ဈေးကွက်ကျဆင်းနေသည့် ပို့ကုန်ပဲများနှင့် နှမ်း၊ မြေပဲဈေး ပြန်မြင့်တက်လာ  

ရွှေမန်း

ဈေးကွက်ကျဆင်းနေသည့် ပို့ကုန်ပဲများနှင့် နှမ်း၊ မြေပဲ ဈေးပြန်မြင့်တက်လာကြောင်း  ပဲကုန်သည်များထံက သိရသည်။

 ခိုင်မာမှုမရှိသည့် ပို့ကုန် မူဝါဒ အပြောင်းအလဲသတင်းများ ကြောင့် ဈေးကျဆင်းနေသည့်  မတ်ပဲ၊ ပဲစင်းငုံမှာ ဈေးပြန်မြင့် တက်လာသော်လည်း အသစ်ဝင် ပဲမာလိုင်းများသာ ဈေးကျဆင်း နေပြီး နှမ်းမျိုးစုံနှင့် မြေပဲဆန်မှာ တရုတ်လိုင်းအဝယ်ကောင်းလာ တာကြောင့် ဈေးမြင့်တက်လာ သည်။

ပဲဈေးကွက်အတွင်း အသစ် ဝင် ပဲများ စုံလင်စွာ ဝင်ရောက် လာတာကြောင့် ယခင် ပဲမာလိုင်း အဟောင်းဈေးများထက် ဈေး ကျဆင်းနေကြောင်း၊အဝင်များလို့ ဈေးကျဆင်းသော်လည်း ကုလား ပဲအုပ်စုအနည်းငယ် ဈေးပြန် တက်လာကြောင်း၊ ခိုင်မာမှုမရှိ သည့် သတင်းများကြောင့်  ဈေး ကျဆင်းသွားသည့် ပို့ကုန်ပဲတွေ ဒီနေ့ကစပြီး ဈေးပြန်တက်လာ ကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။

“ အသစ်ဝင်ပဲတွေ ဈေးကွက် ကို စုံစုံလင်လင်ဝင်လာပါပြီ။  အသစ်ဝင်ကုလားပဲတွေ ဈေးကျ ဆင်းနေတာကနေ လှောင်လက် သမားများ အဝယ်ရှိလာလို့ ဈေး ပြန်မြင့်တက်လာပါတယ်။ကုလား ပဲအုပ်စုတစ်ခုလုံး အကျရပ်ပြီး ဈေးပြန်တက်လာပေမယ့် အရင် အမြင့်ဈေးထိတော့ မရောက်သေး ပါဘူး။ ပဲမာလိုင်းတွေကတော့ အဟောင်းဈေးအမြင့်ကနေ အသစ် ဝင်ရောက်လာတော့ ဈေးကျဆင်း သွားပြီး ပေါက်ဈေးအတိုင်း အရောင်းအဝယ်သွက်နေပါတယ်။  လက်ရှိမှာ ပို့ကုန်မူဝါဒ အပြောင်း အလဲ ခိုင်မာမှုမရှိတဲ့သတင်းတွေ ကြောင့်ပဲ ဈေးကွက်အပေါ် ရိုက် ခတ်မှုရှိခဲ့ပေမယ့် လက်ရှိမှာ  ပို့ကုန်ပဲတွေ ဈေးပြန်မြင့်တက်လာ ပါတယ်´´ ဟု ၎င်းက ပြောသည်။

မတ်၇ ရက်တွင်  ပို့ကုန်ပဲ များ ဈေးပြန်မြင့်တက်လာရာ  မတ်ပဲတစ်အိတ်လျှင်  ငွေကျပ် ၂၈၅၀၀၀၊  ပဲစင်းငုံတစ်အိတ်လျှင်  ငွေကျပ် ၃၈၀၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ ပဲတီစိမ်းအညာ တစ်အိတ်လျှင် ငွေကျပ် ၁၈၅၀၀၀ ပေါက်ဈေးဖြင့် ဈေးမြင့်တက်လာ သည်။      

 ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ အနည်းငယ်ဈေးကျဆင်း နေပြီး မတ် ၇ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၅၁၀၀၀၊ ကုလားပဲ V7တစ်အိတ် လျှင် ငွေကျပ် ၂၅၃၀၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၀၀၀၀၊ ၉၂၉ ကုလားပဲတစ်အိတ် လျှင် ငွေကျပ်၂၄၁၀၀၀ ပေါက်ဈေး ဖြစ်လာသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ အသစ်ဝင်ရောက်မှုများလာတာ ကြောင့်လည်းဈေးကျဆင်းနေရာ  ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၃၉၅၀၀၀၊ မြေ ထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၅၃၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ်၂၉၅၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ် လျှင် ငွေကျပ် ၂၄၂၀၀၀ ပေါက် ဈေးရှိပြီး တရုတ်လိုင်း အဝယ် ရှိလာတာကြောင့်  မြေပဲအနီလုံး ဆန် (မြင်းမူ) တစ်ပိဿာလျှင် ငွေကျပ် ၈၀၀၀-၈၄၀၀ ဈေးမြင့် တက်လာသည်။

မတ် ၇ ရက်တွင်  နှမ်းမျိုးစုံ အနည်းငယ် ဈေးမြင့်တက်လာရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ် အိတ်လျှင် ငွေကျပ် ၄၁၅၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀၊ နှမ်းဝါတစ်အိတ်လျှင် ငွေကျပ် ၃၂၅၀၀၀၊ နှမ်းနက်စမုန် တစ်အိတ်လျှင် ငွေကျပ် ၄၂၀၀၀၀ အသီးသီးပေါက်ဈေးရှိလာကြောင်း သိရသည်။

Leave a Reply

Your email address will not be published.