တစ်ပတ်အတွင်း ဆန်ကြမ်းတစ်အိတ်လျှင် ငွေကျပ် ၂၀၀၀ ခန့်ကျဆင်းလာ

ရွှေမန်း

ပြည်တွင်း စားသုံးမှုဆန်ဈေး ကွက်တွင် အများအားဖြင့် ဆန် ချောထက် ဈေးသက်သာသော ဆန်ကြမ်းကို ပိုမိုစားသုံးလာကြ သော်လည်း ယင်းဆန်ကြမ်းဈေး မှာ တစ်ပတ်အတွင်း တစ်ပိုင်းလျှင် ငွေကျပ် ၂၀၀၀ ခန့်ကျဆင်းလာ သည်။

လာမည့် အောက်တိုဘာတွင် မိုးစပါးများ ထွက်ပေါ်လာတော့ မည်ဖြစ်၍ လာမည့်အချိန်များ၌ ဆန်ဈေးကွက် အကျပိုင်းရောက်ရှိ နိုင်သည်ဟုဆိုသည်။

“၁၀လပိုင်းလောက်မှာ မိုး စပါးတွေ ပေါ်တော့မယ်ဆိုတော့ ဆန်ဈေးက အကျဘက်ဖြစ်လာ နိုင်တယ်။ ပြီးခဲ့တဲ့ သင်္ကြန်ပြီးချိန် နောက်ပိုင်း ဆန်ဈေးတွေ ထိုးတက် သွားတော့ လှောင်ကြသူတွေရှိခဲ့ ပေမယ့် ဒါကမူမမှန်တဲ့ ဈေးကွက် လို့ သုံးသပ်တယ်။ဆန်ကြမ်းဈေး ကိုပဲ ဝယ်ကြတာများပေမယ့် ဒီ တစ်ပတ်အတွင်းမှာ ဆန်ကြမ်းဈေး က ကျလာပြီ´´ဟု မန္တလေးမြို့မှ ဆန်ပွဲရုံတစ်ခုက ပြောသည်။

မန္တလေးဆန်ဈေးကွက်တွင် စစ်ကိုင်းတိုင်းဘက်မှ ထွက်ရှိသော ရွှေဝါထွန်းဆန်၊ ၇၄၇ ဆန်နှင့် ၇၂ ဆန်တို့မှာ စပေါ်လာပြီဖြစ်ပြီး ဆန်ကြမ်းဈေးကွက်တွင် တစ်ပိုင်း လျှင် ငွေကျပ် ၂၀၀၀ ဝန်းကျင် ကျဆင်းလာကြောင်း၊ကမ္ဘာ့ဆန် ဈေးကွက်တွင်လည်း မြန်မာ့ဆန် က ဈေးကွက်အမြင့်ဆုံးဖြစ်နေ၍ နိုင်ငံခြားတင်ပို့မှုမဖြစ်နိုင်သည့် အခြေအနေတွင် ရှိသည်။

“ဆန်ဈေးတက်ဖို့က လက်ရှိ အနေအထားမှာ မဖြစ်နိုင်သေးဘူး။ စစ်ကိုင်းဘက်က ဆန်တွေ ထွက် အားကောင်းတယ်ဆိုတော့ ဇွန်လ ကုန်ပိုင်းဆိုရင် ဈေးပြုတ်ကျနိုင် တယ်။ဆန်ဈေးတက်တယ်ဆိုရင် အရောင်းပါးပြီး ဈေးကျမှ ရောင်း အားကောင်းတာပါ။ဈေးတက်ရင် ဆန်ကုန်သည်တွေက သိပ်မလှောင် ကြတော့ဘူး´´ ဟု ဆက်လက် ပြောကြားသည်။

စပါးဈေးကွက်တွင် မိုးကြို စပါးများထွက်ရှိခြင်း၊နွေစပါးများ လက်ကျန်များနေခြင်းတို့ကြောင့် စပါးရောင်းချသူ၏ ခေါ်ဈေးသာ ရှိပြီး ဝယ်လက်မှ ဈေးဖွင့်ဝယ်ယူ ခြင်းမရှိဖြစ်နေ၍ ဆန်နှင့် စပါးမှာ အကျဘက်သို့ ဦးတည်နေပြီး ယခုချိန်တွင် စပါးသိုလှောင်ခြင်း၊ ဆန်လှောင်ခြင်းများ မပြုသင့် ကြောင်း ဆန်စပါးကုန်သည်အချို့ က သုံးသပ်သည်။

Leave a Reply

Your email address will not be published.