန်းများ မျှဝေပေးရန်အတွက် ရိုးမဘဏ်နှင့် စီးပွားရေးအကြံပေးပညာရှင်များက ဤအစီအစဉ်တွင် ပါဝင်လျှောက်ထားနိုင်သော ကာလအတွင်း ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် ပုသိမ်မြို့ကြီးများတွင် ဟောပြောပွဲများကျင်းပခဲ့သည့်အပြင် စိတ်ဝင်စားသူများပါ တက်ရောက်နိုင်ရန်အတွက် Online ဟောပြောပွဲများနှင့် ရေဒီယိုစကားဝိုင်းများကိုလည်း ထည့်သွင်း ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။
အဆိုပါ အစီအစဉ်တွင် ပါဝင်လျှောက်ထားမှုအတွက် အသေးစိတ်အချက်အလက်များကို ရိုးမဘဏ်၏ ဝက်ဘ်ဆိုက် https://www.yomabank.com/grow-together-bizpitch တွင် ဖော်ပြပေးထားသည့်အပြင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် ပုသိမ်မြို့တွင် ကျင်းပခဲ့သည့်ဟောပြောပွဲများကိုလည်း ရိုးမဘဏ်၏ တရားဝင် Facebook Page https://www.facebook.com/yomabank တွင်လေ့လာနိုင်ရန် ဖော်ပြပေးထားကြောင်း သိရသည်။
FlashNews:
ပြောင်းစျေးနှုန်းကောင်းမွန်နေပြီး မတ်ပဲ၊ပဲစင်းငုံ စျေးနှုန်းသိသိသာသာပြောင်း လဲမှုမရှိ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
ပြည်ပပို့ကုန်ပဲအမျိုးအစားများဖြစ်သည့် ပဲစင်းငုံနှင့် မတ်ပဲ စျေးနှုန်းတည်ငြိမ်နေ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
သူနဲ့ မေတ္တာ သံစဉ်၊ သူ့ရဲ့နှငါးဖြူလေး
၁၁ လတာအတွင်း ဆန်တင်ပို့မှုမှဒေါ်လာ ၁၀၈၇ သန်း ရရှိကြောင်း MRF ထုတ်ပြန်
ပို့ကုန်ပဲများ ဈေးပြန်မြင့်တက်လာသလို အသစ်ဝင် ကုလားပဲများ အဝယ်သွက်နေ
နွေသီးနှံအဖြစ် ကန်စွန်းဥများကို အများဆုံးပြန်လည်စိုက်ပျိုး
စိုက်ခင်းများတွင် ဖျက်ပိုးအန္တရာယ်ကာကွယ်ရန်အတွက် မီးထောင်ချောက်များ အသုံးပြုသင့်
စိုက်ခင်းများတွင် ဖျက်ပိုးအန္တရာယ်ကာကွယ်ရန်အတွက် မီးထောင်ချောက်များ အသုံးပြုသင့်
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း နှစ်ပတ်ဆက်တိုက်စျေးတည်ငြိမ်နေ
သူနဲ့ ကလေးပန်းချီ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၈၀ ကျပ် ထပ်မံစျေးကျဆင်း
ပြည်တွင်းသကြားထုတ်လုပ်မှု ပုံမှန်ရှိသော်လည်း ပြည်တွင်းသကြားစားသုံးမှု လျော့ကျနေ
မြန်မာမှုလူငယ်တေးသံရှင်ဝိုင်းရတီ
ဒေါ်လာဈေးတက်လာတာနှင့်အတူ ပို့ကုန်ပဲများ အတက်ဈေးဖြစ်လာ
ပန်းချီအးငြိမ်း
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၉၀ ကျပ် ထပ်မံစျေးကျဆင်း
ကုလားပဲသစ်များ ဝင်ရောက်လာသော်လည်း ဈေးကောင်း မရရှိသေး
သတင်းများ
တစ်ပိုင်တစ်နိုင် အိမ်တွင်းစီးပွားရေးလုပ်ငန်းများကို မြေတောင်မြှောက်ပေးမည့် Grow Together BizPitch အစီအစဥ်ကို နိုဝင်ဘာလ ၁၈ရက်နေ့အထိ လျှောက်ထားနိုင်

Leave a Reply