တစ်ကယ်လိုအပ်တဲ့သူတွေ ကျန်နေခဲ့ရင် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို အလှူရှင်တွေလှူဒါန်းထားတဲ့အထဲက ပြန်လည်မျှဝေပေးသွားမယ်လို့ လူမှုရေးဝန်ပြီးပြော

ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားများကို ထောက်ပံ့ပေးတဲ့စာရင်းထဲမှာ တစ်ကယ်လိုအပ်တဲ့သူတွေ ကျန်နေခဲ့ရင် မကွေးတိုင်း အစိုးရအဖွဲ့ကို အလှူရှင်တွေလှူဒါန်းထားတဲ့ အထဲက ပြန်လည်မျှဝေပေးသွားမှာဖြစ်တယ်လို့ မကွေးတိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာခင်မောင်အေး​က ပြောပါတယ်။
Covid-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဥ်း၍ အရေးကြီးကာလဖြစ်သည့်
မဟာသင်္ကြန် ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် အိမ်ထောင်စု တခုကို ဆန် (၈) ပြည်၊ ဆီ (၅၀) ကျပ်သား၊ ဆား (၅၀) ကျပ်သား၊ ပဲ (၁) ပိဿာ၊ ကြက်သွန် (၁) ပိဿာ ဧပြီလ ၁၀ ရက်နေ့က ပေးဝေခဲ့ရာ မကွေးတိုင်းအတွင်း တကယ်လိုအပ်တဲ့အခြေခံလူတန်းစားအားလုံးမရရှိခဲ့ကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ စာရင်းကောက်ယူရန်အတွက် အချိန်ရရှိမှု နည်းပါးခဲ့​လို့ဖြစ်တာလို့ ​သိရပါတယ်။
အချိန်ကလဲ အချိန်တိုတိုအတွင်း စာရင်းကောက်ရတာမလို့ ကျန်တဲ့အိမ်ထောင်စုတွေလဲ ရှိနိင်ပါတယ်၊ အခန့်မသင့်လို့ မပါခဲ့ဘူးဆိုရင်လဲ ကျွန်တော်တို့တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်တွေကို စေတနာရှင်တွေ လှူထားတာရှိပါတယ်၊ သက်ဆိိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရပ်မိရပ်ဖတွေက ဒါတွေက တကယ်ဆိုပါသင့်ရက်နဲ့မပါဘူးဆိုရင် ထပ်ဆင့်တင်ပြတောင်းဆိုနိင်ပါတယ်၊ တောင်းဆိုလာတဲ့အခါ အလှူရှင်များလှူတန်းထားတဲ့အထဲက ပြန်လည်မျှဝေပေးသွားပါမယ်လို့ လူမှုရေးဝန်ကြီးဒေါက်တာခင်မောင်အေးက ပြောပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်း ဝေငှရမည့် အိမ်ထောင်စု ၊ စုစုပေါင်း
နှစ်သိန်း ကိုးသောင်း ခြောက်ထောင် သုံးရာ ငါးဆယ့်လေးဦးရှိကြောင်း၊ အိမ်ထောင်စုတစ်စုလျှင် ၁၄၈၂၀ကျပ်တန်ဖိုးရှိစားသောက်ကုန်များကို ဝေငှပေးခဲ့ကြောင်း သိရပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်

"တစ်ကယ်လိုအပ်တဲ့သူတွေ ကျန်နေခဲ့ရင် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို အလှူရှင်တွေလှူဒါန်းထားတဲ့အထဲက ပြန်လည်မျှဝေပေးသွားမယ်လို့ လူမှုရေးဝန်ပြီးပြော"============================================မကွေး ဧပြီ ၁၂ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားများကို ထောက်ပံ့ပေးတဲ့စာရင်းထဲမှာ တစ်ကယ်လိုအပ်တဲ့သူတွေ ကျန်နေခဲ့ရင် မကွေးတိုင်း အစိုးရအဖွဲ့ကို အလှူရှင်တွေလှူဒါန်းထားတဲ့ အထဲက ပြန်လည်မျှဝေပေးသွားမှာဖြစ်တယ်လို့ မကွေးတိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာခင်မောင်အေး​က ပြောပါတယ်။ Covid-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဥ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန် ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် အိမ်ထောင်စု တခုကို ဆန် (၈) ပြည်၊ ဆီ (၅၀) ကျပ်သား၊ ဆား (၅၀) ကျပ်သား၊ ပဲ (၁) ပိဿာ၊ ကြက်သွန် (၁) ပိဿာ ဧပြီလ ၁၀ ရက်နေ့က ပေးဝေခဲ့ရာ မကွေးတိုင်းအတွင်း တကယ်လိုအပ်တဲ့အခြေခံလူတန်းစားအားလုံးမရရှိခဲ့ကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ စာရင်းကောက်ယူရန်အတွက် အချိန်ရရှိမှု နည်းပါးခဲ့​လို့ဖြစ်တာလို့ ​သိရပါတယ်။ အချိန်ကလဲ အချိန်တိုတိုအတွင်း စာရင်းကောက်ရတာမလို့ ကျန်တဲ့အိမ်ထောင်စုတွေလဲ ရှိနိင်ပါတယ်၊ အခန့်မသင့်လို့ မပါခဲ့ဘူးဆိုရင်လဲ ကျွန်တော်တို့တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်တွေကို စေတနာရှင်တွေ လှူထားတာရှိပါတယ်၊ သက်ဆိိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရပ်မိရပ်ဖတွေက ဒါတွေက တကယ်ဆိုပါသင့်ရက်နဲ့မပါဘူးဆိုရင် ထပ်ဆင့်တင်ပြတောင်းဆိုနိင်ပါတယ်၊ တောင်းဆိုလာတဲ့အခါ အလှူရှင်များလှူတန်းထားတဲ့အထဲက ပြန်လည်မျှဝေပေးသွားပါမယ်လို့ လူမှုရေးဝန်ကြီးဒေါက်တာခင်မောင်အေးက ပြောပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်း ဝေငှရမည့် အိမ်ထောင်စု ၊ စုစုပေါင်းနှစ်သိန်း ကိုးသောင်း ခြောက်ထောင် သုံးရာ ငါးဆယ့်လေးဦးရှိကြောင်း၊ အိမ်ထောင်စုတစ်စုလျှင် ၁၄၈၂၀ကျပ်တန်ဖိုးရှိစားသောက်ကုန်များကို ဝေငှပေးခဲ့ကြောင်း သိရပါတယ်။ရွာသား(မကွေး)မကွေးဂျာနယ်

Posted by မေကြးဂ်ာနယ္ on Sunday, April 12, 2020

Leave a Reply

Your email address will not be published.